စိတ်ဝေဒနာရှင်များ ဘောလုံးအသင်းကို ဖွဲ့စည်းပေးပြီး ပြိုင်ပွဲတစ်ပွဲယှဉ်ပြိုင် ကစားရန်အုပ်ချုပ်သူများက ဦး ဆောင်ကာ လေယာဉ်ပျံဖြင့် ယင်းတို့ကိုခေါ်ဆောင်လာသည်။ ခရီးစဉ်တစ်လျှောက်လုံး စိတ်ဝေဒနာရှင်များ အငြိမ်မနေဘဲ ယာဉ်ပေါ်တွင် ဘောလုံးကန်နေကြသည်။
ဝုန်းဒိုင်းကြဲဘောလုံးကန်နေသည်မှာ ဆူညံလွန်းသဖြင့် အခြေအနေကို ထိန်းသိမ်းပေးပါရန် စိတ်ဝေဒနာအသင်းအုပ်ချုပ်သူအား လေယာဉ်မယ်က တောင်းပန်ကာ အကူအညီတောင်းသည်။ ခဏချင်းပင် ဆူညံနေသောအသံများ တိတ်သွားသည်။
"အခုတော့လည်း အေးချမ်းပြီး စိတ်ချမ်းသာလိုက်တာ"
"စိတ်ဝေဒနာရှင်တွေပေမယ့်လည်း ဆရာကြီးပြောစကားနားထောင်သားပဲနော်။ သူတို့တွေ တိတ်ဆိတ်နေလိုက်တာ။ သူတို့ကို ဆရာကြီးဘယ်လိုများ ဆုံးမလိုက်လို့ပါလဲရှင်"
ထိုအခါ အုပ်ချုပ်သူက အင်္ကျီကော်လံကို ဆွဲတင်လိုက်ရင်း...
"သိပ်တော့ထွေထွေထူးထူး မပြောလိုက်ရပါဘူး... မင်းတို့ကွာ အထဲမှာ ဘောလုံးကန်နေတာ နေရာကကျဉ်းပါဘိနဲ့ ကျယ်ကျယ်ဝန်းဝန်းကန်ရအောင် လေယာဉ်အပြင်ထွက်ကန်ကြပါလားလို့ပဲ ပြောလိုက်တာပါ...။"
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ...
(ရွှင်ပြုံးတခဏ-ဘောလုံးဟာသ)

No comments:
Post a Comment