(လော့နက်မဟာလင်းဂန်း၊ ဇွန် ၁၆ရက်)
(ကိုင်ဂါ)ညူကလီးယား အစီအစဉ်တွင် ပါဝင်သူသိပ္ပံပညာရှင် လော့နက်မဟာလင်းဂန်း သည်ကာနာတာကားပြည်နယ်တွင် ဇွန်လ ၈ရက်နေ့ နံနက်စောစော၌ လမ်းလျှောက်ထွက်စဉ် ပျောက်ဆုံးလျက်ရှိကြောင်း သတင်းရရှိသည်။ ပျောက်ဆုံးရသည့် အကြောင်းရင်းအား မသိရှိသေးကြောင်း၊ ပညာရှင်အဖွဲ့က အပူတပြင်းရှာဖွေလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီး ပါလာနီယာပန်းရှီဒန်ဘာရမ်က ဇွန်လ ၁၃ရက်နေ့မှာ ပြောကြားသည်။ သိပ္ပံပညာရှင် မဟာလင်းဂန်းသည် ပြန်ပြေးဆွဲခံရသည် ဆိုခြင်းကို ယုံကြည်ရန် အကြောင်းတစုံတရာမရှိကြောင်း၊ ယင်းသည် စစ်နည်းဗျူဟာ အစီအစဉ်တွင် ပါဝင်ခြင်းမရှိကြောင်း ပြည်ထဲရေးဝန်ကြီးက ထပ်မံပြောကြားသည်။ (အင်တာနက်)
*** ရုရှားနိုင်ငံ ရီကာတာရင်ဘတ်မြို့မှာ ရှန်ဟိုင်းအဖွဲ့အစည်းအဝေးစတင်ကျင်းပ…
(ရီကာတာရင်ဘတ်၊ ဇွန်လ ၁၆ရက်)
ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့(SCO) တွင် ပါဝင်သောနိုင်ငံများမှ ခေါင်းဆောင်များသည် ဇွန်လ ၁၅ရက်တွင် ထိပ်သီးဆွေးနွေးပွဲကို ရီကာတာရင်ဘတ်မြို့မှာ ကျင်းပကြသည်။ ထိုအစည်းအဝေးသို့ အဖွဲ့ဝင် (၆)နိုင်ငံမှအဖွဲ့ဝင်များဖြစ်ကြသော (တရုတ်၊ ရုရှား၊ ကာဇက်စတန်၊ ကာဂျစ်စတန်၊ တာဂျီကစ္စတန်၊ ဥဇဘက်ကစ္စတန်)တို့မှ ခေါင်းဆောင်းများ တက်ရောက်ကြသည်။ ယင်းအစည်းအဝေးတွင် ခေါင်းဆောင်များအနေဖြင့် မည်သည့်အကြောင်းအရာများကို ဆွေးနွေးကြကြောင်း လောလောဆယ်အားဖြင့် မသိရသေးချေ။ သို့သော်ယင်းတို့သည် ဒေသဆိုင်ရာလုံခြုံရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ကမ္ဘာ့ဘဏ္ဍာရေးကိစ္စများကို ဆွေးနွေးကြဖွယ်ရှိသည်ဟု သတင်းကဖော်ပြသည်။ ထိုအစည်းအဝေးတွင် အီရန်၊ မွန်ဂိုလီးယား၊ အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံများသည် လေ့လာသူများအဖြစ် ပါဝင်တက်ရောက်ကြသည်။ SCO အဖွဲ့ကို ၂၀၀၁-ခုနှစ်တွင် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)
*** အိန္ဒိယတွင် ညူကလီးယား သိပ္ပံပညာရှင် ပျောက်ဆုံးလျက်ရှိ…

No comments:
Post a Comment