ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, June 10, 2009

မြန်မာအိမ်ဖော်အလုပ်သမတဦးသေနတ်ဒဏ့်ရာဖြင့်သေဆုံး

>
အိမ်ဖော်အလုပ်သမား အမျိုးသမီးတစ်ဦး ယာဘက်နားထင်တွင် သေနတ် ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း ယမန်နေ့ထုတ် ထိုင်းရပ်သတင်းစာနှင့် ဒေးလီးနယူး သတင်းစာများအရ သိရသည်။ယခုလ (၇)ရက်ည ၁၁-နာရီ ခန့်အချိန်တွင် ဘန်ကောက်မြို့ ဘန်းကပိအရပ် လဖလောင်း (၁၀၁)လမ်း ရှိ ဂါးဒင်းထ၀ိ အိမ်ဂေဟာ အမှတ် (၄၃၇၆)တွင် အိမ်ဖေါ်အလုပ် လုပ်ကိုင် နေသူ အသက် (၁၇)နှစ်အရွယ် မတင်ဆိုသော မြန်မာအိမ်ဖေါ် အလုပ် သမတစ်ဦးမှာ နေအိမ်မီးဖိုချောင်တွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေ ကြောင်း အဆိုပါ သတင်းစာများတွင် ဖေါ်ပြထားသည်။မတင်မှာ

လက်ကားယား ခြေကားယား၊ ပက်လက်အနေအထားဖြင့် သွေးအိုင်ထဲတွင် သေဆုံး နေခြင်းဖြစ်ပြီး သေဆုံးသူ၏ ခါးအောက်တွင်(၃၈) မမ ပစ္စတိုတစ်လက်၊ ၄င်း၏ကျည်ဆံခွံ (၃)ခုနှင့်သေနတ်ထဲ တွင်လည်း ကျည်ဆံနှစ်တောင့် ကျန်ရှိနေသေးကြောင်း ရေးသားထားသည်။အိမ်ထဲမှ သေနတ်သံကြားရသဖြင့် ခြံစောင့်က အိမ်တံခါးရှိ လူခေါ်ခေါင်းလောင်းကိုနှိပ်ပြီး ခေါ်ကြည့်ရာ အိမ်အတွင်းမှ အသက် (၅၆)နှစ်အရွယ် အိမ်ရှင်အမျိုးသမီး နန်းစူကန်ယာ ကာနန်အနုကစ် ထွက်လာပြီး အတူသွားကြည့်မှ မတင်သေဆုံးနေသည်ကို သိရှိရခြင်း ဖြစ်ကြောင်းပြောသည်။အမှုလိုက်ရဲအရာရှိ၏ စစ်ဆေးမေးမြန်းချက်ကို အိမ်ရှင်အမျိုးသမီးက “သေ နတ်သံကို ကျမ မကြားလိုက်ဘူး။ ဘာကြောင့်လဲဆိုတော့ ရေချိုးခန်းထဲမှာ ရောက်နေလို့ပါ’’ဟု ဖြေကြားခဲ့သည်။
ရဲအရာရှိက သေနတ်ကိုအဘယ့်ကြောင့် အိမ်ဖေါ်တစ်ယောက်အား ပေးထားရသည်ကို မေးမြန်းရာ အိမ်ရှင် အမျိုးသမီးက “ကျမတို့ အပြင်သွားရင် သူတစ်ယောက်တည်း ကျန်ခဲ့တာမို့ အရေးကြုံရင် သူ့အတွက် အကာအ ကွယ်ဖြစ်အောင် ပေးထားတာပါ”ဟု ဖြေကြားခဲ့သည်။အိမ်ရှင် အမျိုးသားမှာ စစ်တပ်မှ အငြိမ်းစား အရာရှိ ဟောင်းတစ်ဦးဖြစ်ပြီး အမှုဖြစ်စဉ်တွင် နေအိမ်၌ မရှိပေ။အမှုလိုက် ရဲအရာရှိ ၀မ်ချိုင်းက “ဟုတ်ပါတယ်။ ဒီအမှုကိစ္စ မှန်မှန်ကန်ကန် ပေါ်ပေါက်နိုင်ရေးအတွက် ကျနော်တို့ ကြိုးစားနေပါတယ်”ဟု ပြောကြားခဲ့သည်။
သေဆုံးသူ မတင်မှာ ၄င်းနေအိမ်တွင် (၆) နှစ်ကြာ အလုပ်လုပ် နေသူဖြစ်ကြောင်း ထိုင်းရပ် သတင်းစာတွင် ရေးသားထားသော်လည်း၊ ဒေးလီးနယူသတင်းစာတွင်မူ (၂)နှစ်ကြာ အလုပ်လုပ်ကိုင်နေသူဖြစ်ကြောင်း ရေးသားထားသည်။ အလောင်းကို ဘန်ကောက်မြို့ မှုခင်းရဲဆေးရုံကြီးတွင် စစ်ဆေးလျှက်ရှိသည်။
အဆိုပါအမှုအတွက် အကူအညီများပေးနိုင်ရန် လူ့အခွင့်အရေး အဖွဲ့အစည်းတခုမှ မတင်၏ ဇာတိဒေသအား စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။အလားတူဖြစ်ရပ်မျိုး ၂၀၀၂ ခုနှစ် ဇွန်လတွင် အိမ်ရှင်မှ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့သဖြင့် အသက်(၁၈)နှစ်အရွယ် ကျိုက်ထိုမြို့သူ မစိုးသေဆုံးမှုကို (၂) နှစ်ကျော်ကြာမှ အိမ်ရှင်အား ဖေါ်ထုတ်ဖမ်းဆီး နိုင်ခဲ့သည်။ထိုင်းနိုင်ငံအတွင်းသို့ လာရောက် အလုပ်လုပ်ကိုင်သူများအနက် အိမ်ဖေါ်အလုပ် လုပ်ကိုင်သူအများစုမှာ အဓ္ဓမပြုကျင့်ခံရခြင်း၊ သတ်ဖြတ်ခံရခြင်း၊ လုပ်အားခမရရှိခြင်းနှင့် အစာရေစာ ၀လင်စွာ မစားရခြင်းများအပြင် ပြင်ပသို့လည်း ဖုန်းဖြင့် အဆက်အသွယ်လုပ်ခွင့်များ မရရှိကြောင်း သိရသည်။

သတင်း- ဦးကျော်သောင်း(ဘန်ကောက်)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)