(မော်စကို၊ သြဂုတ်လ ၈-ရက်)
ရုရှားနိုင်ငံ သမ္မတ ဒီမီထရီမက်ဗီဒက်စ်နှင့် အမေရိကန်နိုင်ငံ သမ္မတ ဘားရတ်အိုဘားမားတို့သည် ညူကလီးယားလက်နက်လျှော့ချရေး သဘောတူညီချက်တရပ်ကို ဒီဇင်ဘာလ မတိုင်မီ ရရှိနိုင်ရန်အတွက် ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြသည်ဟု ရုရှားနိုင်ငံ ကရင်မလင်နန်းတော် သတင်းရပ်ကွက်က သြဂုန်လ ၄-ရက်နေ့မှာ ပြောကြားသည်။ မဟာဗျုဟာလက်နက် လျှော့ချရေး စာချုပ်ကို အောင်မြင်စွာချုပ်ဆိုနိုင်ရန် နှစ်နိုင်ငံခေါင်းဆောင်ချင်း
တယ်လီဖုန်းဖြင့်ဆက်သွယ်ပြောဆိုရာတွင် အတည်ပြုခဲ့ကြောင်း အာရ်အိုင်အေနိုဗိုစတီသတင်းဌာနက ဖော်ပြသည်။ လာမည့်ဒီဇင်ဘာလ မတိုင်မီ ပြည့်စုံသောအဖြေများရရှိရန် နှစ်နိုင်ငံခေါင်းဆောင်တို့က သဘောတူညီခဲ့ကြသည်။ ရုရှားနိုင်ငံ မော်စကိုထိပ်သီးဆွေးနွေးပွဲရလာဒ်ကို အကောင်အထည်ဖော်ရန် နှစ်နိုင်ငံခေါင်းဆောင်တို့က အပြန်အလှန်အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း၊ အထူးသဖြင့် ရုရှား-အမေရိကန်သမ္မတများဆိုင်ရာ ကော်မရှင်ကို စောစီးစွာ လက်တွေ့ဖော်ဆောင်သွားရန် လိုအပ်ကြောင်း ကရင်မလင်ဝက်ဘ်ဆိုက်၌ ဖော်ပြထား၏။ (အင်တာနက်)
*** တူရကီနိုင်ငံ၏ ပထမဦးဆုံး ညူကလီးယားဓါတ်အားပေး စက်ရုံကိုရုရှားက တည်ဆောက်ပေးရန် သဘောတူ…
(အင်ကာရာ၊ သြဂုတ်လ ၈-ရက်)
ဥရောပတိုက်၏ အကြီးဆုံး အစ္စလာမ်ဘာသာဝင်တို့၏ နိုင်ငံဖြစ်သော တူရကီနိုင်ငံအတွက် ပထမဦးဆုံး ညူကလီးယား ဓါတ်အားပေးစက်ရုံတည်ဆောက်ရေးအတွက် သဘောတူညီချက် စာချုပ်ကို ရုရှားနိုင်ငံဝန်ကြီးချုပ်နှင့် တူရကီနိုင်ငံဝန်ကြီးချုပ်တို့က လက်မှတ်ရေးထိုးလိုက်ပြီဖြစ်၏။ ရုရှားနိုင်ငံသည် အဆိုပါစာချုပ်နှင့် ပတ်သက်၍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းကို မကြာမီစတင်ဆောင်ရွက်သွားရန်ရှိသည်ဟု ရုရှားဝန်ကြီးချုပ် ဗလာဒီမာပူတင်က ပြောကြားသည်။ ယခုညူကလီးယားဓါတ်အားပေးစက်ရုံကိုတည်ဆောက်ရန်အတွက် ရုရှားတို့က ကမ်းလှမ်းသောဈေးနှုန်းသည် အမေရိကန်တို့က ကမ်းလှမ်းသောဈေးနှုန်းထက် ၅၀-ရာခိုင်နှုန်း ပို၍ သက်သာသည်ဟု ဆိုသည်။ (အင်တာနက်)
*** သီရိလင်္ကင်္ာနိုင်ငံတွင် ၀မ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ မြင့်တက်လာ…
သီရိလင်္ကာနိုင်ငံတွင် ၀မ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ အရေအတွက်သည် (၂၁၁၇၈)ဦးအထိ မြင့်တက်လာပြီး ယင်းရောဂါကြောင့် (၂၂၇)ဦး ရှိကြောင်း သြဂုတ်လ ၄-ရက်နေ့တွင် ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။ ပြီးခဲ့သော ဇွန်လတွင် ရောဂါဖြစ်ပွားသူ (၇၀၄၉)ဦးရှာရာမှ ယခုလူနာအရေအတွက်သည် မြင့်တက်လာခြင်း ဖြစ်ကြောင်းသိရသည်။ (အင်တာနက်)
*** အိန္ဒိယနိုင်ငံ တောင်ပိုင်းတွင် ကလေး ၃-ဦး မီးလောင်သေဆုံး…
အိန္ဒိယနိုင်ငံတောင်ပိုင်း၊ ဘန်ဂလောမြို့တွင် သြဂုတ်လ ၄-ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ရာ ကလေး ၃-ဦး မီးလောင်သေဆုံးခဲ့ကြောင်း၊ ပီတီအိုင်သတင်းဌာနက ဖော်ပြသည်။ သေဆုံးသူများမှာ အသက် ၇-နှစ်နှင့် ၄-နှစ်အရွယ် မိန်းကလေးနှစ်ဦး၊ ၃-နှစ်အရွယ် ယောင်္ကျားလေး ၁-ဦးတို့ဖြစ်သည်ဟု ဖော်ပြသည်။ (အင်တာနက်) ဘာသာပြန်သူ-စိုးစိုးနိုင်
*** မဟာဗျူဟာ လက်နက်လျှော့ချရေးစာချုပ် ချုပ်ဆိုရန် အမေရိကန်နှင့် ရုရှားသမ္မတများ သဘောတူညီကြ…

No comments:
Post a Comment