ထိုင်းနိုင်ငံရောက် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံတွေက ရွှေ့ပြောင်းအလုပ်သမားတွေကို ယနေ့ဇူလိုင်လ ၁-ရက်နေ့မှ လာမယ့် သြဂုတ်လ ၃၁-ရက်နေ့အထိ အလုပ်သမားလက်မှတ် (W.P- 13)အသစ်စတင်လုပ်ပေး မှာဖြစ်ပါတယ်။ အဲဒါကြောင့် ထိုင်းနိုင်ငံမှာ ပုံစံအမျိုးမျိုးနဲ့ ရပ်တည်လှုပ်ရှားနေကြတဲ့ ရွှေ့ပြောင်းအလုပ်သမား တွေနဲ့ အဝေးရောက်မြန်မာပြည်သားတွေဟာ
ထိုင်းနိုင်ငံထဲမှာ ပုလိပ်၊ စစ်တပ်၊ လ၀က၊ နယ်ခြားစောင့် စတဲ့ ထိုင်းအာဏာပိုင်အစစ်တွေကကော၊ အယောင်ဆောင်တွေကကော၊ မိမိတို့ကို ခေါ်ယူစစ်ဆေးမေးမြန်းတာ၊ ငွေတောင်းတာ၊ ပြန်ပေးဆွဲတာတွေမလုပ်နိုင်အောင် အလုပ်သမားလက်မှတ်ကိုတော့ဖြင့် မဖြစ်မနေ လုပ်ကြဖို့ အကျိုးမျှော်လို့ နိုးဆော်ပါတယ်ခင်ဗျား....။
အလုပ်သမားလက်မှတ်ရှိခြင်းအားဖြင့်...
အဖမ်းမခံ... မည်သည့်ထိုင်းအာဏာပိုင် အဖွဲ့အစည်းကမှ ဖမ်းဆီးစစ်ဆေးတာ မခံရဘူး...။
လုပ်ခမှန်... ထိုင်းနိုင်ငံက ဒေသအလိုက် သတ်မှတ်ထားတဲ့ လုပ်အားခစံနှုန်းအတိုင်း ရရှိမယ်...(အခုမရသေးလည်း အလုပ်သမားပြဿနာ ပေါ်ပေါက်လာတဲ့အခါ တရားရုံးရောက်ရင် သတ်မှတ်ချက်အတိုင်း ပြန်ရပါတယ်)
ပေးရန်သုံးဆယ် ဆေးရုံမယ်... ဘတ်ငွေသုံးဆယ်ပေးပြီးတော့ မည်သည့် ဆေးရုံ၊ ဆေးပေးခန်းမှာမဆို ဆေးကုသလို့ရတယ်။
ကာကွယ်ဥပဒေမှတ်... ထိုင်းအလုပ်သမားကာကွယ်ရေး အက်ဥပဒေ ဘီအီး- ၂၅၄၁ (၁၉၉၈) ဥပဒေအရ သင့်ကို အကာအကွယ်ပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလင်္ကာတိုလေးကို မှတ်ပြီး အလုပ်သမားလက်မှတ်ရအောင် လုပ်ပေတော့ဗျို့...ဗျို့... ဗျို့....။
"အဖမ်းမခံ လုပ်ခမှန်
ပေးရန် သုံးဆယ် ဆေးရုံမယ်
ကာကွယ် ဥပဒေမှတ်..."
မြန်မာပြည်သား စာစောင်နှင့် ဘလော့ဂ်

No comments:
Post a Comment