ယခုနှစ် ကမ္ဘာ့တိုက်ကြီးများအလိုက် ချန်ပီယံဆု(ကွန်ဖက်ဒရေးရှင်းဖလား)ကို တောင်အမေရိကတိုက်ချန်ပီယံ ဘရာဇီးအသင်းကလက်ဝယ်ပိုင်ပိုင်ရရှိသွားပြီဖြစ်သည်။
ဘရာဇီး - ၃-ဂိုး
အမေရိကန် - ၂-ဂိုး
(တတိယ နေရာလုပွဲ)
စပိန် - ၃-ဂိုး
တောင်အာဖရိက - ၂-ဂိုး
ချန်ပီယံ- ဘရာဇီ/ ဒုတိယ- အမေရိကန်/ တတိယ- စပိန်
(လက်ခံကျင်းပသည့်အိမ်ရှင်- တောင်အာဖရိက)
*** နီပေါတွင် အပူလှိုင်းမိ၊ လူ- ၅၀၀၀၀-ကျော် မကျန်းမမာဖြစ်နေကြ…
(ခတ္တမန္ဒူ၊ ဇွန်လ ၂၆-ရက်)
နီပေါနိုင်ငံ အနောက်ပိုင်းရှိစုစုပေါင်း လူဦးရေ၏ ၂၀-ရာခိုင်နှုန်း(၀ါ) လူဦးရေ ၅၀၀၀၀-ကျော်သည် အပူလှိုင်းကြောင့် နေထိုင်မကောင်းဖြစ်လျက်ရှိကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးရုံးမှ တာဝန်ရှိသူများက ပြောကြားသည်။ လွန်ခဲ့သော တစ်ပါတ်က မြို့တော်ခတ္တမန္ဒူမှ ကီလိုမီတာ ၃၃၀-ကွာဝေးသော အက်ရှ်ဟန်ခရိုင်တွင် ဆေးရုံများ၊ ကျန်းမာရေးဌာနများ၌ ပူအိုက်သောရာသီဥတုကြောင့် ကျန်းမာရေးပြဿနာအမျိုးမျိုးဖြင့် လူနာများပြည့်လျှံလျက်ရှိသည်ဟု ဒေသဆိုင်ရာ သတင်းဌာန၏ ၀က်ဘ်ဆိုက်မှာ ဇွန်လ ၂၄-ရက်နေ့က ဖော်ပြထားသည်။ ခရိုင်တခွင်လုံးမှ လူဦးရေ ၅၀၀၀၀-ကျော်သည် ၀မ်းလျှောရောဂါ၊ ၀မ်းကိုက်ရောဂါနှင့် အဖျားကြီးခြင်းရောဂါ၊ အူရောင်ငန်းဖျားရောဂါစသည့် ရောဂါမျိုးစုံတို့ကို ခံစားကြရသည်ဟု သိရသည်။ (ဆင်ဟွာ)
*** အီရန်တွင် မောင်းသူမဲ့လေယာဉ် အောင်မြင်စွာ စမ်းသပ်…
(တီဟီရန်၊ ဇွန်လ ၂၆-ရက်)
ဗုံးကြဲနိုင်ပြီး ရေဒါရှောင်ကွင်းနိုင်သော စွမ်းဆောင်ရည်ရှိသည့် မောင်းသူမဲ့လေယာသ်(ယူအေဗွီ)တစ်စင်းကို အီရန်နိုင်ငံက ကိုယ်ပိုင်ထုတ်လုပ်ကာ အေင်မြင်စွာစမ်းသပ်ပျံသန်းနိုင်ပြီဖြစ်ကြောင်း အီရန်လေတပ်မှ တပ်မှူး ဗိုလ်မှူးချုပ် ဟက်ဆန်ရှပ်ဆာဖီက ဇွန်လ ၂၄-ရက်နေ့မှာ ပြောကြားသည်။ အဆိုပါလေယာဉ်ကို ကာကွယ်ရေးဌာနအတွက် ထုတ်လုပ်မည်ဖြစ်ပြီး အီရန်လေတပ်စုများတွင် ယင်းလေယာဉ်ကိုတွေ့မြင် ရတော့မည်ဖြစ်ကြောင်း ယင်းကပြောကြားသည်။ (ဆင်ဟွာ)
*** အစ္စရေးတွင် လူတို့ဖန်းတီးပြုလုပ်ထားသော ရှေးဟောင်းလိုဏ်ဂူကြီးတွေ့…
(ဟိုင်ဖာ၊ ဇွန်လ ၂၈-ရက်)
လူတို့ဖန်တီးပြုလုပ်ထားသော ရောမအင်ပါယာခေတ်ကဟု ယူဆရသည့်ရှေးဟောင်းမြေအောက် လိုဏ်ဂူကြီးတစ်လုံးကို အစ္စရေးနိုင်ငံ ဂျော်ဒန်တောင်ကြားတွင် တွေ့ရှိရကြောင်း သိပ္ပံပညာရှင်များက ပြောကြားသည်။ အစ္စရေးနိုင်ငံဟိုင်ဖာတက္ကသိုလ်ရှိ ရှေးဟောင်းသူတေသနဌာနမှ သုတေသီများ၏ အဆိုအရ ယင်းလိုဏ်ဂူကြီးများကို ဘုန်းကြီးကျောင်းအဖြစ်အသုံးပြုခဲ့ပြီး ကျောက်တူးဖော်ရာကျင်းကြီးဟု ယူဆရကြောင်း ဂျေရုဆလင်ပို့စ်သတင်းစာမှာ ဇွန်လ ၂၈-ရက်နေ့က ဖြော်ပြထားသည်။ (အင်တာနက်- မူရင်းဘာသာပြန်သူ- စိုးစိုးနိုင်)
်
*** ဘရာဇီးကချန်ပီယန်၊ အမေရိကန်က ဒုတိယနှင့် ကွန်ဖက်ဒရေးရှင်းဖလား ဘောလုံးပွဲကြီးပြီးစီးပါပြီ…

No comments:
Post a Comment