ဘောလုံးအသင်း ၂သင်းကစားစဉ် ကွင်းထဲသို့ ၀တ်လစ်စလစ်မိန်းကလေးတစ်ဦး ဖြတ်ပြေးသည်။ ဤတွင် ကွင်း လုံခြုံရေး ၀န်ထမ်း ၅-ဦးလိုက်လံဖမ်းဆီးရာ နောက်ဆုံးတစ်ယောက်မှာ သဲပုံးကြီးကိုထမ်းထားသည်ကို တွေ့ရ သည်။ ထူးဆန်းလွန်းသဖြင့် ဒိုင်လူကြီးက အဆိုပါလုံခြုံရေးထဲမှ တစ်ဦးကိုခေါ်၍ မေးမြန်းသည်။
“ဘယ်လိုဖြစ်တာလဲဗျာ… ပြောစမ်းပါဦး… ဟိုတစ်ယောက်က သဲပုံးကြီးထမ်းလို့…”
“ဒီနိုင်ငံမှာ ဒါတွေက ဖြစ်နေကျပါဗျာ။ ဟိုတစ်လောကလည်း ဒီလိုပဲ မိန်းကလေးတဦးဖြတ်ပြေးသေးတယ်ဗျ။ သဲပုံးထမ်းထားတဲ့ ငနဲကအရမ်းအပြေးသန်တယ်။ ဟိုတစ်ခါတုန်းက သူပဲမိန်းကလေးကို အမိဖမ်းလိုက်နိုင်တာလေ။ ဒါကြောင့် အခုသူ့ကို သံပုံးထမ်းခိုင်းထားရတာပါ….”
မှတ်ချက်။ ။ နိုင်ငံတကာဘောလုံးဟာသများမှ…
(ရွှင်ပြုံးတခဏ-ဘောလုံးဟာသ)

No comments:
Post a Comment