အားလပ်ရက်တွင် မွေးရပ်မြေဖြစ်သော ပြင်သစ်ပြည် လီကာဒိုဒေသသို့ ပြင်သစ်လက်ရွေးစင်နှင့် မန်ယူအသင်းသားဖြစ်သူ အီဗရာ အလည်အပတ်ပြန်သည်။ ရထားဖြင့်အတူခရီးထွက်လာ ခြင်းဖြစ် သော်လည်း လီကာဒိုဘူတာ၌ ရထားမရပ်ဟုပြော၍ သူသည် စိတ်ညစ်သွားသည်၊ သို့သော် ရထား မောင်းသူက အီဗရာမှာ နာမည်ကြီးဖြစ်၍ အခွင့်အရေးပေးရန် ဆုံးဖြတ်လိုက်သည်။
“ဒါဆိုဒီလိုလုပ်၊ အဲဒီဘူတာမှာ အချိန်လျော့မောင်းပေးမယ်၊ ခင်ဗျားက အမြန်ပြေးဆင်းပေါ့၊ ဒါပေမယ့် ဆင်းတဲ့အခါ ရထားက အချိန်နဲ့ သွားနေလို့ မြန်မြန်လေး ပြေးဆင်းဖို့တော့ လိုမယ်နော်…” ဟုပြောသည်။ ဘူတာရောက်လာတော့ ရထားကအချိန်လျော့စဉ် အီဗရာပြေးဆင်းသွားသည်။ ရထား၏ အချိန်က အနည်းငယ်မြန်နေ၍။ ပြေးဆင်းသွားသော အီဗရာအနေဖြင့် ကိုယ်ရှိန်ထိန်းရန် ခပ်မြန်မြန်လေး ပြေးနေရသည်။ ဤတွင် ရထား၏ နောက်ဆုံးတွဲမှ လိုက်လာသော ခရီးသည်တဦးသည် ပလက်ဖောင်းအတိုင်းပြေးနေသော အီဗရာ၏ဂုတ်ကိုဆွဲ၍ ရထားပေါ်ဆွဲတင်လိုက်ပြီး နူတ်မှလည်းဤသို့ပြောလိုက်သည်။ “ကိုယ်လူ ခင်ဗျားကံကောင်းတယ်မှတ်၊ ကျုပ်ကူညီလို့ ခင်ဗျားရထားပေါ်ရောက်လာတာ၊ ဒီရထားက ဒီဘူတာရုံမှာ မရပ်ဘူးဗျသိလား….”
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ…
(ရွှင်ပြုံးတခဏ ဘောလုံးဟာသ)

No comments:
Post a Comment