ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ မယ်တော်ဆေးခန်းတွင် ဇွန်လ ၆ရက်နေ့မှစပြီး မြန်မာပြည်သား မျက်စိ ဝေဒနာသည်များအား စမ်းသပ်စစ်ဆေးခြင်းများကို ပြုလုပ်ခဲ့သည်။ ထိုဝေဒနာသည် ၂၆၀-ဦးအား ဤသို့ ပိုင်းခြား စိတ်ဖြာကာ ကုသမှုပေးခဲ့သည်။ ရိုးရိုးမျက်စိရောဂါသည် ၄၃-ဦး၊ မျက်မှန်ပေးရသောအဆင့် ရောဂါသည် ၇၈-ဦး၊ မဲဆောက်ဆေးရုံကြီးကို ပို့ပေးရသူ ၇-ဦး၊ တိမ်တဖက်ဖြစ်နေသူ ၅၁-ဦး၊ မျက်လုံးတစ်လုံးထဲ ခွဲပေးရသူ ၅၂-ဦး၊ လုံးဝ အဆင်မပြေသေးသဖြင့် နိုင်ငံခြား ဆရာဝန်ဖြင့် ပြသရမည့်သူ ၁၀-ဦး စသည်ဖြင့် စာရင်းရှိကြောင်း မယ်တော်ဆေးခန်း တာဝန်ရှိသူများက ပြောဆိုသည်။
သတင်းဓါတ်ပုံ- မြန်မာပြည်သားRest of your post

No comments:
Post a Comment