ကမ္ဘာ့အကြီးဆုံးဖြစ်သည့် ကုန်းနှင့်ရေ နှစ်မျိုးသွားနိုင်သော လေယာဉ်ဖြစ်လာစေရန် ရည်ရွယ်လျက် နဂါး- ၆၀၀ (Dragon 600) အမျိုးအစား လေယာဉ်အား တီထွင်ထုတ်လုပ်ရန် အစိုးရ၏ ခွင့်ပြုချက်ကိုလက်ခံရရှိခဲ့ကြောင်း အေဗွီအိုင်စီဂျင်နရယ် လေယာဉ်ကုမ္ပဏီလီမီတက်က ဇွန်လ ၂၄-ရက်နေ့မှာ ပြောကြားသည်။ အဆိုပါ နဂါး-၆၀၀
လေယာဉ်သည် အဲဘတ်စ်- ၃၂၀-လေယာဉ်ကဲ့သို့ အရွယ်အစားကြီးမားပြီး အရေးပေါ်ကယ်ဆယ်ရေး၊ တောမီး ငြိမ်း သတ်ရေးနှင့် ပင်လယ်ပြင်ကင်းလှည့်ရေးကဲ့သို့သော လုပ်ငန်းများအတွက် အသုံးပြုနိုင်မည်ဖြစ်သည်။ (ဆင်ဟွာ)
*** ကမ္ဘာ့ပထမဆုံး နှစ်မျိုးစပ်နေရောင်ခြည်စွမ်းအင်စခန်းကို အစ္စရေးစတင်တည်ဆောက်ပြီ…
အစ္စရေးနိုင်ငံတောင်ပိုင်း ကတ်ဘတ်ဇ်ဆာမာဒေသတွင် ကမ္ဘာ့ပထမဆုံးနှစ်မျိုးစပ်နေရောင်ခြည်အပူစွမ်းအင်နှင့် ဓါတ်ငွေ့စွမ်းအင်သုံးလျှပ်စစ်ဓါတ်အားပေး စခန်းအား အစ္စရေးနိုင်ငံ နေရောင်ခြည်စွမ်းအင်နည်းပညာကုမ္ပဏီ အေအိုအာရ်အေက ဇွန်လ ၂၄-ရက်နေ့မှာ စတင်တည်ဆောက်ခဲ့သည်။ တနေရာတည်းတွင် စုစည်းထားသော နေရောင်ခြည်စွမ်းအင်စခန်းများ ပထမဆုံးတည်ရှိခြင်းဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိသော စွမ်း အင် အဖြစ် တစ်ရက်လျှင် ၂၄-နာရီ ဓါတ်အားထုတ်လုပ်ပေးနိုင်ကြောင်း ယင်းကုမ္ပဏီက ပြောကြားသည်။ (ဆင်ဟွာ)
*** ထိုင်းတောင်ပိုင်း ပစ်ခတ်မှုမှာ လူ ၃-ဦးသေဆုံး…
(ဘန်ကောက်၊ ဇွန်လ ၂၈-ရက်)
ထိုင်းနိုင်ငံ တောင်ပိုင်း ယာလာပြည်နယ်တွင် ဇွန်လ ၂၇-ရက်နေ့နံနက်ပိုင်းတွင် အကြမ်းဖက်သမားများဟု ယူ ဆရသော သေနတ်သမားများနှင့် အစိုးရ၏ လုံခြုံရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာ ရဲတပ်ဖွဲ့ဝင် ၁-ဦး၊ စစ်ဘက်တပ်ဖွဲ့ဝင် ၁-ဦး၊ တို့နှင့်အတူ အကြမ်းဖက်စစ်သွေးကြွ ၁-ဦးတို့လည်း သေဆုံးသွားကြောင်း ထိုင်းသတင်းများမှာ ဖော်ပြသည်။ ဘန်နောင်း ဆာတခရိုင် အတွင်းမှ အိမ်တစ်လုံးကို ခရိုင်တပ်ဖွဲ့ဝင်များ၊ ထိုင်းအထူးတပ်ဖွဲ့ဝင်များက ၀ိုင်းထားပြီး ထိုအိမ်အတွင်းရှိ အကြမ်းဖက်သမားများဟု သံသယရှိသူများကို ဖမ်းဆီးရန်ကြိုးစားစဉ် နံနက် ၈း၀၀- နာရီခန့်တွင် ပစ်ခတ်မှုများဖြစ်ပွားရခြင်းဖြစ်သည်။ ၂၀၀၄-ခုနှစ် ဇန်န၀ါရီလမှစပြီး ထိုင်းနိုင်ငံတောင်ပိုင်းတွင် စစ်သွေးကြွများ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူ ၃၅၀၀-ကျော်သေဆုံးခဲ့ရသည်။ (နေးရှင်း)
*** ၂၀၀၉-ခုနှစ်တွင် တရုတ်ဘွဲ့ရပညာတတ် ၁၂၀၀၀၀-ကို တပ်မတော်ထဲဝင်ရန် ခေါ်ယူမည်….
(ပေဂျင်း- ဇွန်လ ၂၈ရက်)
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ပီအယ်လ်အေ)သည် ၂၀၀၉-ခုနှစ်တွင် တရုတ်တက္ကသိုလ်ဘွဲ့ရ ပညာတတ်(၁၂၀၀၀၀)ကျော်ကို တပ်မတော်၌ ၀င်ရောက်အမှုထမ်းရန် ခေါ်ယူမည်ဖြစ်ကြောင်း ဇွန်လ ၂၁-ရက် နေ့က စစ်ဘက်မှလာသော သတင်းများမှာ ဖော်ပြထားသည်။ တရုတ်နိုင်ငံ ပညာရေးဝန်ကြီးဌာန ၀က်ဘ်ဆိုက် သည် ဘွဲ့ရပညာတတ်များကို အလုပ်အကိုင်ရှာဖွေရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်လျက် အကူအညီ ပေးသည့်သဘောဖြင့် ၀က်ဘ်ဆိုက်မှာ တင်ထားပေးခြင်းဖြစ်သည်။ ထိုကဲ့သို့ရှာဖွေခြင်းသည် ပီအယ်လ်အေ အဖွဲ့ အနေဖြင့် ပထမဆုံးအကြိမ်ဖြစ်ပြီး တပ်သားသစ်အရေအတွက် အများဆုံးခေါ်ယူခြင်းလည်းဖြစ်သည်။ (အင်တာနက်) ဘာသာပြန်သူ- စိုးစိုးနိုင်
*** ကမ္ဘာ့အကြီးဆုံး ကုန်းနှင့်ရေ နှစ်မျိုးသွားနိုင်သော လေယာဉ်ကို တရုတ်တည်ဆောက်မည်…

No comments:
Post a Comment