ဂျာမနီ နိုင်ငံမှ The Durgas Band တေးဂီတအဖွဲ့ သည် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ၏
၆၄ နှစ်မြောက် မွေးနေ့ပွဲ နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှုတရပ်အဖြစ် ဂုဏ်ပြု
ဖျော်ဖြေမှုကို ထိုင်း- မြန်မာနယ်စပ် မဲဆောက်မြို့ ရှိ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအ
သင်း - မြန်မာနိုင်ငံ (AAPP-B)ရုံး၌ ယနေ့ ညပိုင်းက ကျင်းပခဲ့သည်။ ``We are Friends, We
are Family´´ (ကျွန်ုပ်တို့ သည် မိတ်ဆွေ ၊ ကျွန်ုပ်တို့ သည် မိသားစု )ဟူသော ဆောင်ပုဒ်ကို
ပမာထားကာ အဆိုပါတေးဂီတအဖွဲ့ တွင် လိဒ်ဂီတာ တီးခတ်သူ တဦး ၊ ဘေ့စ်ဂီတာ တီးခတ်သူတဦး၊
ဒရမ်တီးခတ်သူတဦး တို့ပါဝင်သည်ကိုတွေ့ရသည်။ နိုင်ငံရေးအကျဉ်းသား ဟောင်းကိုဝင်းဇော် (ယခင်ရွှေ
သံစဉ်)က ကီးဘုတ်ကိုအားဖြည့် တီးခတ်ပေးသည်။ ``Face the Sun´´ (နေမင်းကို မျက်နှာမူကြ)
သီချင်း၊ ``Burma´´ (မြန်မာပြည်အတွက် ) သီချင်းများကို ဂျာမနီအဖွဲ့ က အားပါးတရ သီဆိုကြသ
လိုAAPP-B မှ နိုင်ငံရေးအကျဉ်းသားဟောင်းတချို့ ကလည်း ``လှောင်ချိုင့်ထဲကတေး´´၊``ဒေါ်အောင်
ဆန်းစုကြည်´´ သီချင်းများဖြင့်ပြန်လည် ဖျော်ဖြေပေးကြသည်။ ``The Durgas Band တေးဂီတအဖွဲ့
ဟာ ဂျာမနီ နိုင်ငံကဖြစ်ပါတယ်။ သူတို့ဟာ ကိုဆိုဗိုလို ဒေသတွေ၊အခြားဒေသတွေဆီလည်းရောက်ဖူးပါ
တယ်။ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေကိုလည်း ရောက်ဖူးပါတယ်။ မနှစ်က AAPP-B
မှာ အခုလိုပဲ ဖျော်ဖြေဖူးပါတယ်။အခု ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေး အကျဉ်းသားများလွတ်မြောက်
ရေးအတွက်လာရောက် ဂုဏ်ပြုတင်ဆက်တာဖြစ်ပါတယ်´´ ဟူ၍ AAPP-B တွဲဖက်အတွင်းရေးမှူး
ဦးဘိုကြည်က ရှင်းလင်းတင်ပြသည်။ဤ မှတ်တမ်းဓာတ်ပုံများတွင် ဧည့်သည်``The Durgas Band
တေးဂီတအဖွဲ့ နှင့်AAPP-B မှ အပြန်အလှန် ရင်းနှီးချစ်ကြည်စွာ တင်ဆက်ကြပုံများ ၊ ပရိတ်သတ်များ
မှ တပျော်တပါး သီဆို ကခုန် ကြပုံများကို အမှတ်တရ တင်ပြထားပါသည်။
သတင်းမှတ်တမ်း-- မြန်မာပြည်သား

No comments:
Post a Comment