(လန်ဒန် ဇွန်လ ၂၉ရက်)
အဘူဒါဘီအုပ်စုပိုင်ဆိုင်သည့် မန်စီးတီးကလပ်အသင်းသည် ဘာစီလိုနာမှ အီတူးနှင့် မန်ယူမှ တီဗက်ဇ်တို့ နှစ်ဦး အား ပေါင် ၂၅-သန်းစီဖြင့် ခေါ်ယူရန်သဘောတူညီမှု ရရှိလိုက်ပြီဖြစ်ကြောင်း သိရသည်။ ဘာစီလိုနာ တိုက်စစ်မှူး အီတူးက အသင်းမှ ထွက်ခွာရန် ဆန္ဒမရှိပါ-ဟု အစောပိုင်းက ပြောကြားခဲ့သော်လည်း ဘာစီလိုနာ အသင်း အနေဖြင့်မူ ၄င်းအားယခုနှစ်အတွင်းမှ မရောင်းချပါမူ လာမည့်နှစ်တွင် စာချုပ်သက်တမ်းကုန် ဆုံးတော့မည်ဖြစ် ခြင်းကြောင့် အလွတ်ပြောင်းရွှေ့ခွင့် ပေးရမည်ဖြစ်သည်။ ထို့ကြောင့် မန်စီးတီး၏ ကမ်းလှမ်းမှုကို လက်ခံ လိုက်ကြောင်း သိရသည်။ အီတူးအနေဖြင့် မန်စီးတီးကလပ်အသင်းတွင် တစ်ပတ်လုပ်ခ ပေါင် ၂-သိန်းခန့် ရရှိမည်ဖြစ်ပြီး တီဗက်ဇ်မှာမူ တစ်ပ်လုပ်ခ ပေါင် ၁-သိန်း ၆-သောင်း ရရှိမည်ဖြစ်သည်။ (အင်တာနက်)
*** အဒီဘာယော အားရောင်းချပြီး ဘန်ဇီမာကို ခေါ်ယူရန် အာဆင်နယ် စီစဉ်ပြီ…
(လန်ဒန် ဇွန်လ ၂၉)
ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းသည် အသင်းရှိ တိုက်စစ်မှူး အဒီဘာယောအား ရောင်းချပြီး မန်ယူ၊ ရီးယဲလ်မက်ဒရစ်တို့နှင့် အပြိုင်ဘန်ဇီမာအား ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။ အာဆင်နယ်အသင်းသည် အဒီဘာယောအား ပေါင် ၂၃-သန်းပေး၍ ခေါ်ယူရန် ပြင်ဆင်နေခြင်းဖြစ်သည်။ ဘန်ဇီမာသည် ယခုအချိန်တွင် အသင်းကြီးတော်တော်များများမှ စိတ်ဝင်စားခြင်းကို ခံနေရခြင်းကြောင့် အာဆင်နယ်အသင်းမှ ကမ်းလှမ်းမည့် ပေါင် ၃၀-သန်း ဆိုသည်မှာ နည်းလွန်းလှသည်ဟု အများက သုံးသပ်နေကြသည်။ (အင်တာနက်) ဘာသာပြန်- ၀င်းတင်(ကြေးမုံ)
*** တီဗက်ဇ်နှင့် အီတူ;တို့အား မန်စီးတီးက ခေါ်ယူပြီ…

No comments:
Post a Comment