ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၏ နေရာနှစ်နေရာတွင် လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးဆိုင်ရာ ဆွေးနွေး ပွဲများကို ယမန်နေ့က ကျင်းပခဲ့ကြသည်။ ဤဓါတ်ပုံမှတ်တမ်းထဲတွင် မဲဆောက်မြို့ တနေရာ၌ ထိုင်းရှေ့နေများ ကောင်စီ၏
လူ့အခွင့်အရေးမြှင့်တင်မှုဖောင်ဒေးရှင်း (HRDF)မှ ကြီးမှူးကျင်းပသော ဆွေးနွေးပွဲဖြစ်ပါသည်။ မဲဆောက်၊ ဖုတ်ဖရား၊ ချင်းမိုင်၊ ဘန်ကောက်၊ မဟာချိုင်၊ ဖန်င စသည့်ဒေသများမှ ထိုင်းနှင့် မြန်မာအလုပ်သမား ကိုယ်စားလှယ်များက လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးဆိုင်ရာ မိမိတို့အတွေ့အကြုံနှင့် အသိအမြင်များကို လွတ် လပ်ပွင့်လင်းစွာ ဖလှယ်ခဲ့ကြပုံများကို ဖော်ပြထားပါသည်။

သတင်းမှတ်တမ်း- မြန်မာပြည်သား

No comments:
Post a Comment