ထိုင်းလေတပ်အငြိမ်းစားအရာရှိတစ်ဦးက အဓ္ဓမပြုကျင့်ရန်ကြံစည်အားထုတ်မှုကို အိမ်ရှင်ဇနီးဖြစ်သူအားပြန် ပြောပြသောကြောင့် သေနတ်ကိုပြ၍သတ်ပစ်မည်ပြောသဖြင့် မြန်မာအိမ်ဖေါ်အလုပ်သမတစ်ဦး ထွက်ပြေး ကာလွတ်မြောက်လာခဲ့သည်။ ရှိဘန်ကောက်မြို့ ဖလန်ဆောင် ထနုန် ၂၈ ။ ၁၇ လမ်းတွင် လေးလကြာအိမ် အလုပ်လုပ်ကိုင်နေသူ ပဲခူးတိုင်း(----မြို့ )မှအသက်၃၅နှစ်အရွယ် မအေး အားအသက်၇၀ ကျော်အငြိမ်းစား အိမ် ရှင် ကဇွန်၁၁ ရက်နေ့ညက အဓ္ဓမပြုကျင့်ရန်အားထုတ်ခဲ့သည်။ထိုသို့အား ထုတ်မှုကို အိမ်ရှင်အမျိုးသမီး သမီး အားတိုင်တန်းပြောဆိုခဲ့သဖြင့် အိမ်ရှင်က မအေးကို သေနတ်ကိုပြ
ပြီးပစ်သတ်၍အလောင်းဖျောက်မည်ဟုပြောဆိုခဲ့သည်။“ကျမ ကို ညဘက်တီဗွီကြည့်ပြီး အဲဒီနေရာမှာ ဖက်တယ်၊နမ်းတယ် ၊ပြီးတော့ဟိုကိုင်ဒီကိုင်
ကြိုးစားတယ်၊ကျမလည်းရုန်းထွက်တယ် အဖိုးကြီးကိုတွန်းလှဲပြီး ကျမအိပ်တဲ့အခန်းထဲကို
ထွက်ပြေးလာခဲ့တယ်။ ကျမအခန်းထဲကလော့ချထားတယ် ၊ပြီးတော့ပေါင်ရင်း
လောက်ရောက်အောင်ရှည်တဲ့ခြေအိတ်နဲ့အတွင်းကနေတံခါးကိုကြိုးချည်ထားတယ်။ သူ အခန်းကိုသော့တွေနဲ့ဖွင့်တယ် မရဘူး၊ကျမကို တံခါးဖွင့်ပေးဖို့ ပြောတယ်၊ကျမအလုပ်မရှိတော့ဘူး မထွက်တော့ဘူးလို့ပြောတယ်။ သူက ကျမကို အဖွားကြီးကိုမပြောနဲ့ လို့ ပြောတယ်’’
အဆိုပါညက အိမ်ရှင်အဖွားကြီးမှာ အပြင်ကိုရောက်ရှိနေသည်။ အဖိုးကြီးမှာ သော့ကိုအလွယ်တကူဖွင့်၍မရရှိသဖြင့် လက်လျှော့ပြန်သွားခဲ့သော်လည်း ယခုကဲ့သို ကြံ
စည်အားထုတ်မှုကို ဇနီးဖြစ်သူအားအသိမပေးရန်ပြောဆိုခဲ့သည်။
“ကျမလည်းမိုးလင်းတော့ အဖွားကြီးကိုပြောလိုက်တယ်။ အလုပ်မလုပ်ချင်တော့ဘူးထွက်တော့မယ်လို့ ပေါ့။အဖွားကြီးကသူယောက်ျားကိုသွားပြောတယ်နဲ့တူပါတယ်။ အဖွားကြီး မနက်ဖက် အပြင်သွားတော့ ကျမကိုအခန်းထဲမှာနေဖို့ ပြောခဲ့တယ်။ အိမ်မှာခွေးကြီး၂ ကောင်းရှိတယ်
ခွေးဟောင်သံကြားလို့ ကျမထွက်ကြည်တော့ သူက ကျမကိုသေနတ်ကိုပြပြီးတော့ နင့်ကို
သတ်ပြီးအလောင်းဖျောက်ပစ်လို့ရတယ်ဘာညာဆိုတော့ ကြောက်တယ်လေ မနေရဲတော့ဘူး။ကျမလည်းအသိတစ်ယောက်ကနေ ဒီအလုပ်သမားအရေးဆောင်ရွက်တဲ့ အဖွဲ့ ကိုဆက်သွယ်
အကူအညီတောင်းခဲ့တာပါ။ခု ကျမ သူငယ်ချင်းအခန်းကိုရောက်သွားခဲ့ပါပြီ’’ဟုပြောသည်။
အိမ်ရှင်က အဓ္ဓပြုကျင့်ခံရရန်နှင့် သတ်ပစ်မည်ဟုပြောဆိုခဲ့သဖြင့် ကြောက်ရွံ့ ထိတ်လန့် 
နေသော မအေးကို လွတ်မြောက်အောင် ဆောင်ရွက်ပေးခဲ့သော ထိုင်းနိုင်ငံရောက်မြန်မာ
နိုင်ငံသားများအသင်းမှအမျိုးသမီးရေးရာနှင့်စည်းရုံးရေးမှု ဒေါ်သက်သက်ဦးက“ကျမတို့ 
အသင်းတာဝန်ခံ နဲ့ကျမတို့က မအေးကိုပြောတာပေါ့နှော် အကြံပေးတာပေါ့ ဘယ်လိုထွက်လာ၊ကျမတို့ဘယ်ကစောင့်မယ်ပေါ့။ကျမတို့ ဆီမှာနေလို့ ရတယ်။စက်ချုပ်သင်ပေးပြီးအလုပ်ရှာပေးမယ်ပြောပြတယ်။ဒါပေမယ့်သူက သူ့ သူငယ်ချင်းရှိရာ၊လုဘူလီကိုသွားချင်တယ်လို့ပြောတာကြောင့် ကျမတို့တက္ကစီနဲ့ပဲပို့ ပေးလိုက်တယ်။မနေ့ကပါ။ဘာပဲပြောပြော မြန်မာအလုပ်သမတစ်ယောက် အရှက်နဲ့ အသက်အန္တရာယ်
ကလွတ်မြောက်အောင်ကူညီဆောင်ရွက်ပေးနိုင်လိုက်လို့ ဝမ်းမြောက်ပါတယ်။ မြန်မာအမျိုး
သမီးငယ်တွေအနေနဲ့ အိမ်ဖေါ်အလုပ်ကိုမလုပ်ကြစေချင်ဘူးအရမ်းအန္တရာယ်များပါတယ်’’
ဟုပြောသည်။
ပြီးခဲ့သည့်ဇွန်လ(၇)ရက်နေ့ ည၁၁နာရီအချိန်က ဘန်ကောက်မြို့ ဘန်ကပိအရပ် လဖလောင်း(၁၀၁)လမ်းရှိ ဂါးဒင်းထ၀ိအိမ်ဂေဟာ အမှတ်(၄၃၇၆)တွင်အသက်(၁၇)နှစ်အရွယ်ရှိ မတင်ဆိုသော မြန်မာအိမ်ဖေါ်အလုပ်သမတစ်ဦး နားထင်တွင်သေနတ်ဒါဏ်ရာဖြင့်သေဆုံးခဲ့ကြောင်းထိုင်းသတင်းစာဒေလီနယူးတွင်ဖေါ်ပြခဲ့သည်။သို့ ရာတွင်အဆိုပါအမှုမှာ
အမှုမှန်ဖေါ်ထုတ်နိုင်ခြင်းမရှိသေးကြောင်းသိရသည်။ ထိုင်နိုင်ငံနေရာအနှံ့တို့တွင် အိမ်ဖေါ်အလုပ်
လုပ်ကိုင်နေသော မြန်မာအမျိုးသမီးများစွာရှိသည်။ပြင်ပနှင့်ဆက်သွယ်မှုမရရှိနိုင်ပဲ
အိမ်ရှင်များ၏ အနိုင်အထက်ပြုမူခြင်းအမျိုးမျိုးကိုခံနေရဆဲဖြစ်သည်။
ပေးပို့သူ ... ကိုကျော်သောင်း(ဘန်ကောက်)
ဇွန် ၁၃

No comments:
Post a Comment