ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, July 2, 2009

ဗိုလ်နေ၀င်း စစ်အစိုးရလက်ထက် အမှတ်တရဟာသများ…

>
စားရေးသူ မဟာဇော်သည် စာဖတ်သူများသို့ မြန်မာပြည်သားစာစောင်နှင့် ဘလော့ဂ်မှနေ၍ ရာဇ၀င်ထဲက ဟာသများ ကိုလစဉ်တင်ဆက်ခဲ့ပါ၏။ သို့ကလို တင်ဆက်ခဲ့ရာ၌ ရာဇ၀င်ထဲက ဟာသများမှာ ရှေးဘုရင်များ လက်ထက်က အကြောင်းအရာများဖြစ်၍ နှစ်ပေါင်းများစွာကြာခဲ့သဖြင့် အလှည့်အပြောင်းလေးတခုလုပ်ပေးဘို့ ဆန္ဒဖြစ်ပေါ်လာခဲ့ပါ၏။ သို့အတွက် စာဖတ်သူများထဲတွင်လည်း ရှေးမှီ နောက်မှီပုဂ္ဂိုလ်များပါဝင်နေပေရာ များ မကြာသေးသောကါလ ဗိုလ်နေ၀င်း စစ်အစိုးရ တိုင်းပြည်အုပ်ချုပ်ခဲ့စဉ်က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ယခုလအတွက် တင်ဆက်လိုက်ချင်တာလေးက…
“မျိုးချန်ရမည့် ထန်းလျက်”(ထညက်)

ဗိုလ်နေ၀င်းသည် စစ်တပ်အကြီးအကဲတဦးအဖြစ်၊ ၁၉၆၂-ခုနှစ် မတ်လ ၂-ရက်နေ့တွင် နိုင်ငံတော် အာဏာ (State Power) ကို သေနတ်ပြ၍ ၀န်ကြီးချုပ်ဦးနူ ထံမှ သိမ်းယူခဲ့၏။ သူ့အစိုးရအဖွဲ့ကိုလည်း တော်လှန်ရေးကောင်စီ(Revolutionary Council) ဟု အမည်တပ်ခဲ့သည်။ သူ့တပည့် စစ်တပ်အကြီးအကဲများကို ဌာနတာဝန်ခံများ (ထိုစဉ်က ၀န်ကြီးလို့မခေါ်ပါ)ခန့်အပ်ခဲ့၏။
စာရေးသူ ငယ်စဉ်က အဖြစ်အပျက်ကလေးများ ဖြစ်သော်လည်း မှတ်မိနေပါ၏။ ထိုစဉ်က ကုန်သွယ်ရေးဝန်ကြီး (ကုန်သွယ်ရေးဌာနတာဝန်ခံ)မှာ ဗိုလ်မှူးချုပ် တင်ဖေဖြစ်ပါ၏။
မည်သည့်အတွက်ကြောင့်မသိ။ မြို့တော် ရန်ကုန်၌ ထန်းလျက်(ထညက်)များ (၁၉၆၃)ခုနှစ်စပိုင်းတွင် ရှားပါးရုံမျှမက ၀ယ်၍မရတော့သည့် အခြေအနေမှာ ကုန်သွယ်ရေးတာဝန်ခံ ဗိုလ်တင်ဖေကို ဗိုလ်နေ၀င်းက ခေါ်၍ဆူပူကြိမ်းမောင်းလေတော့၏။
စာရေးသူတို့ မြန်မာနိုင်ငံ၌ အညာဒေသ ကျောက်ပန်းတောင်း မြို့မှာ ထန်းလျက်(ထညက်)အလွန်ထွက်၏။ အရပ်ရှစ်မျက်နှာ ထန်းတောများဖြင့် ညို့ဆိုင်းနေရာ ရန်ကုန်လ္ဘက်ရည်ဆိုင်များ၌ပင် ချိုဆိမ့်တခွက် ဟုမှာလျှင် ကျောက်ပန်းတောင်း တစ်ခွက် ဟု တင်စား၍ ပြောကြ၏။ ဤမျှလောက်ဘဲ ထန်းလျက် (ထညက်)ပေါပါသည်။
ဆက်ရေးလိုက်ရရင်ဖြင့် ဗိုလ်တင်ဖေမှာ ကြံရာမရသည့်အဆုံး ကျောင်းပန်းတောင်းသို့ အောက်ပါကြေးနန်းစာကို ချက်ချင်းဆောင်ရွက်ရန် ပို့လွှတ်လိုက်တော့၏။ အလွတ်မှတ်သားစရာကြေးနန်း စာဖြစ်ရုံမက သမိုင်းဝင်ကြေးနန်းစာလည်း ဖြစ်သွားပါတော့သည်။
ကျောက်ပန်းတောင်းမြို့၊ တမြို့လုံး တနယ်လုံးအုတ်သြော်သောင်းနင်း (ဥသြလို့ မဖတ်ပါနှင့် ဥသြဆိုတာ ငှက်ပါ) ဖြစ်သွားခဲ့ပါ၏။ လူစု လူဝေး လူထူထပ်သော စကားဝိုင်းများ၌ ရယ်မောသံများဖြင့် သောသောညံခဲ့၏။ ကုန်သွယ်ရေးဝန်ကြီးကိုယ်တိုင် ရိုက်လိုက်တဲ့ကြေးနန်းစာလေးပါ။ အောက်တွင်ဖေါ်ပြလိုက်ပါသည်။ စဉ်းစားပြီး ဖတ်ကြပါ….။
သို့
ဥက္ကဌ
န-လ-က
ကျောက်ပန်းတောင်း
ထန်းလျက်(ထညက်)များ တစ်ဝက်မျိုးချန်
ကျန်တာ ရန်ကုန်ချက်ချင်းပို့
(ပုံ)
ဝန်ကြီး
ကုန်သွယ်ရေး
ပါတဲ့ခင်ဗျား….။
စာဖတ်သူများ စဉ်းစားကြည့်ပါ။ ထညက်ဆိုတာ ထန်းရည်ချိုကို မီးနဲ့ ကျိုချက်ပြီးမှ ထညက်ဘ၀ရောက်ရတာပါ။ စပါး၊ နှမ်း၊ ပြောင်းလို မျိုးစေ့ချန်ရတာမျိုး မဟုတ်လေတော့ အနှီကဲ့သို့ စာပေမတတ်သိသော “ပိဋကတ် အိုးကွဲ” များ တိုင်းပြည်အုပ်ချုပ်ခဲ့တာ အသဲနာစရာ မကောင်းပေဘူးလား ဗျာတို့….။
ပေးပို့သူ- မဟာဇော် (မကွေး)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)