ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, June 14, 2009

ကော့သောင်းမှာ မြန်မာအမျိုးသမီးတဦး မတရားပြုကျင့်ခံရပြီးခေါင်းဖြတ်အသတ်ခံရ

>

(အသတ်ခံရသူ မအေးသန္တာတင်နှင့် တရားခံပြေး သန်းမောင်၏ပုံ)

ဇွန် ၁၃
ထိုင်း-မြန်မာနယ်စပ် တနင်္သာရီ တိုင်း ကော့သောင်မြို့ ရတနာကျွန်း ဟိုတယ် တွင် ကွန်ပျူ တာစာရင်းနှင့် ဧည့်ကြိုအလုပ် လုပ်ကိုင်သော ကျောင်းသူ မအေးသန္တာတင်အား ဟိုတယ်လက်ထောက်မန် နေဂျာမှ မတရား ပြုကျင့်ပြီး ခေါင်းဖြတ် သတ်ပစ်ကာရေထဲမျောချခဲ့သည်။
ဧပြီလ ၁၉ရက်နေ့  ည ၁-နာရီခန့် ကဟိုတယ်လက်ထောက်မန်နေဂျာ သန်းမောင်အသက်(၃၄)နှစ်ရန်ကုန်မြို့ ရန်ကင်း နေထိုင်သူက၊ ဟိုတယ် ကွန်ပျူတာစာရင်းကိုင်နှင့်ဧည့်ကြိုအလုပ်လုပ်ကိုင်နေသူ အသက် ၁၉-နှစ် အရွယ် မအေးသန္တာတင်အား မတရားပြုကျင့်ကာ လည်ပင်းကိုဖြတ်ပြီး ရေထဲကိုပစ်ချခဲ့ ကြောင်းနီးစပ် သူများ ကပြောသည်။

“သန်းမောင်ဟာသေဆုံးသူရဲ့ မိခင်ဒေါ်ဝေတို့ နဲ့ ရင်းနှီးပါတယ်။သူပဲသမီးကိုအလုပ်သွင်းပေးတာပါ။ သမီးကလာမယ့်သြဂုတ်လဆိုရင် မြိတ်တက္ကသိုလ်မှာ ဥပဒေ ဘာသာကိုကျောင်းတက်ခွင့်ရရှိထားတာကြောင့် ကျောင်းစရိတ်ရှာတဲ့အနေနဲ့ တစ်လကို ကျပ်ငွေ ငါးသောင်းနဲ့ အလုပ်ဝင်လုပ်တာပါ။ သန်းမောင်ကသမီးကိုလက်ထပ်ခွင့်တောင်းတယ်။သမီးကပညာသင်ချင်သေးတော့ခုထိရည်စား လည်းမထားဘူး။အဲဒါကိုလက်ကြိုးတုတ်၊အဓ္ဓပြုကျင့်ပြီးသတ်ပစ်လိုက်တယ်၊မိဘတွေခုထိမအိမ်နိုင် မစားနိုင်ပါ၊သမီးလိမ္မာလေးပြောခဲ့တဲ့စကားတွေကိုနားမှာကြားနေတယ်၊အာဏပိုင်တွေခုထိ အမှုမှန် ကိုမထုတ်ဖေါ်ပေးကြဘူးရှင်''ဟုပြောသည်။ ယခင်နွားကြီး/နွားလေး ဟုခေါ်သော ယခု ၇တနာကျွန်းတွင် အဆိုပါကျွန်းကို အစိုးရကငှါးရမ်းပြီး စင်္ကာပူနှင့် ထိုင်းနိုင်ငံတို့ မှ ဖက်စပ်ဖွင့်လှစ်ထားသော ရတနာကျွန်းဟိုတယ်တွင် ၀န်းထမ်း ပေါင်းတစ်ရာကျော်ရှိပြီးရာထူးအလိုက်ဝန်ထမ်းအိမ်ယာခန်းများရှိသည်။သေဆုံးသူတို့ နေထိုင်ရာအဆောင်တွင်အခန်းပေါင်း ၂၂ခန်းရှိသည်။ ၀န်းထမ်းအခန်းများမှာ မျက်နှာချင်းဆိုင် ဘားတိုက်အခန်းများဖြစ်ပြီး၊ တစ်ခန်းနှင့်တစ်ခန်း နံရံ တစ်ချပ်သာခြားသည်။ မအေးသန္တာတင် အား ဧပြီလ၁၉ရက်နေ့ ည၁နာရီခန့်ကတည်းကသတ်ဖြတ်ပြီးရေးထဲသို့ အလောင်းကိုပစ်ချခဲ့သော်လည်း မိဘတို့ ကိုဧပြီလ ၂၂ ရက်နေ့တွင်ခွင့်ယူသွားကြောင်းအကြောင်းကြားခဲ့သည်။ မိဘများကစုံစမ့း်မေးမြန်းရာကော့သောင်းမြို့ တွင်လုံးဝမရှိသဖြင့် အဆိုပါဟိုတယ်သို့ သွားရောက် ကြည့်ရှု့ ခဲ့သည်။“၀န်ထမ်းတွေတစ်ယောက်မှအမှန်အတိုင်းမပြောကြဘူးရှင့်အေးသန္တာတင်နေတဲ့အခန်းကို
ဒေါ်ဝေတို့  ၀င်ကြည့်တော့ အသုံးအဆောင်တွေအကုန်လုံးရှိနေတယ်လေ ပြုတ်ကျနေတဲ့နားကပ်ရော့ဖုန်းရော လက်ပတ်နာရီကော ၊မှတ်ပုံတင်တွေ၊အားလုံးရှိနေတယ်။သမီးအသတ်ခံရပြီဆိုတာသိပြီလေ ဘာဖြစ်လို့ လဲဆိုတော့ခြင်ထောင်မှာဓါးဓဏ်ရာငါးချက်နဲ့  အောက်နားမှာသွေကွက်တွေအများကြီးတွေ့ တယ်။မိဘတွေကဧပြီလ၂၆ ရက်နေ့ မှာကော့သောင်းရဲစခန်းမှာအမှုဖွင့်တယ်။အလောင်းကိုတော့လူတွေတွေ့ ထားတာကြာပြီ၊မိဘတွေတွေ့တဲ့နေ့ကမေလ ၆ရက်နေ့ မှဆယ်မိုင်ရွာ(တာညုံပါဒကျေးရွာ)ှနားမှာတွေ့ရတာ၊ခေါင်းပြတ်က အလောင်းခန္ဓာနဲ့ ငါးပေလောက်ဝေးတယ်ကြိုးတွေနဲ့ ရစ်နေတယ်။လက်မောင်းရင်၂ဖက်လည်းပြုတ်နေပြီ လက်ကကြိုးကြီးကြီးတစ်ချောင်းနဲ့ ခါးမှာချည်ထားလို့ လွင့်မသွားတာ၊အပေါ်ပိုင်းအသားတွေမရှိတော့ဘူး၊နံရိုးတွေပြုတ်နေပြီ သဲသောင်ပြင်မှာလွင့်နေပါပြီ။ ခါးအောက်ပိုင်း ခြေထောက်ထိတော့ အသားတွေရှိသေးတယ်သူ့ အမေကတော့သူ့ သမီးလို့ ပြောတယ်''ဟုနီးစပ်သူတစ်ဦးကပြောသည်။
“အမှုမှန်ပေါ်ပေါက်စေချင်တာပေါ့နှော် သူ့ အမေဆိုရင် ညလည်းမအိပ်ဘူး ငုတ်တုတ်ထိုင်နေတယ်။ မိဘတွေကငွေမရှိဘူးလေ၊ အိမ်ဆိုင်ကလေးနဲ့ ပဲရပ်တည်နေရတာ၊ အားမရှိလို့ ခရီးမပေါက်ဘူးပေါ့၊ သမီးအတွက်တော့ပူပင်နေတာပေါ့ ကျောင်းဖွင့်တော့မယ်လေ၊သမီးလေးကျောင်းစရိတ်ရှာရင်းခုလိုဖြစ်ရတာပါ''ဟုပြောသည်။
လူသတ်မှုဖြစ်စဉ်တွင်အဆိုပါရတနာကျွန်းတွင်တစ်လတစ်ကြိမ်လုံခြုံရေးတာဝန်ကျနေသောရဲတပ်သားအမည်မှာ မောင်ယဉ်သွေးဖြစ်သည်။အမှုကို စခန်းမှူးရဲအုပ်အေးကြိုင်နှင့် ဒုရဲအုပ်အမှုစစ်မောင်မောင်လွင်တို့ ကကိုယ်တိုင်ကိုင်တွယ်နေသော်လည်း ယခုတိုင်အမှုမှန်ပေါက်ပေါက်ခြင်းမရှိသေးပေ။ တရားခံဟုယူဆရသူ သန်းမောင်မှာလည်း ဟိုတယ်ဝန်းထမ်းဦးမြင့်ကြည်မှ ဘတ်၂၀၀၀ လာရောက်ပို့ ဆောင်ခဲ့သဖြင့် ထိုင်းနိုင်ငံဘက်သို့ တိမ်းရှောင်သွားကြောင်းသိရသည်။ အမည်မဖေါ်လိုသော ရဲဝန်ထမ်းတစ်ဦးက“ဟုတ်ကဲ့ကျနော်တို့ အလောင်းကိုခုထိရှာမတွေ့ ပါဘူး
ရေငုတ်ကျွမ်းကျင်တဲ့လူတွေနဲ့ ရေငုတ်ပြီးတော့ရှာခဲ့ပါတယ်။မတွေ့ ခဲ့ပါဘူး။ကိုယ်ချင်းစာပါတယ်။ဒေါ်ဝေတို့ တွေ့ တဲ့အလောင်းတုန်းက ဆရာဝန်ကြီးနဲ့ စခန်းမှူးတို့ သွားကြည့်ကြပါတယ်။ ကျနော်တို့ လည်းပေါ်ပေါက်ချင်တာပေါ့ ခုကအတိအကျဘာမှလုပ်မရဘူးဖြစ်နေတယ် အသတ်ခံရတာတော့ဟုတ်ပါတယ်။ တရားခံလို့ ယူဆရသူ သန်မောင်လည်း ထိုင်းဘက်အခြမ်းကိုထွက်ပြေးသွားပြီလေ''ဟုပြောသည်။
မေလ၁ရက်နေ့ ညပိုင်းတွင် သန်းမောင် ကဒေါ်ဝေ ကို ဖုန်းဆက်ပြီး ကျွန်းကလူများကို ဒုက္ခမပေးဖို့ နှင့် ကျွန်းကို ရဲများလာရောက်စစ်ဆေးခံနေကြရသည်ကို သိရှိနေရကြောင်း၊အေးသန္တာတင် မှာနုတ်ကြမ်းသဖြင့် သူကိုယ်တိုင်သတ်ဖြတ်ခဲ့ကြောင်း၊ယခုအကြိမ်ဖုန်းဆက်ခြင်းမှာနောက်ဆုံးအကြိမ်ဖြစ်ကြောင်းပြောဆိုခဲ့သည်။ ရနာကျွန်းဟိုတယ်ကို တည်ဆောက်ခဲ့သည်မှာကြာခဲ့ပြီးဖြစ်သော်လည်း ပြီးခဲ့သည့် ၂၀၀၈ နှစ်လည်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း ဟိုတယ်အလုပ်သမားပေါင်း တစ်ရာကျော်ခန့် ရှိကြောင်း အဆိုပါရဲဝန်ထမ်းကပြောသည်။
ကော့သောင်းမြို့ အိမ်အမှတ်A1/17မြရည်ပုလဲလမ်း၊ရွှေဇင်ယော်ရပ်ကွက် နေ ဦးကျော်မောင်နှင့်ဒေါ်ဝေ တို့ တွင်သမီး၂ယောက်ရှိပြီးသမီးကြီးမှာ ရန်ကုန်တွင်စိတ်ပညာဘာသာရပ်ဖြင့် တက္ကသိုလ်ပညာကို သင်ယူနေဆဲဖြစ်သည်။ဦးကျော်မောင်မှာရခိုင်ပြည်နယ်ကျောက်တော်မြို့ မှဖြစ်ပြီးဒေါ်ဝေမှာ အညာသူဖြစ်ကြောင်းသိရသည်။

သတင်း-ကိုကျော်သောင်း (ဘန်ကောက်)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)