ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, August 12, 2009

12Aug,09//*** စာစပ်တော်သော ဗြဲတရော်…

> ***(မြန်မာ့ကျေးလက်ပုံပြင်များ)***
အခါတစ်ပါးက ရတနာပုံနေပြည်တော် ယခုအခေါ် မန္တလေးမြို့ ရွှေမန်းမြို့၊ မန်းရွှေမြို့ စသည့် အမည်များနှင့် ထင်ရှားသော နေပြည်တော်မှ ဘုရင့်လှေတော်တွင် အမှုထမ်းရသော လှေတော်သား ၁-ယောက်သည် ကိစ္စတစ်ခုနှင့် သွားရင်းလာရင်း ဧရာဝတီမြစ် အနောက်ဘက် စစ်ကိုင်းမြို့နှင့် ၇-မိုင်ခန့်အကွာတွင် တည်ရှိသော ဗြဲတရော်ရွာကြီးအနီးသို့ ရောက်လာရာ ရေခပ်ထွက်လာသော ဗြဲတရော်သူ လှပျိုဖြူများနှင့် တွေ့ဆုံလေ၏။

ထိုအခါ လှေတော်သားကပင် စတင်၍ `အို အမိတို့ ဒီရွာကြီးရဲ့ အမည်ကို ဘယ်လိုခေါ်ပါသလဲ´ဟု မေးလိုက်သည့်အခါ ရေခပ်လာသည့် အမျိုးသမီးများက `ဒီရွာကို ဗြဲတရော်ရွာလို့ ခေါ်ပါတယ်´ `မောင်ကြီးကတော့ ဘယ်အရပ်က လာပါသလဲ´ `ဘာအလုပ်အကိုင်များ လုပ်ပါသလဲ´ `နာမည် ဘယ်လိုခေါ်ပါသလဲ´ ဟု ဖော်ဖော်ရွေရွေ၊ စပ်စပ်စုစု မေးကြလေသည်။
လှေတော်သားသည် ရွာနာမည် ကြားလိုက်သည်ဆိုလျှင် စာစပ်တော်သည့် ဗြဲတရော်ဆိုသည်ကို ကြားဖူးလေ၍ အကြံတစ်ခု ရလာသည်။
`သူတို့ရွာက စာစပ်တော်ကြတယ်ဆိုရင် စပ်လို့ မဖြစ်နိုင်အောင် ငါရဲ့နေရပ်နဲ့ အလုပ်ကိုတော့ အမှန်အတိုင်းပြောပြီး နာမည်ကိုတော့ ကြံဖန်ပြီး ခဲခဲယဉ်းယဉ်းပြောကာ စာစပ်ခိုင်းလေမှပဲ´ ဟု စိတ်ကူးပေါက်ပြီး `ကဲ- ကဲ အမိတို့မေးတာကို ကျုပ်ပြောပြမယ်၊ ကျုပ်ပြောပြီးရင် ကျုပ်ပြောသမျှကိုတော့ အမိတို့က စာစပ်ပြရလိမ့်မယ်နော်၊ ကဲနားထောင် နားထောင်´ဟု ဆိုပြီး-
`ကျုပ်တို့နေတာကတော့ မန္တလေးမြို့ပဲ၊ အလုပ်ကတော့ ဘုရင့်လှေတော်သား၊ နာမည်ကတော့ `ဂွပ်ဂွပ်ဂွမ်း´တဲ့၊ ကဲ-စာစပ်ပေတော့´ ဟု ပြောလိုက်လျှင် အရွယ်ငယ်ငယ် အမျိုးသမီးတစ်ယောက်က နှုတ်မှ ချက်ချင်းပင် စပ်ဆို ရွတ်ပြလိုက်သည်မှာကား-
“မန်းရွှေမြို့ပေါ်
လှေတော်မှုထမ်း
ဗြဲတရော်သူ လာမစမ်းနဲ့
ကိုဂွပ်ဂွပ်ဂွမ်း” ဟု စပ်ပြီး ဆိုပြလိုက်လေသည်။

***လူထု-ဦးလှ***

***(မြန်မာ့ကျေးလက်ပုံပြင်များ)***

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)