*** ခန္ဓာကိုယ် သန်စွမ်းဖို့- ကြိုးစားအိပ်ကြစို့…
(နယူးယောက်၊ ဇွန်လ ၁၈)
လူအများစုသည် အပြေးပြိုင်ပွဲတပွဲအတွက် လေ့ကျင့်ရာတွင် ပို၍ပို၍ ပြေးနိုင်သောအကွာအဝေး မိုင်ပေါင်းများ စွာအပေါ်၌ အာရုံစိုက်ကြသည်။ ခန္ဓာကိုယ်ကျစ်လျစ်တောင့်တင်းရန်အတွက် ကာယလေ့ကျင့်ခန်းများနှင့် အ လေး မသော လေ့ကျင့်ခန်းများလုပ်ကြသည်။ သို့သော်လည်း နောက်ဆုံးသုတေ သနပြုလေ့လာရာ မှတွေ့ရှိ ရသောအချက်သည် အချိန်ပိုယူ၍ အိပ်ခြင်းသည်သာ အားကစားသမားတဦး၏ စွမ်းဆောင်ရည်ကို တိုးတက်စေ
နိုင်သည်ဟူ၍ ဖြစ်သည်။ဤအသေးစား လေ့လာမှုတွင် စတင်းဖို့ဒ်အမျိုးသမီးတင်းနစ်အသင်းမှ အဖွဲ့ဝင် ၅-ဦး ပါဝင်သည်။ ရက်သတ္တနှစ်ပတ်မှ သုံးပတ်အထိအိပ်ခြင်း၊ ကာယလေ့ကျင့်ခန်းလုပ်ခြင်းစသည့် ယင်းတို့၏ ပုံမှန်အစီအစဉ်အတိုင်း ဆက်လက်လုပ်ဆောင်စေသည်။ သူတို့၏ စွမ်းရည်ကို တိုင်းတာရန်အတွက် တာတိုပြေးခြင်း၊ တင်းနစ်ရိုက်ခြင်းတို့ကို လုပ်စေသည်။ ထို့နောက် ကစားသမားများကို ရက်သတ္တငါးပတ်မှ ခြောက်ပတ်အထိ အချိန်တိုး၍ အိပ်ရန်စေခိုင်းခဲ့သည်။ အိပ်ချိန်များတိုးပြီးသည့်နောက်တွင် အားကစားသမားမှာ လေ့ကျင့်ရာတွင် အိပ်ချိန်များတိုးပြီးသည့်နောက်တွင် အားကစားသမားမှာ လေ့ကျင့်ရာတွင် ပို၍ကောင်းလာသည်။ တာတိုအ ပြေးလေ့ကျင့်ရာတွင် (၁၉.၁၂)စက္ကန့်မှ (၁၇.၅၆)စက္ကန့်အထိ ပျမ်းမျှအားဖြင့် ကျဆင်းလာသည်။ ရိုက်ချက်တိကျ မှုသည် (၁၀.၈၅)မှ (၁၅.၄၅)အထိ လည်းကောင်း၊ အမှားအယွင်းမရှိ ဘောလုံးစပေးခြင်းသည် (၁၂.၆)မှ (၁၅.၆၁) အထိလည်းကောင်း တိုးတက်လာသည်။ အိပ်စက်ခြင်းသည် ယင်းတို့၏ အားကစားလှုပ်ရှားမှုအပေါ် အမှန်တကယ်အကျိုးသက်ရောက်ကြောင်းကို အားကစားသမားသည် ပထမဆုံးအကြိမ်အဖြစ် သဘော ပေါက် နားလည်လာကြကြောင်း အမေရိကန်ပြည်၊ စတင်းဖို့ဒ်တက္ကသိုလ် သုတေသနဓါတ်ခွဲခန်းနှင့် စတင်းဖို့ဒ် အိပ်ရေး မမှန်သူများဆေးခန်းမှသုတေသီများက ပြောကြားသည်။ ကျွန်ုပ်တို့သည် အိပ်ချင်စိတ်ကြောင်း သန်းဝေနေ သည် ကို ရပ်တန့်အောင်မလုပ်ပဲနှင့် ကောင်းကောင်းပြေးနိုင်မည်ဟု မည်သို့မျှော်လင့်ရပါမည်နည်း။ အချိန်ကြာမြင့်စွာ ကာယလေ့ကျင့်ခန်းလုပ်ခြင်းနှင့် အိပ်ရေး၀၀အိပ်ပြီးမှ ကာယလေ့ကျင့်ခန်းလုပ်ခြင်းတို့၏ ခြားနားချက်ကို ကျွန်ုပ်တို့သတိပြုမိကြပါရဲ့လားဟု သုတေသီများက မေးခွန်းထုတ်ထားပေသည်။ (အင်တာနက်) ဘာသာပြန်- ဦးသန်း
*** နေထိုင်မှုပုံစံ ပြောင်းလျှင် မျိုးဗီဇပြောင်းလဲမှုရှိကြောင်း သုတေသနပြုတွေ့ရှိ…
ဘ၀နေထိုင်မှုပုံစံ ပြောင်းလဲလျှင် သွေးတိုးရောဂါနှင့် သက်ဆိုင်သောမျိုးဗီဇသည်လည်း ပြောင်းလဲသွားသည်ကို လေ့လာတွေ့ရှိခဲ့သည်။ မွေးရာပါ သွေးတိုးရောဂါမျိုးဗီဇပါလာသူသည် ကျန်းမာရေးကို ပုံမှန်လိုက်စားလျှင် ထိုသူ၏ ဘ၀သက်တမ်းပိုမိုရှည်ကြာနိုင်ကြောင်း မြောက်ကာရိုလိုင်းနားတက္ကသိုလ်မှ သုသေသီများက လေ့လာ တွေ့ရှိခဲ့သည်။ အမေဇုန်ရှိ အမေရိကန်နှင့် အိန္ဒိယလူမျိုးများကြားတွင် သွေးတိုးရောဂါနှင့် ဆီးချိုရောဂါရှိသူတို့ကို နှလုံးရောဂါသုတေသနပြုအဖွဲ့က စမ်းသပ်တွေ့ရှိချက်များကို အခြေခံ၍ သုတွေသီများက ဖော်ပြခဲ့ကြသည်။ အ သက် ၁၄-နှစ်မှ ၉၃-နှစ်ကြားရှိ လူ ၃၆၀၀၀ ကိုလေ့လာစမ်းသပ်ကာ သုတေသနပြုခဲ့ကြသည်။ နေထိုင်မှု ပုံစံနှင့် လူမှုစီးပွားရေးမတူညီချက်ကလည်း မျိုးဗီဇပြောင်းလဲခြင်း ဖြစ်စေသည်ဟု နေ့စဉ်ကျန်းမာရေးသတင်းဌာနက လေ့လာတွေ့ရှိချက်ကို ဇွန်လ ၁၇-ရက်နေ့မှာ ထုတ်ပြန်ခဲ့သည်။ (အင်တာနက်)
(Public Health)

No comments:
Post a Comment