သက်တော်ရာကျော် ရှည်ပါစေ... ဆိုတဲ့
သမားရိုးကျ လက်သုံးစကားတွေ
ကျန်းမာပါစေ၊ စိတ်နှလုံး အေးချမ်းပါစေ
ဒီလို ရိုးစင်းတဲ့ ဆုတောင်းတွေ
သားဆုမတောင်းရက်ပါဘူး... အမေ။
+++ အမေ့ရဲ့ မွေးနေ့
ထူးမခြားတဲ့ ဆုတောင်း
သား ဆုတောင်းမယ်
အမေရဲ့ လွတ်လပ်ခွင့်ကို
အမေကိုယ်တိုင် မတောင်းခဲ့ပါဘူး
ဒါပေမယ့် သားတို့က ကိုယ်စားတောင်းမှာက
အမေ... 'တိုင်းပြည်ကိုချစ်တဲ့ အမေ'
အမေ... 'တိုင်းပြည်က ချစ်တဲ့ အမေ'
အမေ... ရချင်တဲ့ ဒီမိုကရေစီ
အမေ... လိုချင်တဲ့ လွတ်လပ်ရေး
အမေ... မြတ်နိုးတဲ့ ငြိမ်းချမ်းရေး
သားတို့တတွေ မလျော့သော
ဇွဲလုံ့လတွေနဲ့ပဲ
ရရာနည်းနဲ့ တိုက်ယူမယ်
အမေကျေနပ်ပါ အမေ...။ ။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၆၄-နှစ်မြောက်မွေးနေ့ အမှတ်တရ....
ပေးပို့သူ- ဦးဥတ္တမ (ရွှေဝါရောင်သံဃာတဦး)
*** အမေ့ရဲ့ မွေးနေ့မှာ
သက်တော်ရာကျော် ရှည်ပါစေ... ဆိုတဲ့
သမားရိုးကျ လက်သုံးစကားတွေ
ကျန်းမာပါစေ၊ စိတ်နှလုံး အေးချမ်းပါစေ
ဒီလို ရိုးစင်းတဲ့ ဆုတောင်းတွေ
သားဆုမတောင်းရက်ပါဘူး... အမေ။
+++ အမေ့ရဲ့ မွေးနေ့
ထူးမခြားတဲ့ ဆုတောင်း
သား ဆုတောင်းမယ်
အမေရဲ့ လွတ်လပ်ခွင့်ကို
အမေကိုယ်တိုင် မတောင်းခဲ့ပါဘူး
ဒါပေမယ့် သားတို့က ကိုယ်စားတောင်းမှာက
အမေ... 'တိုင်းပြည်ကိုချစ်တဲ့ အမေ'
အမေ... 'တိုင်းပြည်က ချစ်တဲ့ အမေ'
အမေ... ရချင်တဲ့ ဒီမိုကရေစီ
အမေ... လိုချင်တဲ့ လွတ်လပ်ရေး
အမေ... မြတ်နိုးတဲ့ ငြိမ်းချမ်းရေး
သားတို့တတွေ မလျော့သော
ဇွဲလုံ့လတွေနဲ့ပဲ
ရရာနည်းနဲ့ တိုက်ယူမယ်
အမေကျေနပ်ပါ အမေ...။ ။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၆၄-နှစ်မြောက်မွေးနေ့ အမှတ်တရ....
ပေးပို့သူ- ဦးဥတ္တမ (ရွှေဝါရောင်သံဃာတဦး)


No comments:
Post a Comment