တရုတ်နိုင်ငံ ယူနန်ပြည်နယ် အနောက်တောင်ဘက်တွင် ဇွန်လ ၁၂ရက်နေ့ကတည်းက မုန်တိုင်းများ တိုက်ခတ်နေစဉ်အတွင်း မိုးကြိုးထိမှန်မှုကြောင့် လူ ၈-ဦးထက်မနည်း သေဆုံးကြောင်း ဇွန်လ ၁၇-ရက်နေ့၌ ပြည်နယ်ဆိုင် ရာ မြို့ပြအုပ်ချုပ်ရေးအဖွဲ့က ပြောကြားသည်။ ဒေသအများအပြားတွင် မိုးသက်မုန်တိုင်းများ တိုက်ခတ်ပြီး ဇွန်လ
၁၂ရက်မှ ဇွန်လ ၁၆ရက်အထိ ရေကြီးမှုဆက်တိုက် ဖြစ်ပွားစဉ်တွင် မိုးကြိုးပစ်ချကြောင်း ယင်းတို့သေ ဆုံးရသည် ဟု ဆိုသည်။ ပျမ်းမျှမိုးရေချိန် ၂၅ မီလီမီတာရှိပြီး မိုးရေချိန် ၁၂၄ မီလီမီတာအထိ ရုတ်တရက်မြင့်တက်လာကာ လူပေါင်း ၅၈၀-အား ဘေးကင်းရာဒေသသို့ ရွှေ့ပြောင်းခဲ့ရကြောင်း အိမ်ခြေ ၁၄၀-ကျော်ပြိုကျခဲ့ပြီး အိမ်ခြေ ၇၀၀-ခန့် ပျက်ဆီးခဲ့ကြောင်း၊ ကောက်ပဲသီးနှံ ဟက်တာ ၇၈၀၀-ခန့် ပျက်စီးခဲ့ပြီး တရုတ်ယွမ်ငွေ ၅၉.၂၉-သန်း (အမေရိကန်ဒေါ်လာ ၈.၆၇-သန်း) ဆုံးရှုံးခဲ့ကြောင်း သိရသည်။ (အင်တာနက်)
*** ကမ္ဘောဒီးယားနိုင်ငံမှာ ကျန်ရှိနေသေးသော ကျားများကို ထောင်ချောက်ကင်မရာနှင့် ခွေးများဖြင့် ခြေရာခံမည်…
(ဖနွမ်းပင်၊ ဇွန်လ ၁၈)
ကမ္ဘောဒီးယားနိုင်ငံတွင် ကျန်ရှိနေသေးသော ကျားများကို ထောင်ချောက်ကင်မရာအလုံး ၂၀၀-နှင့် အထူးလေ့ ကျင့်ပေးထားသည့် ခွေးနှစ်ကောင်တို့ဖြင့် သုတေသီများက စောင့်ကြည့်လေ့လာသွားမည်ဖြစ်သည်၊ ထိုခွေးများ မှာ တိရစ္ဆာန်၏မစင်ကို အနံ့ခံပြီး စတုရန်းမီတာ ၁၅၀-ကျော်အတွင်း ကျားများကို ခြေရာခံနိုင်ကြောင်း ကမ္ဘာ့ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့(WWF)၏ ဖော်ပြချက်အရ သိရသည်။ ကမ္ဘောဒီးယားနိုင်ငံ အရှေ့ဘက် (မွန်ဒူလ်ကီရီ) ကာကွယ်ရေးတောတွင်းရှိ ကျားများကို အကောင်းဆုံးကာကွယ်ရာတွင် အထောက်အကူ ပြုသွား မည်ဖြစ်ပြီး အဆိုပါတောမှာ အရှေ့တောင်အာရှနိုင်ငံများတွင် အကြီးဆုံးကျန်ရှိသော အပူပိုင်းခြောက် သွေ့ တော များ အနက် အပါအ၀င်ဖြစ်ကြောင်း ကမ္ဘာ့တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့(WWF)က ပြောကြား သည်။ (အင်တာနက်)
*** တရုတ်ပြည် အနောက်တောင်ဘက်မှာ မိုးကြိုးထိမှန်မှုကြောင့် လူ ၈-ဦးသေဆုံး…

No comments:
Post a Comment