ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, June 4, 2009

ဖုတ်ဖရာ့မြို့ နယ်ကျေးရွာတရွာရှိလက်မှတ်မဲ့မြန်မာအလုပ်သမား၃၀၀ခန့်ထိုင်းစစ်တပ်ဖမ်းဆီး

> ယနေ့နံနက်ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ တောင်ဖက်ဖုဖရမြို့ နယ် ၄၄ကီလိုမီတာကျေးရွာရှိဝန်းများကို ထိုင်းစစ်တပ်မှ ၀င်ရောက်ဖမ်းဆီးပြီး အလုပ်သမားများနေထိုင်ရာအိုးအိမ်များကိုဖျက်ဆီးခဲ့သည်။ယနေ့
့နံနက် ၃နာရီခန့် က ထိုင်းနယ်ခြားစောင့်စစ်တပ်မှရာချီရှိသောစစ်သားများရောက်ရှိလာပြီး မြန်မာအလုပ် သမားနေထိုင်ရာ ၄၂ကီလိုကျေးရွာနှင့်အနီးပတ်ဝန်းကျင် ၄၄ ကီလိုကျေးရွာများရှိ မြန်မာအလုပ်သမား၃၀၀ ကျော်တို့ အားဖမ်းဆီးလိုက်သည်။ထွက်ပြေးသွားသူများ၏နေအိမ်အချို့ နှင့် ကျန်နေခဲ့သော အိုးခွက်ပန်း ကန်အသုံးအဆောင်အပါအ၀င်အ၀တ်အထည်အားလုံးတို့ ကို စုပြုံပြီးမီးတင်ရှို့ ခဲ့ကြောင်းမျက်မြင်သက်သေ
မယဉ်ဝင်းကပြောသည်။“ပြေးကြတာပေါ့ အိမ်သုံးလေးလုံးလောက်တော့မီးရှို့ သွားတယ်။အိမ် ၃၀ လောက်အဖျက်ဆီးခံရတယ်။တွေ့ သမျှစုပြီးရှို့ ပါတယ်။ပြီးတော့ မွေးထားတဲ့ ကြက်အချို့ ကိုလည်းယူသွားကြတယ်။ အသက်၇၀ ၀န်းကျင် လူကြီး ၃ယောက်လောက်ပါတယ်။ ဗိုက်ကြီးသယ်တွေရောကလေး သေးသေးလေး

တွေရော့ ။အလုပ်အကိုင်အဆင်မပြေရတဲ့ကြားထဲ ပူပင်သောကဖြစ်ရတာပေါ့လေ။ ဗမာပြည်မှာအဆင်မ ပြေလို့ လာတာ ဒီမှာကလည်း မလုံခြုံကျမတို့ တော်တော်အခက်ကြုံရပါတယ်''ဟုပြောသည်။အဆိုပါ၄၂ ကီလိုမီတာတွင်မြန်မာအလုပ်သမားများ၏ကလေးငယ်များပညာရေးအတွက်ကျောင်းဆရာလုပ်နေသူကို
ိုထိုက်သူအောင်က“၄၄ ရွာကကျနော်တို့ ကျောင်းသားမူကြို တန်းကနေ ၄တန်းထိ၁၂၀ ကျော် အားလုံး ဖမ်းသွားတယ်။အနီးအနားမှာရှိသမျှလူနေ၀င်းတွေကိုဖမ်းသွားပါတယ်လူလေးရာကျော်လောက်ရှိပါတယ်။
ဘတ်မရှိတဲ့အတွက်ဖမ်းမယ်ဆိုရင်ဖမ်းပေါ့ဗျာ ခုဟာကနေအိမ်တွေကိုဖျက်ဆီးတယ်။မူကြိုကလေးသုံးလေး နှစ်အရွယ်တစ်ယောက်ဆိုရင်မိဘတွေမှာဘတ်ရှိတယ်။အဖိုးအဖွားဆီမှာသွားထားတာ အဖိုးအဖွား ကိုဖမ်း တာနဲ့ ကလေးကိုပါဖမ်းသွားတယ်။မိဘကတောင်းပန်တာမရဘူးဗျ။ အိမ်တွေကိုဖျက်ဆီးတာ။ အ၀တ်အစား တွေကိုမီးရှို့ တာတွေက အရမ်းရက်စက်ရာကျပါတယ်''ဟုပြောသည်။နံနက်၃နာရီကျော်မှစ၍အကြမ်းဖက် ဖမ်းဆီးမှုမှာနံနက် ၈ နာရီဝမ်းကျင်လောက်ထိ ဖမ်းမိသောလူများကို ဖုဖရ မြို့ သို့ ကားများဖြင့်ဆက်တိုက်သယ်ယူနေကြောင်းပြောပြကြသည်။အဆိုပါ ၄၄ကီလိုရွာမှာမြန်မာအလုပ်သမားများမှာပြီးခဲ့သောလပိုင်း
က ယခုကဲ့သို့ ထိုင်းစစ်တပ်မှ လိုက်လံမောင်းထုတ်ဖျက်ဆီးခဲ့သဖြင့် တောတောင်ထဲတွင်လချီ၍ချောင်တိမ်း နေထိုင်ခဲ့ကြသည်။းမိုးကျလာသဖြင့်ယခုမှ နေထိုင်ရာဝင်းများသို့ ပြန်လာခဲ့သည်မှာရက်ပိုင်းသာရှိသေးပြီး ယခုထပ်မံဖမ်းဆီး ဖျက်ဆီးခြင့်ခံရခြင်းဖြစ်သည်။မှတ်တမ်းဓါတ်ပုံသွားရိုက်ခဲ့သူ ကျောင်းဆရာ ကိုညိုမောင် က“ဖမ်းတာတော့ဘတ်မရှိတဲ့အတွက်ဖမ်းပေါ့ဗျာ။လူ့ အခွင့်အရေးအပြည့်ရှိတယ်ဆိုတဲ့ ထိုင်းဝန်ကြီးအဘီ
ဆစ် ကိုတော့ ကျနော်တို့ ဘယ်လိုနားလည်ရမလဲလို့ မေးချင်တာပေါ့ဗျာ၊ဒီအရပ်ဒေသမှာ လုပ်နေကြသူ တွေအားလုံးဟာ မြန်မာအလုပ်သမားတွေချည်းပါပဲ။ လုပ်အားခ အပြည့်ရတာမဟုတ်ဘူး ဘတ် ၆၀နဲ့၁၀၀ ကြားမှာတစ်နေကုန် တစ်နေခန်းလုပ်နေကြရတာ။ အကျိုးအမြတ်က ထိုင်းနိုင်ငံအတွက်ပဲများပါတယ်။
အဲဒီမျက်နှာလေးကိုထောက်ပြီးတော့သနားညှာတာထောက်ထားသင့်တယ်လို့မြင်ပါတယ်ခင်ဗျ''ဟုပြော
သည်။စိုက်ပျိုးရာသီတွင်ယခုကဲသို့ မြန်မာအလုပ်သမားများကို လိုက်လံဖမ်းဆီးနေခြင်းမှာ ထိုင်းနိုင်ငံ၏
စိုက်ပျိုးရေးကိုထိခိုက်နစ်မှုများစွာဖြစ်စေနိုင်ကြောင်း၎င်းသွားရောက်ဓါတ်ပုံရိုက်ချိန်တွင်တဲအိမ်များ
မီးလောင်တုန်းရှိသေးကြောင်း ထွက်ပြေးလွတ်မြောက်သွားသူများမှာပြန်လည်ရောက်ရှိလာကြသော်
လည်း နေအိမ်အသုံးအဆောင်များမီးရှို့ ဖျက်ဆီးခံရသဖြင့်သောကများစွာဖြင့် ငုတ်တုတ်ထိုင် နေကြ ကြောင်းပြောသည်။မဲဆောက်အခြေစိုက် မြန်မာပြည်သူများအရေးပူးတွဲလှုပ်ရှားမှုကော်မီတီဥက္ကဌ
ကိုမိုးကြိုးက“ ပြီးခဲ့တဲ့မတ်လ ၂၈ ရက်နေ့ ကဖုဖရ မြို့ နယ် ၄၈ကီလိုမီတာ ၀ါးတောကျေးရွာကတဲအိမ်
အလုံး ၈၀ လောက်ကိုလည်းမီးရှို့ ဖျက်ဆီးခဲ့တယ်။တောထဲကိုထွက်ပြေးတိမ်းရှောင်နေခဲ့ရတဲ့မြန်မာ
အလုပ်သမား၂၀၀ ကျော်ကိုကျနော်တို့ အစာ ရေစာတွေ သွားပြီးတော့ ထောက်ပံ့ကူညီပေးခဲ့ရပါတယ်။ ထိုင်းအစိုးရအနေနဲ့  ဒီမိုကရေစီနိုင်ငံဆိုတော့ လူ့ အခွင့်အရေးကို လိုက်နာဖို့ တော့လိုတာပေါ့။ ခုလော လောဆယ် ထိုင်းအစိုးရက အလုပ်သမားလက်မှတ် ၂သန်း စီစဉ်ထုပ်ပေမယ်လို့ ပြောထားတယ်။
လက်မှတ်လုပ်ပြီးတဲ့အထိတော့ မြန်မာအလုပ်သမားတွေကို အခွင့်အရေးပေးသင့်တယ်။အလုပ်သမား
တွေမှာလက်မှတ်ရှိ၇င်လုံခြုံရေး၊ကျမ္မာရေးအားလုံးအတွက်ကောင်းတယ်သွားလာနေထိုင်ရေးအတွက်
်ပါကောင်းတယ်။အဲဒါကို လုပ်ငန်းရှင်တွေကမလုပ်ပေးချင်ကြဘူး။ပုလိပ်တွေ။လ၀ကတွေအပြင်ပြည်သူ့ စစ်တွေကအစနိုင်ထက်စီးနင်းလုပ်လို့ ရတယ်လေ။အရမ်းကာရောအနိုင်ကျင့်အရေးယူတာကိုတော့ကျ
နော်တို့ မနှစ်သက်ဘူး'' ဟုပြောသည်။သူခိုးဓါးပြများတွင် ကျေးရွာတစ်ရွာသို့ ဓါးပြ၀င်တိုက်မည်ဆိုပါက ဓါးတုတ် သေနတ်တွေကို ရွာနတ်စင်တွင်တင်ပြီးပစ္စည်းသာယူပြီးလူမသတ်ကြောင်းသစ္စာဆိုရ ကြောင်း
ကိုမိုးကြိုးကပြောသည်။ ဒီမိုကရေစီစစ်တပ် အနေဖြင့် ဂုဏ်သိက္ခာရှိရှိဆောင်ရွက်သင့်ကြောင်းလူကိုဖမ်းပြီး ပစ္စည်းများကိုသိမ်းယူခြင်း။ကြက်ဝက်များကိုယူဆောင်ခြင်းမျိုး။ဖျက်ဆီးခြင်းမျိုးမလုပ်သင့်ကြောင်း။ဒီမိုက
ရေစီနိုင်ငံလို့ အမည်ခံထားရင် အဆိုပါ လူ့ အခွင့်ရေးအင်္ဂါရပ်နှင့်ပြည်စုံရန်လို အပ်ကြောင်းပြောကြားသွား သည်။ထိုင်းနိုင်ငံတွင် ကမ္ဘောဒီယား။လာအိုများပါရှိကြောင်း သို့ ရာတွင်မြန်မာအလုပ်သမားများ ကိုဦးတည်ပြီးယခုကဲ့သို့ နှိပ်ကွပ်နေမှုမှာ အတိတ်သမိုင်းကြောင်းအရ မြန်မာတွေရောက်တုန်းရောက်ခိုက် ပြန်ပြီးဂလဲ့
စား ချေသလားဟူ၍ပင်သံသယဖြစ်မိကြောင်းပြောသည်။အဆိုပါ ဖုဖရမြို့ နယ်အတွင်းယခုကဲ့သို့ ရွာကို ဖျက်ဆီးမီးရှို့ခြင်းကျောင်းကိုဖျက်ဆီးခြင်းလုပ်ရပ်များမှာ၂၀၀၈ တွင် ၂ ကြိမ်နှင့် ယခု၂၀၀၉ တွင် ၂ကြိမ်ရှိပြီဖြစ်ကြောင်း ဒေသခံကျောင်းဆရာများနှင့် အလုပ်သမားအရေးဆောင်ရွက်သူများကပြောသည်။

သတင်း...ဦးကျော်သောင်း(ဘန်ကောက်)

ယနေ့နံနက်ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ တောင်ဖက်ဖုဖရမြို့ နယ် ၄၄ကီလိုမီတာကျေးရွာရှိဝန်းများကို ထိုင်းစစ်တပ်မှ ၀င်ရောက်ဖမ်းဆီးပြီး အလုပ်သမားများနေထိုင်ရာအိုးအိမ်များကိုဖျက်ဆီးခဲ့သည်။ယနေ့

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)