(ဇွန်လ ၂၈ရက် ၂၀၀၉) ထိုင်းရှေ့နေများကောင်စီ လူ့အခွင့်အရေးမြှင့်တင်မှု ဖောင်ဒေးရှင်း(HRDF) ကော်မတီ အဖွဲ့ဝင်များ၏ လုပ်ငန်းညှိုနှိုင်းဆွေးနွေးပွဲကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တနေရာတွင် ယနေ့ကျင်းပ ကြောင်း သတင်းရရှိသည်။ ထိုင်းရှေ့နေများကောင်စီ ဥပဒေအထောက်အကူပြုဌာန (LLC)နှင့် ၄င်း၏ လူ့အခွင့် အရေးအဖွဲ့အစည်းဖြစ်သော
လူ့အခွင့်အရေးမြှင့်တင်မှုဖောင်ဒေးရှင်း (HRDF)တို့သည် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ၂၀၀၅-ခုနှစ် ဒီဇင်ဘာလ ၁၈-ရက် (ကမ္ဘာ့ရွှေ့ပြောင်းအလုပ်သမားနေ့)တွင် စတင်အခြေစိုက်လှုပ်ရှားခဲ့ခြင်းဖြစ်သည်။ မဲဆောက်၊ ဖုတ်ဖရား၊ မယ်ရမတ်၊ စသော ထိုင်း-မြန်မာနယ်စပ် မြို့ ၃-မြို့ကို အခြေခံထားကာ အဆိုပါမြို့များအပါအ၀င် တာ့ခ်ခရိုင် ၆-မြို့နယ်ရှိ လူကုန်ကူးမှုတိုက်ဖျက်ရေး ဥပဒေ(BE-2551)အရ စီစဉ်ဆောင်ရွက်ခွင့်ရှိသော တာ့ခ်ခရိုင်အတွင်းရှိ ထိုင်းအစိုးရမှ တရားဝင်ခွင့်ပြုထားသည့် ထိုင်းအဖွဲ့အစည်းဖြစ်သောကြောင့် ဒေသအတွင်းရှိ ထိုင်းအာဏာပိုင်များ၊ မြန်မာအလုပ်သမားအကျိုးဆောင်အဖွဲ့များနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အပေါ်တွင် သြဇာရှိသောအဖွဲ့အစည်းဖြစ်သည်။
(ဇွန်လ ၂၇ ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ ထိုင်း - မြန်မာနယ်စပ် မဲဆောက်မြို့  နှစ်နေရာတွင် ရွှေ့  ပြောင်းအလုပ်သမား များအ တွက် လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေး သင်တန်းကို ယနေ့ ဆွေးနွေး ပို့ ချကြောင်း သတင်း ရရှိ သည်။ ထိုင်းရှေ့ နေများကောင်စီ လူ့ အခွင့်အရေးမြှင့်တင်မှုဖောင်ဒေးရှင်း (HRDF) မှ မဲဆောက် ၊ ဘန်ကောက် ၊ ချင်းမိုင်၊ ဖန်င၊ မဟာချိုင် စသည့် ဒေသများမှ မြန်မာရွှေ့ ပြောင်းအလုပ်သမားအကျိုးဆောင်များ အားလည်းကောင်း ၊ တိုင်းရင်း သားအလုပ်သမား ကျန်းမာရေးနှင့် ပညာရေး အစီအစဉ် (MAP)ဧ။် လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေး နှစ်သိမ့် ဆွေးနွေးရေး ဌာန (POSH ) မှ မဲဆောက် ဒေသတွင်းရှိ လုပ်ငန်းခွင် ပေါင်းစုံမှ အလုပ်သမားအချို့ အားလည်း ကောင်း၊ ဆွေးနွေး ပညာပေးခြင်းဖြစ်ကြောင်းသိရသည်။
ဖြစ်ရပ်-၂။ ။ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရန်တရားမ၀င် ၀င်ရောက်လာသော မြန်မာအလုပ်သမား ၄၆-ဦးတို့ကို ထိုင်း-မြန်မာနယ်စပ် ရနောင်းမြို့၌ ယမန်နေ့ည (၁၁း၃၀)နာရီခန့်မှာ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ (လွတ်လပ်သော မွန်သတင်း)
(ဇွန်လ ၂၆ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ ဘန့်ဆောင်ခွဲရပ်ကွက်ရှိ ရန်ချိန်းသိုးမွှေးစက်ရုံသစ်မှ မြန်မာအလုပ်သမား ၁၃-ဦးတို့အား အလုပ်ရှင်မှ အကြောင်းပြချက်မရှိပဲ အလုပ်ဖြုတ်ပစ်လိုက်ကြောင်း၊ ယင်းတို့ ရစရာရှိသောလုပ်အားခငွေကိုမူ တပါတည်းပေးအပ်လိုက်ကြောင်း သတင်းရရှိသည်။
ဖြစ်ရပ်-၂။ ။ တိုးတက်သော ကရင်ဗုဒ္ဓဘာသာအဖွဲ့ (ဒီကေဘီအေ)၏ ၉၉၉-တပ်ရင်း (၇)မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စံပြုံး(ခ) ဗိုလ်ဆန်ပြုတ်နှင့်အဖွဲ့ကို အမည်မသိအဖွဲ့တဖွဲ့က ယနေ့နံနက်ပိုင်းတွင် ချုံခိုတိုက်ခိုက်ခဲ့ရာ ယင်း၏ ရဲဘော်များနှင့်အတု ထိုင်း-မြန်မာနယ်စပ်တနေရာရှိ မယ်တန်မြို့နယ်နှင့် မယ်လကျေးရွာအကြားမှာ သေဆုံးသွားကြောင်း သတင်းရရှိသည်။ ယခုသေဆုံးသွားသူ ဗိုလ်ဆန်ပြုတ်သည် ၂၀၀၈-ခုနှစ် ဖေဖော်ဝါရီလ ၁၄-ရက်နေ့က မဲဆောက်မြို့တွင် လုပ်ကြံခံရသော ကေအဲန်ယူ အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာလာဖန်းအား လုပ်ကြံရာ၌ အဓိကဦးဆောင်သူဟု ကရင်တိုင်းရင်းသားနှင့် မြန်မာ့ဒီမိုကရေစီရေး ကြိုးပမ်းသူများကြားမှာ သင်္ကာမကင်းခံရသူဖြစ်သည်။ (ခေတ်ပြိုင်)
ဖြစ်ရပ်-၃။ ။ ထိုင်းနိုင်ငံ ဟတ်ယိုင်ခရိုင်တနေရာတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားတဦးအား ထိုင်းလူငယ်တစုက ၀ိုင်းရိုက်မှုကြောင့် ၄င်းသေဆုံးသွားကြောင်း သတင်းရရှိသည်။ (လွတ်လပ်သော မွန်သတင်း)
(ဇွန်လ ၂၅ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ မလေးရှားနိုင်ငံတွင် အင်ဒိုနီးရှား အလုပ်သမားပေါင်း ၃၀၀၀၀-ကျော်တို့ အတွက် အလုပ်သမားအခွင့်အရေးနှင့် အကာအကွယ်ကို ရရှိရန် နှစ်နိုင်ငံဆွေးနွေးနေကြောင်း သတင်းရရှိသည်။ (BBC)
ဖြစ်ရပ်-၂။ ။ ထိုင်း-မြန်မာနယ်စပ် ထဆောင်ယန်းမြို့နယ် ဧရိယာရှိ နအဖနှင့် ဒီကေဘီအေပူးပေါင်းတပ်ဖွဲ့မှ မ သိမ်း ပိုက်ရသေးသော တပ်ရင်း (၂၄)စခန်းအား အဆိုပါပူးပေါင်းတပ်ဖွဲ့တို့က ၀ိုင်းထားကြကြောင်း သတင်း ရရှိ သည်။ (BBC)
(ဇွန်လ ၂၄ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ ရှမ်းပြည်တောင်ပိုင်း၊ ထိုင်း-မြန်မာနယ်စပ်ရှိ “၀” တပ်ဖွဲ့များ၏ နယ်မြေ အတွင်းသို့ နအဖစစ်အစိုးရ၏ တပ်ဖွဲ့များ ဖြန့်ကျက်ချထားလျက်ရှိကြောင်း၊ “၀” တပ်ဖွဲ့ (UWSA) မှလည်း စစ်ရေး အရပြင်ဆင်မှုများရှိနေကြောင်း သတင်းရရှိသည်။ (RFA)
ဖြစ်ရပ်-၂။ ။ မလေးရှားနိုင်ငံတွင် ပြီးခဲ့သော ဇွန်လ ၁၉ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ ၆၄-နှစ်မြောက် မွေးနေ့ အခမ်းအနားကို တက်ရောက်ခဲ့ကြခြင်းကြောင့် အဖမ်းခံရသည့် မြန်မာပြည်သား ၁၄-ဦးကိစ္စကို အမြန်ဆုံး လွှတ်ပေးရန် မလေးရှားနိုင်ငံအခြေစိုက် လူ့အခွင့်အရေးအဖွဲ့များက အစိုးရကို တောင်းဆိုလိုက်သည်။ (RFA)
ဖြစ်ရပ်-၃။ ။ ထိုင်း-မြန်မာနယ်စပ် ထဆောင်ယန်းမြို့နယ် ဧရိယာအတွင်းရှိ ကေအဲန်ယူတပ်ဖွဲ့များက ခြုံခိုတိုက်ခိုက်ခြင်း၊ မြေမြုပ်မိုင်းများဖြင့်တိုက်ခိုက်မှုများရှိနေကြောင်း ထိုင်းနယ်ခြားတပ်ဖွဲ့က ပြောဆိုသည်။ (BBC)
(ဇွန်လ ၂၃ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ ထိုင်းနိုင်ငံ ရထားလုပ်ငန်းမှ အလုပ်သမားများ ဒုတိယနေ့အဖြစ် ဆက်လက် ဆန္ဒပြနေခြင်းကြောင့် ရထားစီးခရီးသည် ၂-သိန်းခန့် ခရီးမဆက်နိုင်ဖြစ်နေကြောင်း သတင်းရရှိသည်။ (RFA)
ဖြစ်ရပ်-၂။ ။ ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံတို့အငြင်းပွားလျက်ရှိသော ဘုရားကျောင်းကိစ္စကို ဖြေရှင်းရန် ထိုင်းဒုတိယ၀န်ကြီးချုပ်သည် ကမ္ဘောဒီးယားနိုင်ငံသို့ အလည်အပတ်သွားရောက်ကြောင်း သတင်းရရှိသည်။ (RFA)
ဖြစ်ရပ်-၃။ ။ ထိုင်းနိုင်ငံ တောင်ပိုင်း နာရာသီဝပ်ခရိုင်အတွင်းရှိ ဗုဒ္ဓဘာသာဘုန်ကြီးကျောင်းတစ်ကျောင်းအား လက်နက်ကိုင်အကြမ်းဖက်သားများက ၀င်ရောက်ပစ်ခတ်သဖြင့် လူ ၇-ဦးသေဆုံးသွားကြောင်း သတင်း ရ ရှိ သည်။ (RFA)
ဖြစ်ရပ်-၄။ ။ မလေးရှားနိုင်ငံတွင် နောက်ထပ် ၀က်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၀-ဦးကိုတွေ့ရှိရခြင်းကြောင့် ကျောင်းတစ်ကျောင်းကို ပိတ်လိုက်ရကြောင်း၊ ယခုလိုကျောင်းပိတ်ရခြင်းသည် သုံးကျောင်းရှိသွားပြီဖြစ်ကြောင်း သိရသည်။ (RFA)
(ဇွန်လ ၂၂ရက် ၂၀၀၉) နအဖနှင့် ဒီကေဘီအေ ပူးပေါင်းတပ်ဖွဲ့များသည် ယနေ့အဖို့ တိုက်ခိုက်မှုများမရှိ သော် လည်း ကေအဲန်ယူက စွန့်ခွာသွားသော စခန်းများကိုပြန်လည် ပစ်ခတ်တိုက်ခိုက်လာခြင်းကြောင့် ဒီကေဘီအေ များ အထိနာလျက်ရှိကြောင်း သတင်းရရှိသည်။ (BBC)
(ဇွန်လ ၂၁ရက် ၂၀၀၉) နအဖနှင့် ဒီကေဘီအေပူးပေါင်းတပ်ဖွဲ့များသည် ကေအဲန်ယူ၏ တပ်မဟာ (၇)စစ်နယ်မြေ ရှိတပ်စခန်းအချို့ကို သိမ်းပိုက်လိုက်ကြောင်း၊ သို့သော် ယခုစခန်းအချို့ကျဆုံးမှုသည် ယာယီသာဖြစ်ပြီး မိမိတို့၏ တပ်ဖွဲ့များသည် ထိုစခန်းများအနီးတွင် အချိန်မရွေးပြန်တိုက်ရန် အဆင်သင့်ရှိနေကြကြောင်း ကေအဲန် ယူ ဒုတိယဥက္ကဌ ပဒိုစောဒေးဗစ်သာကပေါက ပြောဆိုသည်။ (BBC)
(ဇွန်လ ၁၉ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ချူလာလောင်ကွန်တက္ကသိုလ်တွင် နိုင်ငံတကာ သံတမန်များအပါအ၀င် လူ ၁၀၀-ကျော်က “မြန်မာနိုင်ငံပြဿနာ ဘာလုပ်နိုင်မလဲ” ဟူသော ခေါင်းစဉ်ဖြင့် မြန် မာ့ အရေးကို ယနေ့ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ (ဧရာဝတီ)
ဖြစ်ရပ်-၂။ ။ ဒေါ်အောင်ဆန်းစုကြည်၏ ၆၄-နှစ်မြောက် မွေးနေ့(၀ါ) မြန်မာ့အမျိုးသမီးများနေ့ကို ထိုင်း-မြန်မာ နယ် စပ် မဲဆောက်၊ ဖုတ်ဖရား၊ အုန်းဖန်နှင့် ထဆောင်ယန်းမြို့နယ်များသို့ ရောက်ရှိနေကြသော မြန်မာ့ဒီမိုက ရေစီရေးတက်ကြွလှုပ်ရှားသူများ၊ ဒုက္ခသည်များနှင့် မြန်မာအလုပ်သမားများကလည်းကောင်း၊ ဘန်ကောက်၊ ချင်းမိုင်၊ ဖန်င၊ မဟာချိုင်၊ မယ်ဟောင်ဆောင်၊ စံခလဘူရီစသည့် အခြား ထိုင်းနိုင်ငံဒေသများတွင်လည်းကောင်း၊ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်ဒေသနှင့် ပီနန်ကျွန်းဘက်တွင် လည်းကောင်း အဝေးရောက်မြန်မာ ပြည်သား များက စုပေါင်းကျင်းပကြကြောင်း သတင်းရရှိသည်။

No comments:
Post a Comment