*** အသားကင်စားသူများသည် ပန်ကရိကနှင့် ဆိုင်သော ကင်ဆာပိုပြီးဖြစ်နိုင်ဟု ဆို….
(၀ါရှင်တန်၊ ဇွန် ၂ရက်)
အကင်ဆိုင်များမှ အသားကင်များကို စားခြင်းသည် ပန်ကရိယနှင့်ဆိုင်သော ကင်ဆာရောဂါဖြစ်ပွားမှုနှုန်းကို တိုး စေသည်ဟု လေ့လာမှုတခုတွင် ဖော်ပြထားသည်။ အသားကိုကင်၍ဖြစ်စေ၊ (၀ါ)ကြော်ချက်၍ဖြစ်စေ စားခြင်း သည် ကင်ဆာဖြစ်ခြင်းနှင့် ဆက်စပ်နေသည်ကို ပြည်သူ့ကျန်းမာရေးဌာန (မိုင်နီဆိုတာ တက္ကသိုလ်)မှ တွဲဖက်ပါ မောက္ခ ကာရီစတင်အန်ဒါဆင်က တွေ့ရှိခဲ့သည်။ ကာစီနိုဂျင်ဟု ခေါ်သော ကင်ဆာဖြစ်စေသည့် ဒြပ်ပေါင်းသည် အသားကိုက်င်သည့် ကြော်သည့်အခါတွင် ဖွဲ့စည်းဖြစ်ပေါ်စေနိုင်ပြီး အသားများကို ပြုတ်၍(၀ါ)ချက်၍စားလျှင် မရရှိပေ။
အန်ဒါဆင်နှင့်အဖွဲ့က ယင်းတို့၏ လေ့လာ့မှုတွင် အသားစားသုံးသူ(၆၂၅၈၁)ဦး၏ စားသောက်မှုပုံစံများကို လေ့လာခဲ့ကြသည်။ လေ့လာသူတို့သည် ဆီးကျိတ်ကင်ဆာ၊ အဆုတ်ကင်ဆာ၊ ကိုလက်စတရော၊ သားအိမ်ကင်ဆာ အစိတ်အပိုင်းများကို လေ့လာခဲ့ကြသည်။ ဝေဒနာရှင်များကလည်း ယင်းတို့၏ အသားစားသုံးမှုနည်းလမ်းမျာကို ပြောပြကြသည်။ အသားကင်တွင် ကာစီနိုဂျင် ဖွဲ့စည်းမှုအပေါ်မူတည်ပြီး ကင်ဆာဖြစ်နိုင်ခြေတိုးလာသည်ဖြစ်ရာ အသားကြော်(၀ါ)အသားကင်ကိုစားမည်ဆိုလျှင် လောင်ကျွမ်းနေသော အပိုင်း(၀ါ) တူးနေသော အပိုင်းကို ဖယ်ရှားပြီး စားသုံးပါက အင်ဆာဖြစ်ပွားမှုကို လျော့နည်းစေသည်ဟု ယူဆကြသည်။ (အင်တာနက်)
(Public Health)

No comments:
Post a Comment