ချယ်လ်ဆီးကလပ်မှ အက်ရှ်လေကိုး၏ ဇနီး အလွန်ပိန်ချင်သော ချယ်ရီကိုးလ်သည် ပြင်သစ်သို့ရောက်စဉ် အော်တိုမစ်တစ်ပေါင်ချိန်စက်ရှိရာသို့ ငွေအကြွေစေ့ထည့်ပြီးချိန်သည်။ ထွက်လာသော အဖြေကိုမကျေနပ်သော ကြောင့် အပေါ်အနွေးထည်ဝတ်ရုံကိုချွတ်ပြီး ငွေအကြွေစေ့ထည့်ကာ ချိန်ပြန်သည်။ ဒါလည်းမကျေနပ်၍ အပေါ်
အင်္ကျီထပ်ချွတ်သည်။ အကြွေထပ်ထည့်သည်။ ချိန်သည် ။ သို့ရာတွင် မကျေနပ်ပြန်။ ထို့ကြောင့် ဖိနပ်ချွတ်သည်။ အကြွေထည့်သည်။ ချိန်ပြန်သည်။ ခေါင်းခါပြန်သည်။ ထိုအခါ ရပ်ကြည့်နေသော ပြင်သစ်သားတစ်ဦးက ချယ်ရီ ကိုးလ်ထံပြေးလာပြီးပြောသည်။
“မိန်းကလေး စိတ်ကြိုက်ချိန်နော်။ နောက်အကြိမ်တွေမှာ မင်းအတွက်ငါအကြွေစေ့ထည့်ပေးမယ်သိလား…”
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ။
ဘာသာပြန်သူ- အိတ်တင်း
(ရွှင်ပြုံးတခဏ...ဘောလုံးဟာသ)

No comments:
Post a Comment