(မက်ဒရစ်၊ ဇွန် ၁၆ရက်)
စပိန်လက်ရွေးစင်နှင့် ဗလန်စီယာကလပ်မှ တိုက်စစ်မှူးဖြစ်သူ ဒေါ်ဗစ်ဗီလာအား ရီးယဲလ်မက်ဒရစ်အသင်းမှ ခေါ်ယူရန်ကြိုးပမ်းခဲ့ရာတွင် သဘောတူညီမှုရရှိခဲ့ပြီဟု သတင်းများထွက်ပေါ်လာခဲ့သော်လည်း ယနေ့ထွက်ပေါ်လာသော သတင်းများအရ ယင်းပြောင်းရွှေ့မှုမှာ
ပျက်ပြယ်သွားပြီဟု ဗလန်စီယာအသင်းက ကျေညာလိုက်ကြောင်း သတင်းရရှိသည်။ ယခုအခါ ဒေးဗစ်ဗီလာအား ခေါ်ယူရေးအတွက် ဘာစိလိုနာ၊ မန်ယူတို့နှင့်အတူ ချဲလ်ဆီးအသင်းကလည်း အပြိုင်ကြိုးစားလာသည်ဟု သိရသည်။ ဒေးဗစ်ဗီလာ၏ ရီးယဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ရေးပျက်ပြယ်ရခြင်းမှာ ဗလန်စီယာအသင်းက ယင်းအား (ပြောင်းရွှေ့ကြေးသန်း ၄၀)အထိတိုးမြှင့်သတ်မှတ်လိုက်သောကြောင့် ဖြစ်ပြီး ချဲလဲဆီးအသင်းအနေဖြင့်မူ ယင်းပြောင်းရွှေ့ကြေးကို ပေးရန်အဆင်သင့်ရှိနေကြောင်း သိရသည်။ (အင်တာနက်)
*** ဒေးဗစ်ဗီလာ ရီးယဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ရေးပျက်ပြယ်…

No comments:
Post a Comment