ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနမှ မြန်မာ ၊ လာအို ၊ ကမ္ဘောဒီးယားနိုင်ငံများမှ ရွှေ့ ပြောင်းအလုပ်သမားများ
ကိုအလုပ်သမားလက်မှတ် (WP - 13) အက်ဥပဒေ အရ-အုပ်စု လေးစုခွဲပြီး သက်တမ်းတိုးပေးခဲ့သည်။
(၂၀၊၁၊၀၉)နေ့တွင် အလုပ်သမားလက်မှတ်သက်တမ်းကုန်မည့်အုပ်စု အတွက် (၁၂၊၁၂၊၂၀၀၈)နေ့ မှ
(၂၀၊၁၊၂၀၀၉)နေ့အထိပထမအုပ်စု အနေဖြင့်လည်းကောင်း၊ (၂၀၊၂၊၂၀၀၉)နေ့တွင် အလုပ်သမား လက်မှတ်သက်
တမ်း ကုန်မည့်အုပ်စုအတွက် (၂၊၂၊၂၀၀၉)နေ့မှ (၁၃၊၃၊၂၀၀၉)နေ့အထိ ဒုတိယအုပ်စု အဖြစ်လည်းကောင်း၊ (၃၀၊၆၊၂၀၀၉)နေ့တွင်
အလုပ်သမားလက်မှတ် သက်တမ်းကုန်မည့်အုပ်စု အတွက် (၁၊၆၊၂၀၀၉)နေ့မှ (၁၃၊၃၊၂၀၀၉)နေ့အထိ တတိယအုပ်
စုလည်းကောင်း အလုပ်သမား ကျန်းမာရေးဆေးစစ်ခြင်း ကိုဆောင်ရွက်ကြရန် သတ်မှတ်ပေးထားသည်။ဤဆေးစစ်
ခြင်းကို ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဒေသအလိုက်ဆေးရုံများတွင် ဆောင်ရွက်ကြရန် ညွှန်ကြားထားသည်။ ထို
သို့ ဆေးစစ်ပြီးနောက် အလုပ်သမားလက်မှတ်သက်တမ်း တိုးရန် အလုပ်သမားဝန်ကြီးဌာနအောက်ရှိ အလုပ်သမားနေ
ရာချထားရေးရုံး ၊ အလုပ်သမားမှတ်ပုံတင်ရုံးတို့ တွင် (၂၀၊၁၊၂၀၀၉)နေ့တွင် အလုပ်သမားလက်မှတ်သက်တမ်းကုန်
မည့်အုပ်စုအတွက်(၅.၁.၂၀၀၉)နေ့မှ (၂၀.၁.၂၀၀၉)နေ့အထိ ပထမအုပ်စုအနေဖြင့်လည်းကောင်း၊ (၂၈.၂.၂၀၀၉) နေ့တွင်သက်တမ်းကုန်မည့်(၁၀.၂.၂၀၀၉)နေ့မှ(၂၈.၂.၂၀၀၉)နေ့ထိ ဒုတိယ အုပ်စုအနေဖြင့်လည်းကောင်း၊ (၁၅.၃.၂၀၀၉)နေ့တွင် သက်တမ်းကုန်မည့် အုပ်စုအတွက်(၂၃.၂.၂၀၀၉)နေ့မှ (၁၄.၃.၂၀၀၉)နေ့အထိ တတိယ အုပ်စုအနေဖြင့်လည်းကောင်း၊ (၃၀.၆.၂၀၀၉)နေ့တွင် သက်တမ်းကုန်မည့်အုပ်စုအတွက် (၁.၆.၂၀၀၉)နေ့မှ
(၃၀.၆.၂၀၀၉)နေ့အထိ စတုတ္ထအုပ်စုအနေဖြင့်လည်းကောင်း ဆောင်ရွက်ကြရန်ကျေညာထားပြီးဖြစ်သည်။ ထို့အပြင် အလုပ်သမားမှတ်ပုံတင်လက်မှတ်ကို ထုတ်မပေးမှီဦးစွာ သွေးစစ်လက်မှတ် နှင့်အခြားသော ၀န်ဆောင်ခများအတွက်
ငွေရပြေစာ များကိုထုတ်ပေးခဲ့သည်။ ထိုနောက် ကာယကံရှင် အလုပ်သမား၏ အချက်အလက်များ ပြည့်စုံသောအချိန်
မှစပြီး ရက်ပေါင်း ၆၀ အတွင်း အလုပ်သမားလက်မှတ် စစ်စစ်ကို ထုတ်ပေးမည်ဟု အသိပေးခဲ့သည်။ဤမှတ်တမ်းပုံ
များသည် ထိုင်းနိုင်ငံ သို့ဝင်ရောက်လာကြသောမြန်မာအလုပ်သမားများစွာထဲမှ ၀င်ပေါက်တစ်ပေါက်ဖြစ်သော ထိုင်း-
မြန်မာနယ်စပ် မဲဆောက်မြို့ မှ ယနေ့နောက်ဆုံးသတ်မှတ်နေ့တွင် အလုပ်သမားလက်မှတ်လုပ်ကြပုံ ကိုမှတ်တမ်းတင်
ထားပါသည်။
သတင်းမှတ်တမ်း...မြန်မာပြည်သား

No comments:
Post a Comment