ထိုင်းနိုင်ငံ ဘန်ကောက်မြို တွင်နေထိုင်အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမတစ်ဦး တွင်သဘာဝ မဟုတ်သောကိုယ်အင်္ဂါဖြင့်သားယောက်ျားငယ်တစ်ဦးကိုမကြာမီကမွေးဖွားလိုက်သည်။ရန်ကုန်ဇာတိ ဖခင် ကိုသန့်ဇော် မင်းနှင့် မအေးသီတာ တို့ ၏သားဦးကလေးငယ်ကိုမေလ၂၀ရက်နေ့ တွင်ဘန်ကောက်မြို့ ၊ဖပတန်၊ စမူပါကန် ရှိဘန်ဂျာဆေးရုံတွင်မွေးဖွားခဲ့သည်။အဆိုပါကလေးငယ်တွင် ယောက်ျားလိင်တံမှာ ဝှေ့ စေ့အောက်တွင်ရှိနေပြီး
မစင်စွန့်သောစအိုဝမှာပိတ်လျှက်မွေးဖွားလာခဲ့သည်။ထို့ ကြောင့် ၄င်းဆေးရုံမှ ကလေးမွေးဖွားပြီးပြီးချင်း
ဘန်ကောက်မြို့ လယ်အနုစ္စ၀ါလီ ကျောက်တိုင်အနီးရှိ ဘုရင်မ ကလေးအထူးကုဆေးရုံသိုပြောင်းရွေ ကုသမှုခံ ယူစေခဲ့သည်။ကလေးမိခင် မအေးသီးတာက“ ရှစ်လကျော်မှာ လမစေ့ပဲမွေးပါတယ်။ အစတုန်းကဥကလေးတစ် လုံးပဲရှိတာ၊ဒီနေ့ ဆရာရောက်လာမှ နှစ်လုံးဖြစ်သွားတယ်။ စအိုပေါက်ပိတ်နေလို ကလေးဗိုက်ကိုဖေါက်ထား တယ်။ မိဘမောင်ဖွားနဲ့ ဆွေမျိုးတွေမရှိလို့ ကျမ တော်တော် အားငယ်ခဲ့ပါတယ်။ ခုလိုအလုပ်သမား အရေး ဆောင်ရွက် သူတွေကလာပြီးတော့တတ်နိုင်သလောက်လာရောက်ကူညီပေးကြလို့ အထူးအားတက်မိပါတယ်။
ဆေးရုံမှာ ကျမ ကဘတ်ရှိလို့ နည်းနည်းသက်သာတယ်လို့ ပြောရအုံးမယ်၊ဘတ်လေးသောင်းကျော်ကျပါတယ်။ ကျမ ယောက်ျားမှာလည်းအလုပ်မရှိ၊ကျမလည်းကလေးကိုယ်ဝန်ရင့်မာကတည်းကအလုပ်မလုပ်နိုင်တော့ ဘယ်ကလာငွေစုမိမလဲရှင်၊ ကျမ ဘတ်၂၀၀၀ ရှင်းပေးခဲ့ပြီး၊လစဉ် ဘတ်၅၀၀ စီပေးဆပ်ပါမယ်လို့ လက်မှတ်ထိုး ခဲ့ရပါတယ်၊ဒီနေ့ ချူလာဆေးရုံကြီးကို ပြောင်းရပါမယ်၊ငွေမပေးနိုင်မှန်းသိရင်ဆေးကုပေးပါ့မလား လို့ ကျမစိုးရိမ် ပါတယ်၊ ကျမကိုဝိုင်းဝန်းကူညီပေးကြပါလို့ မေတ္တာရပ်ခံပါတယ်''ဟုပြောသည်။အဆိုပါကလေးငယ် ကိစ္စကိုလိုက်ပါ ကူညီပေးနေသူ NCCM(ခရစ်ယာန်အဖွဲ့)မှ ကိုသန်းဖေက“ကလေးငယ်သတင်းအချက်အလက်တွေရေးပြီး ဘန်ကောက်မှာရှိတဲ့စက်ရုံအလုပ်ရုံတွေမှာအလုပ်လုပ်တဲ့ မြန်မာအလုပ်သမား တွေဆီမှာအလှူခံမယ်၊ ရသ လောက်ပေါ့ဗျာ''ဟုပြောသည်။ကလေးငယ်မှာ လိင်အင်္ဂါ ပြောင်းပြန်အနေအထား မှလွဲ၍၊အခြားအစိတ် အပိုင်း အားလုံးမှာလူကောင်းပကတိအတိုင်းရှိကြောင်း ဆရာဝန်များ၏စနစ်တကျစစ်ဆေးမှုးအဖြေအရ သိရှိရ ကြောင်း ကလေးမိခင်ကပြောသည်။မိခင်နို့ ကိုကောင်းစွာစို့ ခြင်း၊ရှူ ရှူး ကောင်းစွာပေါက်ခြင်း၊ ကောင်းစွာငိုခြင်းများ ရှိ သဖြင့်မိခင်ဖြစ်သူမှာအသင့်အတင့်ကျေနပ်နေသည်။
သတင်း...ကိုကျော်သောင်း(ဘန်ကောက်)

No comments:
Post a Comment