ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, June 18, 2009

ရိုးရိုးကျင့် မြင့်မြင့်ကြံ

> ကျနော်တို့ ငယ်ငယ်တုန်းကမူလတန်း မြန်မာဖတ်စာအုပ်မှာ ဖတ်ခဲ့သင်ခဲ့ဖူးတဲ့ အကျင့်စာရိတ္တ ကောင်းမွန် အောင် ကျင့်ကြံနေထိုင်ဖို့ လမ်းပြညွှန်ကြားတဲ့ စာတစ်ပုဒ်ကို ယခုအသက်အရွယ် ထိတိုင်မှတ်မိ နေသေး
တယ်။နောက်ပိုင်းတွေမှာ အောင်မြင်ကြီးးပွားခြင်းဆိုင်ရာအပါအ၀င် စိတ်ပိုင်းဆိုင်ရာ ခွန်အားတွေဖြစ်စေ
တဲ့ တက်ကျမ်းတွေ၊ဆုံးမစာတွေမှာဆို ရင်ရိုးရိုးကျင့် မြင့်မြင့်ကြံ၊ မှန်မှန် လုပ၊်ကုပ်ကုပ် နေဆိုပြီး တောင်ဖြည့်စွက်ရေးသားထား တာတွေကိုဖတ်ရှု့ လော့လာခဲ့ရပြန်ပါတယ်။ပြည်တွင်းပြည်ပ ကဗုဒ္ဓဘာသာဝင်

တိုင်း မကြာသေးမီနှစ်များက မှ ထင်ပေါ်ကျော်ကြားလာတဲ့“ဦးသုမင်္ဂလ”တရားတော်တွေကိုအနည်းနဲ့
အများ နားထောင်မိကြမယ်လို့ ယုံကြည်ပါတယ်။ အရှင်ဦးသုမင်္ဂလ ကိုယ်တော် ကတော့ ဗုဒ္ဓဘာသာဝင်ဆိုသူတွေကိုရော၊ ဘုရားသားတော် ဘုန်းတော်ကြီးတွေ ကိုပါ၊ မညှာမတာ အမှန်အတိုင်း ဒိုးဒိုး ဒေါက်
ဒေါက် ထောက်ပြဟော ပြောပါတယ်။ ဗုဒ္ဓဘာသာ ဆိုဘာလဲလို့ မေးရင်မဖြေနိုင်တဲ့ ၊တရားနာ ပရိတ်
သတ် တွေကိုအားမလိုအားမရ ဖြစ်သလို ဒါယိကာတွေ လှူဒါန်းတဲ့ပစ္စည်းလေးပါး အပေါ်မှာ မှီတည် နေရတဲ့၊သာသနာတော်စောင့်ရဟန်းတော်တွေတာဝန် မကျေတာကိုပွင့်လင်းစွာမိန့် ပါတယ်။ မိရိုးဖလာ ဘိုးစဉ်ဘောင်ဆက်ကိုးကွယ်လာကြပေမယ့်၊ဘာသာတရား နဲ့  မြတ်ဗုဒ္ဓရဲ့ ဆိုဆုံးမမှုတွေ ကလွဲချော် တိမ်းစောင်းနေတာတွေကိုအရှင်ဦးသုမင်္ဂလစိတ်မကောင်းခြင်းများစွာနဲ့ ထောက်ပြမိန့် တော်မူပါတယ်။
“တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမည်'' တစ်နေ့ တစ်လံ ပုဂံဘယ်ပြေးမလဲ၊ ရုန်းကန်ခြင်းနိုး ထခြင်းဖြင့် အခက်အခဲပေါင်းစုံကို ကမ္ဘာ့သမိုင်း မြန်မာ့သမိုင်းမှာ ကျော်ဖြတ်ခဲ့ကြပါတယ်။ အားကျစရာ အတုယူစရာ စံနမူနာထားစရာများစွာရှိပါတယ်။ မြန်မာနိုင်ငံမှာ မြန်မာ့သမိုင်းမှာ ကြီးနိုင်ငယ်ညှင်း ဖြစ်
်စဉ် တွေသာ အစဉ်အလာမင်းမူခဲ့ပါတယ်။ ဘယ်သမိုင်းကိုကြည့်ကြည့် မတရားမှုကလွှမ်းမိုး ထားပါတယ်။ သမိုင်းအမှန်တွေပျောက်နေပါတယ်။ဘယ်တော့မှလည်းရှာဖွေတွေ့ ရှိစရာအကြောင်း မရှိတော့ဘူး။ခင်ရာ
မင်ရာ စွတ်ပြီးတင်ထား တဲ့မှတ်တမ်းတွေ/မျက်နှာလိုက်အကြိုက်ဆောင်ပြီး ရေးထားတာ တွေကိုသမိုင်း လုပ်လိုက်ကြတာတွေ သမ္မာသမတ်ကျမှုနည်းပါတယ်။ အုပ်ချုပ်သူခွင့် မပြုတာ တွေကိုဘုရင်ခေတ်ကနေပြီး ယခု စစ်အာဏာရှင်ခေတ်အထိ သမိုင်းအမှန်ကို ရေးသား မှတ်တမ်းတင်ခြင်း၊ ပုံနှိပ်ထုတ်ဝေခြင်း မပြုရ တာတွေကို ဘယ်သူမှ ငြင်းအံ့မထင်ပါ။သမိုင်းလိမ်၊အမှောင်သံသရာထဲမှာ မြန်မာလူမျိုးတွေ မွေ့ လျော်ခဲ့ကြ ရပါတယ်။ ယခင်သာမဟုတ် ယခုလည်းမွေ့  လျော်ပျော် ပိုက်ဆဲဖြစ်ပါတယ်။ ဘယ်မှာလဲ အမှန်တရား၊ အမှန်တရားဆိုတာ ဘာအရောင်လဲ၊ဘယ်လောက် လေးသလဲ၊ ဘယ်လောက်ရှည်သလဲ၊ မိုးဒဏ် လေဒဏ်ခံနိုင်တဲ့ ပစ္စည်းမျိုးဟုတ်သလား ၊ဘယ်နိုင်ငံကထုတ်လုပ်ပြီး ဘယ်မှာရှာလို့ ရနိုင်မလဲ။လောကအမှောင်
တရား ၊ပိန်းပိတ်အောင်မှောင်တဲ့အမှောင်တရား၊ပုဂ္ဂိုလ်ခင်မှတရားမင်၊ကိုယ်လူ လုပ်တဲ့အမှားကို လူတွေသိမှာစိုးလို့ ဖုံးဖိထား သူတွေပါးစပ်က ငါ အမှန်တရားကိုမြတ်နိုး တန်ဘိုးထားသူဆိုသူတွေက ဒုနဲ့ ဒေး။
ကိုယ်လုပ်တာ မှားမှန်းသိနေကြတယ်။ သူများတွေမှားနေတာလည်းသိနေတယ်။ ကိုယ်လည်းမပြင်ဘူး။ သူတပါးလည်းပြင်စရာမမြင်ဘူး။ချမ်းသာတဲ့လူပါးစပ်က ဆင်းရဲသားတွေကို စည်းကမ်းမရှိလို့ ၊ပျင်းလို့ ၊ဖျင်းလို့ မွဲကြတာ လို့ ပြောချင်တယ်။ချမ်းသာတဲ့လူတွေဟာ မရှိဆင်းရဲသားတွေရဲ့ မသိနားမလည်း မှု အပေါ်မှာနည်းအမျိုးမျိုးနဲ့ ခေါင်းပုံဖြတ်နေတယ်၊ တစ်ရာတန်တာကိုတစ်ကျပ်ပေးပြီး ဆင်းရဲသားတွေ ဆီကယူငင်တယ်။ အသိပညာနည်းပါးမှုတွေကိုအခွင့်ကောင်းယူတယ်။နည်းမျိုးစုံနဲ့ အနိုင်ကျင့်ပြီးဂုတ်
သွေး စုတ်ယူတာပဲမဟုတ်လား။
• - - - - - - - - - - -- - - -
ကျနော်တို့ တိုင်းပြည်မှာ အုပ်ချုပ်လာခဲ့ကြတဲ့ ဘုရင်အဆက်ဆက်၊ပြီးတော့ ခေတ်အဆက်ဆက်တိုင်းမှာ ကိုယ်ကျိုးမရှာခဲ့တဲ့ အုပ်ချုပ်သူ တစ်ယောက်လောက်များ ရှိခဲ့ရင်၊ခေါင်းဆောင် တစ်ယောက်လောက်များ
ပေါ်ထွန်းခဲ့ရင်မြန်မာ့သမိုင်းဟာ ဒီလိုဖြစ်စရာအကြောင်းမရှိဘူး။ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့တဲ့မျိုး ချစ်ခေါင်း ဆောင်တွေပေါ်ခဲ့ပေမယ့်ကိုယ်ကျိုးရှာဘက်တော် သားကြီးစိုးမှုကအနိုင် ယူခဲ့ကြတယ်။တရားသဖြင့်ဆိုတာ
ဲ့မျိုးစေ့ရှင်သန်ကြီးထွားခွင့်မရှိခဲ့ဘူး။ရေများရေနိုင်၊မီးများမီးနိုင်ပဲလေ။ကျနော်တို့ တိုင်း ပြည်ကို ထင်တိုင်း
ရှယ်လှယ်နေတဲစစ်အာဏာရှင်စံနစ်ကြီးအမြစ်တွယ်နေတာလဲ၊စံနစ်တကျအချိန်ယူပြီးအကွက်စေ့စေ့တည်
ဆောက်လာလို့ ယခုတိုင်မင်းမူနေတာပါ။ တစ်နေ့ တည်းနဲ့ တည်ဆောက်လာတာမဟုတ်ဘူး။ စီမံကိန်းချပြီး တဖြည်းဖြည်းချင်းတည်ဆောက်လာတာသာဖြစ်တယ်။ကွယ်လွန်သူ ဦးနေ၀င်းကစပြီး ခုဦးသန်းရွှေ အထိ သေသေချာချာစနစ်တကျ အကောင်အထည် ဖေါ်လာခဲ့တာပါ။အကျဉ်းချုံ့ ပြောရရင် စစ်ဗိုလ်မိသားစုတွေ သာပညာသင်နိုင်တဲ့အခွင့်အလမ်းမျိုးကို သာမန်အရပ်သားထဲမှ ဥာဏ်ရည်ဥာဏ်သွေးကောင်း သူဟူ သမျှ လည်းအဲဒီဆုံရပ်(စစ် - - - - တက္ကသိုလ်)မှာဆုံကြရစေတယ်။အရင်းမလိုပဲ နာမည်ထည့်ရုံနဲ့  အမြတ်ရနိုင်တဲ့ ကုမ္ပဏီတည်ထောင်ခွင့်တွေကိုပြုတယ်။နိုင်ငံခြားသွင်းကုန်/ထုတ်ကုန် အားလုံးကို ဗိုလ်ချုပ်ကြီးများမိသား
စုနဲ့ သူတို့ ရဲ့ ဆွေတော် မျိုးတော်တွေကသာ လုပ်ကိုင်ခွင့်ရှိတော့တယ်။ ပိုင်ဆိုင်မှုတွေဆိုရင် ဘယ်လောက် မှန်းကို မသိလောက်အောင်ချမ်းသာကုန်ကြတယ်။အဖြေထုတ်လိုက်တော့ အုပ်ချုပ်နေတဲ့ ဗိုလ်ချုပ်ကြီး ငယ်တွေမိသားစုကအချမ်းသာကြီးချမ်းသာတဲ့အပြင်၊နိုင်ငံတကာပညာရပ်တွေကိုလည်းသူတို့ သားသမီး မြေးတွေသာသင်ကြားတတ်မြောက်နိုင်တော့တယ်။ မြန်မာပြည်နဲ့ မြန်မာ့အနာဂတ် သူတို့ လက်ကလွတ်
နိုင်ရိုးလား။အခြေခံကောင်းတွေအားလုံးတည်ဆောက်ပစ်လိုက်ကြတယ်။ မြန်မာနိုင်ငံကတရားဥပဒေ စိုးမိုးရေးဆိုတာတွေကဗိုလ်ချုပ်သားသမီးတွေမဆိုထားနဲ့ ရယကနဲ့ စွမ်းအားရှင်၊ကြံ့ ဖွံ့ ဆိုရင်တောင် အရေး ယူမယ့်ဥပဒေကမရှိတော့ဘူးလေ။လူထုထဲအထိ မတရားဖိနှိပ်တဲ့ ယန္တားကို သေသေချာချာ တည်ဆောက် လိုက်တာပါ။မဟာအတိုက်အခံ၊အနှစ်၅၀/အနှစ်၂၀ အတိုက်အခံတွေ ကော ဘယ်လိုတည်ဆောက်ထား ကြပါသလဲအားလုံးမပြောချင်ရင်သာရှိမယ်။အားလုံးသိရှိကြမှာပါ။ပရိုပိုဇေနိုင်ငံရေး၊ဓါတ်ပုံပြ၊ကန်ပိန်နိုင်ငံ
ရေး၊ကူပါ၊ကယ်ပါနိုင်ငံရေ။သူတို့ အတွက်သနားပါ စွန့် ကြဲကြပါ။ တိုင်းပြည်အခက်အခဲ ကိုရုပ်ရှင်ပြသလို
ိုပြပြီး တောင်းလိုက်ကြရလိုက်ကြတဲ့ဒေါ်လာတွေ၊အဖိနှိပ်ခံမြန်မာနိုင်ငံသားတွေအတွက် ။လမ်းပေါ်မှာသေ
သွား တဲ့ကျောင်းသားပြည်သူ၊ရဟန်းရှင်လူတွေအတွက် ဆွမ်းတောင်မကျွေး၊ထောင်ထဲရောက်နေတဲ့ ဘ၀ကြေ/အသက်သေသူရဲကောင်းတွေအတွက် ဖက်ကြမ်းဆေးပေါ့လိပ်တစ်ထုတ်တောင်မရောက်၊တစ်နေ့ တစ်ခြားငတ်လာတဲ့ပြည်သူတွေ၊စာမသင်နိုင်တော့တဲ့တိုင်းသူပြည်သားတွေရဲ့ အဖြစ်တွေဟာ အာဏာရှင် နအဖတစ်ဖွဲ့ထဲ ရက်စက်လို့ မဟုတ်ဘူး၊ ပြည်ပက အတိုက်အခံဒေါ်လာရှာစား နိုင်ငံရေးသမားတွေမှာလည်း တာဝန်ရှိတယ်။ ပြည်ပမှာ ကိုယ်ထမင်းကိုယ်စားပြီး ပင်ပင်ပန်းပန်းအလုပ်လာလုပ်နေကြတဲ့ ရွေ့ ပြောင်းမြန်
်မာ အလုပ်သမားတွေအထဲက အချို့ ပြည်ပမှာလွတ်လပ်တဲ့သတင်းစာစောင်တွေဖတ်၊ရေဒီယိုတို့ တီဗွီတို့ တွေကြည့်ပြီး နိုင်ငံရေးအင်အားစုတွေအဖြစ်ပူးပေါင်းလာကြတာကို အဲဒီ အနှစ်၂၀ မဟာတော်လှန်ရေး ပိုင်ရှင် တွေကလက်မခံဘူး။ ဘယ်လိုအင်အားစုကိုတည်ဆောက်ကြမလဲမဆိုနိုင်။လုံးဝကြီးကို အလွှာခြားပြီး ဆက် ဆံလိုကြတယ်။အလုပ်သမားတွေထဲက လူတွေ ကကိုယ့်အသိစိတ်ဓါတ်နဲ့ ပူးပေါင်းပါဝင်လာမှာကို မလို လား ကြဘူး။ အဝေးကလေးစားစေချင်တယ်။ အနားကိုအကပ်မခံတာ။ အဲဒီ တိုင်းပြည်ပြစားနိုင်ငံ ရေးအင်အား စုများ က နိုင်ငံရေးလုပ်စားနေတာကိုလူသိသွားမှာကိုစိုးရိမ်နေကြတယ်။ သိက္ခာမဲ့တဲ့ လုပ်ရပ်တွေကို လူသိမ ခံရဲကြ တာလဲပါမှာပေါ့။သူတို့ နေတဲ့အခန်း၊သူတို စားနေတဲ့အစားကောင်းအသောက်ကောင်း၊ အသုံး အ ဆောင်ကောင်းတွေ၊ရုံးသုံး၊လမ်းသုံးကွန်ပျူတာအကောင်းစားတွေ၊လေယာဉ်ခ၊ကားခတွေအားလုံးဟာ
၊မြန်မာနိုင်ငံဒီမိုကရေစီရရှိအောင်လုပ်ကြပါစေဆိုတဲ့ စေတနာနဲ့ ကမ္ဘာ့သူဌေးကြီးတွေကပေးထားတာ၊ လှူထားတာတွေပါ။ အဲဒါတွေကိုဗျာ၊သူတို့ တော်လို့ ရထားတာ၊လုပ်ချင်သလိုလုပ်လို့ ရအောင်ပေးထား တယ်မှတ်နေကြတယ်။နောက်တစ်အုပ်စုရှိသေးတယ်၊ခေတ်ပညာတတ်တဲ့လူတွေက မီဒီယာလိုင်း တွေ ပြောင်းကြတယ်။ကြိုဆိုရတာပေါ့၊ လေးစားလောက်သူတစ်ယောက်တစ်လေ ကတော့မီဒီယာနဲ့ နအဖ ကို ကျုပ်တို့ ကတိုက်ပွဲဝင်နေတာဆိုပြီးပြောပါတယ်။ ဒါပေမယ့်အများစုကတော့ကဲ၊နိုင်ငံရေးကငါတို့ နဲ့မဆိုင်
ဘူး၊ သတင်းပဲသိတယ်တဲ့၊နိုင်ငံရေးနဲ့ ပတ်သက်လို့ မရဘူးတဲ့။ မြန်မာ့ပြည်သူတွေ အပေါ်သစ္စာမဲ့တဲ့စ ကား တွေကိုဆိုကြတယ်ဗျာ။မကြာခင်ကမှ ထိုင်းမြန်မာနယ်စပ်ကိုရောက်လာတဲ့ သံဃာတော်တစ်ပါးကမိန့် ဖူးတယ်၊“ဒကာကြီး ဦးဇင်တို့ မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးအတွက် စစ်အာဏာရှင်တွေကိုမတိုက်ထုတ်ခင် ပြည်ပမှာနိုင်ငံရေးလုပ်နေကြတဲ့လူတွေကိုအရင်ဆုံးတော်လှန်ပစ်ရမယ်ပြည်တွင်းကအာဏာရှင်တွေကို
ကော၊ပြည်ပကနိုင်ငံရေးအုပ်စုတွေကိုပါ ဗုဒ္ဓဘာသာဝင်တွေဟုတ်မှဟုတ်ပါလေစ၊လို့ တွေးမိတယ်သီလတွေ ပျက်စီးနေကြတာ အင်မတန် ရင်လေးစရာကောင်းနေပါတယ်''လို့ ဆိုပါတယ်။နအဖတို့ က ရိုးမက်အတိုင်း၊ တစ်ထစ်ချင်းလုပ်တယ်။အတိုက်အခံတို့ မှာက ပြောကွက်ဆိုကွက်ထောင်းကွက်ကိုစောင့်ပြီးတောင်း ကွက်ကိုဖန်တီးရယူတယ်။နိုင်ငံခြားသားအချို့ကပြောတယ်ဆိုပဲ“နိုင်ငံရေးအုပ်စုတွေသုံးဖြုန်းသောက်စားပျော်ပါး
နေတာ ငါတို့ တိုင်းပြည်ကဘီလျံနာတောင်လက်ဖျားခါဆိုပဲ'' ဘယ်အချိန်မှာဘာလုပ်ပြီးဘယ် အခန်းကဏ္ဍ အတွက်ဘယ်လောက်မြှုပ်နှံထားပြီး၊ဘယ်ကာလမှာ ငါတို့ အပြီးလုပ်မယ်ဆိုတဲ့စီမံကိန်းအနှစ်၂၀ တိုင်မရှိခဲ့ပါ။ ဒိုနာနိုင်ငံရေးမှာ အဝေမတည့်ဖြစ်ကြပြီး ကွဲကြပြဲကြ၊သတ်ကြဖြတ်ကြနဲ့ တတိယနိုင်ငံတွေကိုပဲ ခရီးဆက်ကြ တော့တယ်။ရိုးရိုးလည်းမကျင့်ခဲ့ကြဘူး၊မြန်မာ့ဒီမိုကရေစီအရေးအတွက်မြင့်မြင့်လည်းမကြံခဲ့ကြဘူး။ သတင်း ဌာတွေမှာပြောတတ်ဆိုတတ်လို့ သာပြောနေကြတာ လကုန်ရင်လခထုတ်ဒိုးနာတွေပြပွဲလုပ်တဲ့ အစည်းအဝေး တွေ ကိုသွား မဟာဗျူဟာတွေချ၊ပလီပလာတွေရေးချထားတဲ့စာရွက်တွေနဲ့ ၊သာချိန်ကုန်လာခဲ့ကြတယ်။ စတိတ်မင့်တွေစီမီနာတွေ၊သတင်းစာရှင်းလင်းပွဲတွေ၊အထိမ်းအမှတ်၊အောက်မေ့လွမ်းမောဘွယ်နေ့ တွေကျင်း ပနေရုံနဲ့ မဖြစ်တော့တာကိုတော့ သိရှိသင့်ကြပါပြီ။ကိုယ့်ချွေးနှဲစာ တစ်ကျပ်မှမပါတဲ့ ဒိုးနာပေးတဲ့ကွန် ပျူတာ အကောင်းစားရှေ့ မှာဟန်ကျပန်ကျ ထိုင်၊အကောင်းစားအဖျော်ယမကာနဲ့ အကောင်းစားဆေးလိပ်ကိုခဲ ပြီး သတင်းတွေဖတ်၊အီးမေးတွေချက်နဲ့ နိုင်ငံရေးကိုအပင်ပန်းခံလုပ်နေတာအဲယားကွန်းထဲမှာ အချိန်ပြည့်ပဲတဲ့။ ပြီးတော့ နာမည်မကြီးနိုင်/ငွေမရနိုင်တဲ့လူဟူသမျှနဲ့ စကားတောင်ပြောဖို့  မရအောင်အလုပ်များပါတယ်တဲ့ ဗျာ။ရှိသေးတယ်။လစဉ် သုံးချင်သလိုသုံးနေကြတဲ့စရိတ်ကစတွေကို အလိမ်မပေါ်အောင် သေသေချာချာ စါရင်းပြုစုပြီးရီပို့ ရွှီပို့ ရေးရတာဟာ မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးလှုပ်ရှားမှုမှာ အခရာကျပြီးအရေးအကြီး ဆုံးနိုင်ငံ ရေးစိန်ခေါ်မှုဆိုပါတယ်။အနှစ်၂၀ ကြာလာတဲ့အခါ ပြည်ပ နိုင်ငံရေးအင်အားစုကြီးငယ်တွေက ငွေရှာခြင်းကိုကျွမ်းကျင်းစွာတတ်မြောက်သွားခဲ့ပါတယ်။မြန်မာသတင်းအချက်အလက်၊ကမ္ဘာ့သတင်းအချက
်အလက်တွေကိုအချိန်နဲ့ အမျှသိရှိနိုင်သူတွေဖြစ်ကြပြီးတည်းဖြတ်စရာလုံးဝမလိုအောင် ပြောတတ်ဆို တတ် လာတာပါပဲ။အဲဒါကိုပဲအလုပ်ကြီးအကိုင်ကြီး၊နိုင်ငံရေးလုပ်ငန်းကြီးအဖြစ်ယူဆနေကြပါတယ်။
အယင်အတိုင်း၊ယခင်အနှစ်၂၀ အတိုင်းသာ ဆက်လက်ပြီးမြန်မာနိုင်ငံဒီမိုကရေစီ ရရှိရေးလုပ်နေကြအုံးမယ်ဆိုရင်တော့ ပြည်ပကိုရောက်နေကြတဲ့မြန်မာအလုပ်သမားများအားလုံးက နိုင်ငံရေးအဖွဲ့ အစည်းတွေရဲ့ ရုံးတွေ၊ကားတွေ၊ဆိုင်ကယ်တွေကိုဖျက်ဆီးသိမ်းပိုက်တဲ့ တော်လှန်ရေးတစ်ရပ်ကိုဆင်နွဲ့ ကြရပါလိမ့်မယ်။
ဒိုနာပြစား စည်းဝေးပွဲတွေကို စီနင်းဝင်ရောက်ဖျက်ဆီးရပါလိမ့်မယ်။ ၂၀၁၀ ကိုရောက်ဖို့ ကလပိုင်းပဲ လိုပါ တော့တယ်။ပြည်ပမှာနိုင်ငံရေးလုပ်စားနေသူတွေကို မြန်မာရွေ့ ပြောင်းအလုပ်သမား တပ်မတော်ကြီးက အာဏာသိမ်းပြီးရင် ပြည်တွင်းမှာလည်းဆက်လက်အာဏာသိမ်းအောင်ပွဲခံပါလိမ့်မယ်။ဆင်းရဲသားကြောမွဲ လူတန်းစားအလုပ်သမားးတွေဟာ အမှန်တရားအတွက်ရင်ဆိုင်တိုက်ပွဲဝင်ဖို့ ဝန်မလေးကြဘူးဆိုတာ ကို တော့သမိုင်းသက်သေရှိပါတယ်။မြန်မာအလုပ်သမားတွေက၊စစ်အာဏာရှင်စံနစ်ကြောင့်သူတပါးတိုင်းပြည်
်မှာကျွန်ခံနေရတယ်ဆိုတာနဲ့ ဒေါ်အောင်ဆန်းစုကြည် သာမြန်မာနိုင်ငံကို ဦးဆောင်ခွင့်ရရှိသွားလို့ ရှိရင် သူတို့ တွေကျွန်ဘ၀ကလွတ်မြောက်မယ်လို့ ယုံကြည်နေကြပါပြီ။ကဲ ခုကစပြီးပြည်တွင်း က နအဖရော ပြည်ပက ဒေါ်လာစားနိုင်ငံရေးသမားတွေပါ ရိုးရိုးကျင့်ပြီးမြင့်မြင့်ကြံကြပါလို့ စေတနာများစွာနဲ့ တိုက်တွန်းလိုက်ပါတယ်။
အလုပ်သမားမောင်သာဝ
၁၈၊၆၊၂၀၀၉

ကျနော်တို့ ငယ်ငယ်တုန်းကမူလတန်း မြန်မာဖတ်စာအုပ်မှာ ဖတ်ခဲ့သင်ခဲ့ဖူးတဲ့ အကျင့်စာရိတ္တ ကောင်းမွန် အောင် ကျင့်ကြံနေထိုင်ဖို့ လမ်းပြညွှန်ကြားတဲ့ စာတစ်ပုဒ်ကို ယခုအသက်အရွယ် ထိတိုင်မှတ်မိ နေသေး

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)