အင်္ဂလန်နိုင်ငံမှ ဘောလုံးဂုရုကြီး (ဆာဘော်ဘီရော့ဘ်ဆင်)ကွယ်လွန်သွားပြီးနောက် ကောင်းကင်ဘုံသို့ အစစ်ဆေးခံရန်ရောက်ရှိသွားခဲ့သည်။ ကောင်းကင်ဘုံတံခါးဝတွင် တံခါးစောင့်ဖြစ်သူ စိန့်ပီတာနှင့် တွေ့လေသည်။ စိန့်ပီတာသည် လူ့ပြည်မှ ကွယ်လွန်လာသူများအား (ကောင်းကင်ဘုံနှင့် ငရဲ)မည်သည့်ဘုံတွင် နေထိုင်ရမည်ကို ခွဲခြားပေးရသူဖြစ်သည်။ ဘော်ဘီရော့လ်ဆင်ရောက်ရှိလာသည်ကို သူတွေ့သည်နှင့်…
(
စိန့်ပီတာ) ဟဲလို… ဘောလုံးဂုရုကြီး ဆာဘော်ဘီရော့ဘ်ဆင်ပါလားဗျ…။ ခင်ဗျားကို ဆိုရင်တော့ ကျုပ်က သိပ်မေးမြန်းစရာမရှိပါဘူး…။
(ရော့ဘ်ဆင်) ကျနော်က ကောင်းကင်ဘုံ အထိရောက်အောင် နာမည်ကြီးနေတယ်ဆိုပါတော့၊ ဟုတ်လားဗျ မိတ်ဆွေကြီး…။
(စိန့်ပီတာ) ဟုတ်ပါတယ်။ ဟုတ်ပါတယ်၊ ခင်ဗျားတို့လို ဘောလုံးသမားတွေဆိုရင် ဘာမှ မေးစရာမလိုတာဗျ…။ ခင်ဗျားတော့ ငရဲပြည်ကို သွားဖို့သာပြင်ထားပေရော့…။
(ရော့ဘ်ဆင်) ဗျာ--- ဘယ်လို၊ ဘယ်လို…။ ကျုပ်က ငရဲပြည်ကို သွားရမယ်ဟုတ်စ။ လူ့ပြည်မှာတုန်းက ကျနော်က မကောင်းမှုမှန်သမျှ ဘာမှမလုပ်မိအောင် အတတ်နိုင်ဆုံး ရှောင်ခဲ့တာပဲ…။ ဒါ့အပြင်ကျနော် အလှူအတန်းတွေလည်း အမြဲလုပ်ခဲ့တာပဲ။ ဒါနဲ့တောင် ခင်ဗျားတို့တတွေကဗျာ…။ မဟုတ်သေးပါဘူး။ သေချာလည်း မှတ်တမ်းကောင်းတွေကို ပြန်ဖတ်ကြပါဦး…။
(စိန့်ပိတာ) ခင်ဗျားပြောတာမှန်သင့်သလောက် မှန်ပါတယ်။ ဒါပေမယ့် ခင်ဗျားတို့ဘောလုံး သမားတွေဟာ Super Sunday ဆိုပြီး တနင်္ဂနွေ အပတ်တိုင်း ဘောလုံးကန်နေကြတာမို့ လူတွေဟာ `ဘုရား၊ တရား ကိုလည်း မေ့နေကြပြီဗျ…။´ ဒါ့အပြင် ခင်ဗျားတို့ဘောလုံး သမားတွေ ကစားတဲ့ ဘောလုံးပွဲတွေကို မကြည့်ရမနေနိုင် ဖြစ်လာကြတယ်။ ကျုပ်တို့ ကောင်းကင်ဘုံမှာ ဘုရားသခင်ရဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း တစ်ကြိမ်တစ်ခါ ဆဲရေးတိုင်းထွာခဲ့ရင် ထိုင်-ထ(၁၀)ကြိမ်လုပ်ရတယ်။ ကျုပ်ဆိုတစ်နေ့ကို အကြိမ် ၁၀၀၀-လောက် လုပ်ရပြီး တနင်္ဂနွေနေ့ဆိုရင် ဘယ်နှစ်ကြိမ်မှန်းတောင် မသိအောင် ထိုင်ထလုပ်ခဲ့ရတယ်။ ဒါကြောင့် ခင်ဗျားတို့ ဘောလုံးသမားတွေကို ဒီတံခါးမှာ စစ်ဆေးပြီး စိတ်နာနာနဲ့ ငရဲချည်းပို့ပစ်နေတာဗျ…။
မှတ်ချက်.။ ။ Forever …. ဘောလုံးဂျာနယ်မှ….။
***(ရွှင်ပြုံးတခဏ - ဘောလုံးဟာသ)**…

No comments:
Post a Comment