ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, August 7, 2009

်7Aug,09// တန်ခိုးချင်း ပြိုင်သည့် ကြက် ၂-ကောင်

> …(မြန်မာ့ကျေးလက်ပုံပြင်များ…)
ရှေးအခါက တိုင်းပြည်တစ်ပြည်၌ အလွန်ဆင်းရဲသော ထင်းသည်လင်မယားနှစ်ယောက် ရှိလေသည်။ ထင်းသည်လင်မယားတို့မှာ နံနက် မိုးသောက်သည်မှ တောမြိုင်ထဲသို့သွား၍ ထင်းခုတ်၊ ထင်းဖြတ်ရသည်မှာ တစ်နေကုန်တစ်နေခန်း ညနေစောင်းသည်အထိဖြစ်သည်။ စုစည်းပြီးသောထင်းများကို လင်မယားနှစ်ယောက် တစ်ထမ်းစီ ထမ်းခဲ့ကြပြီး မြို့တွင်းသို့ ရောက်သည့်အခါ ၀မ်းရေးအတွက် ဆန် ဆီ ဆားတို့ဖြင့် လဲလှယ်စားသောက် အသက်မွေးဝမ်းကျောင်းမှုကို ပြုရလေသည်။

တစ်နေ့သောအခါ ထင်းသည် လင်းမယားနှစ်ယောက်တို့သည် နံနက်မိုးသောက်လျှင် အိပ်ရာမှထပြီး ဓါး၊ ရေဘူး၊ ထမင်းထုတ်တို့ကို ကိုယ်စီယူ၍ ခါတိုင်းကဲ့သို့ပင် တောမြိုင်ထဲသို့ ထင်းခုတ်ရန် ထွက်ခဲ့လေသည်။ ဆင်းရဲသား ထင်းသည်လင်မယားမှာ ထင်းခုတ်မှ ၀မ်းဝရသည်ဖြစ်သဖြင့် နေ့စဉ်နေ့တိုင်း ထင်းခုတ်ခဲ့ရသည်မှာ တောမြိုင်တွင်း၌ နေရာချင်းထပ်လျက် ရှိလေ၏။ ထင်းခုတ်ရန်နေရာသည်ပင် တစ်စတစ်နှင့် ဝေးသည်ထက် ဝေးလာလေသည်။ ထိုနေ့၌ ထင်းသည်လင်းမယားမှာ ခရီးဝေးလှသဖြင့် ပင်ပန်းနွမ်းနှယ်ပြီး အချိန်နောက်ကျမှ ထင်းခုတ်ရရာ နေစောင်းသွားသော်လည်း ထင်းအနည်းငယ်သာရရှိသည်။ ရသမျှထင်းစည်းများဖြင့် ထင်းသည်လင်မယားမှာ မြို့ဆီသို့ ခပ်မြန်မြန် ပြန်ခဲ့ကြလေသည်။ သို့သော် မြို့တံခါးဝသို့ ရောက်သောအခါ နေလုံးလုံးဝပျောက်ကွယ်သွားပြီး မှောင်မည်းလျက်ရှိလေသည်။ မြို့တံခါးလည်း ပိတ်ပြီး မြို့တွင်း၌ တိတ်ဆိတ်ငြိမ်သက်လျက်ရှိလေသည်။
ဆင်းရဲသား လင်းမယားသည် မြို့တံခါးပိတ်ထားသဖြင့် တံခါးမှူးအား ဖွင့်ပေးပါရန် စကားမဆိုဝံ့တော့၍ မြို့တစ်နေရာရှိ ဇရပ်တစ်ခုပေါ်သို့တက်၍ အိပ်ကြရလေသည်။ ထိုဇရပ်အနီး၌ အလွန်ကြီးသော ညောင်ပင်ကြီးတစ်ပင်ရှိရာ ထိုညောင်ပင်ကြီးပေါ်၌ အရပ်ရပ်မှ ကြက်များသည် အိပ်တန်းတက် မှီခိုနေကြလေသည်။ ထင်းသည်လင်းမယားမှာ ညောင်ပင်ကြီးပေါ်၌ ကြက်များ အိပ်တန်းတက်ကြသည်ကိုလည်း မသိ၊ ခရီးကပန်း၊ အစာက မစားရသဖြင့် ဇရပ်ပေါ်တွင် ဖြစ်သလို အိပ်လိုက်ကြသည်။ သို့သော် အိပ်၍ကား ပျော်ကြသေးသည်မဟုတ်၊ မိမိတို့ဘ၀၏ ဆင်းရဲပင်ပန်းမှုများကို စဉ်းစားတွေးတောနေကြလေသည်။
ညသန်းခေါင်ယံအချိန်တွင် ကြက်နှစ်ကောင်၏ ထူးဆန်းသော စကားသံများကို ထင်းသည်လင်မယားက ကြားရလေသည်။ ပထမကြက်က `ဟယ် ငါကဲ့သို့သော ကိုယ်ပေါ်သို့ နင်ကဲ့သို့သော ကြက်ယုက်မာ၏ အညစ်အကြေးများကို စွန့်ချရသလော၊ ဟယ် ကြက်ယုတ် ယခုလာ၍ ဖယ်ရှားသုတ်သင်ပေးလော့´ ဟု ပြောဆိုလိုက်သည်။ ထိုအခါ ဒုတိယကြက်က ညောင်ပင်၏ အမြင့်ကိုင်းတစ်နေရာဆီမှ `ဟယ် ကြက်ယုတ်မာ နင်အဘယ်သို့သော စကားကို ပြောလေသနည်း၊ နင့်ထက် ငါ့က မြတ်သဖြင့် နင့်အထက်က ငါအိပ်ရသည်။ နင့်တန်ခိုးနှင့် နင့်အစွမ်း ဘာများရှိသလဲ´ ဟု ဆိုလေသည်။
ထိုအခါ ပထမကြက်က `ဟယ် ကြက်ယုတ်မာ နင်က ငါ့အထက်ကအိပ်ရသဖြင့် ဘာတန်ခိုးသတ္တိများ ထူးကဲသလဲ၊ ငါ၏ အစွမ်းသတ္တိကို ငါပြောမယ်၊ ငါ၏ အသားကို စားရသူသည် မှူးကြီးမတ်ရာ သေနာပတိ မင်းခစားယောင်္ကျားဖြစ်မယ်၊ ငါ့၏ အသည်းနှလုံးကို စားသော မိန်းမသည် မင်းမိဖရား ဧကန်ဖြစ်မယ်၊ ငါ၏ အရိုးကို ကိုက်ရသူသည် သူဌေးသူကြွယ်ဖြစ်မယ်၊ ဤကဲ့သို့သော တန်ခိုးသတ္တိမျိုးငါ့မှာရှိတာကို သင်မသိလေသလား´ ဟု ဆိုလေသည်။ ပထမကြက်က မိမိ၏ အစွမ်းသတ္တိကို ကြွားဝါလေလျှင် ဒုတိယကြက်ကလည်း အညံ့မခံ တန်ခိုးချင်း ပြိုင်လေတော့သည်။ `ဟယ် ငါ့အောက်မှာနေရသည့် ကြက်ယုတ်မာ အောက်ကလည်းနေလေသေး ကြောက်ပြီလားလည်းမေးတဲ့ သူလို ငါ့ကို အန်တုလို့ မာန်စောင်မနေနဲ့ ငါ၏ တန်ခိုးသတ္တိကို ငါပြောပြမယ်။ ငါ့ဦးခေါင်းကို စားရသူဟာ ယောင်္ကျားဖြစ်ရင် ၇-ရက်အတွင်း မင်းဧကရာဇ် ဧကန်ဖြစ်မယ်၊ မိန်းမဖြစ်ရင် ၇-ရက်အတွင်း မင်းမိဖုရား ဧကန်ဖြစ်မယ်၊ ငါ၏အသည်းနှလုံးကို စားရသူဟာ မှူးမတ်သေနာပတိကြီးများ ဧကန်ဖြစ်မယ်၊ ငါ့အသား စားရသူဟု သူဌေးသူကြွယ် ဧကန်ဖြစ်ရမယ်´ ဟု ပြန်ဆိုလေသည်။
ထို့နောက် ထင်းသည်ယောင်္ကျားက `ရှင်မ ငါတို့မှာ အလွန်ဆင်းရဲလှသည်။ ယခု ကြက်နှစ်ကောင် တန်ခိုးပြိုင်ကြသည့်အတိုင်း မှန်ခဲ့လျှင် ရှင်မနှင့် မောင်တို့မှာ မင်းဧကရာဇ်၊ မင်းမိဖုရား ဖြစ်ရမည်မှာ မလွဲတော့ပြီ၊ ယခုပင် ညောင်ပင်ထက်သို့တက်ပြီး ကြက်နှစ်ကောင်ကို ဖမ်းယူမည်´ ဟု တိုင်ပင်ပြောဆိုလေ၏။
ကြက်နှစ်ကောင်ကို ဖမ်းယူပြီးသည်နှင့် မကြာမီပင် နံနက်မိုးသောက်လင်းပြီဖြစ်၍ မြို့တံခါးများလည်း ဖွင့်သဖြင့် ထင်းသည်လင်မယားတို့သည် ဇရပ်ပေါ်မှ ဆင်းခဲ့ကြပြီး ထင်းစည်းများထမ်း ကြက်နှစ်ကောင်ကိုပွေ့လျက် မြို့တွင် မိမိတို့တဲ့ငယ်သို့ သွားကြလေသည်။ တဲ့ငယ်သို့ရောက်လျှင် ကြက်နှစ်ကောင်၏ ပြောဆိုကြသော စကားအရ ချက်ချင်းပင်သတ်ပြီး ဟင်းချက်၍ စားလိုက်ကြလေသည်။
ထို့နောက် ၇-ရက်ကြာသောနေ့တွင် ပြည့်ရှင်ဘုရင်မင်းကြီးသည် အိုမင်းရင့်ရော်ပြီဖြစ်သဖြင့် နတ်ရွာစံကံတော်ကုန်လေသည်။ ထိုအခါ မှူးမတ်တို့သည် နန်းစည်းစိမ်းကို ဆက်ခံနိုင်မည့် ဆွေတော်မျိုးတော်များ မရှိသဖြင့် တိုင်းပြည်အုပ်ချုပ် မင်းမြှောက်သင့်သည် မင်းလောင်းများ ရှာဖွေရန် စီစဉ်ကြရလေသည်။ မကြာမီပင် ဖုတ်သွင်းရထားတစ်စင်း ပြုလုပ်ပြီး ရထားပေါ်ရ မင်းမြှောက်တန်ဆာငါးပါးနှင့် တူရိယာမျိုးစုံ တီးမှုတ်လျက် မင်းလောင်းရှိရာ အရပ်သို့ ဆိုက်ကပ်စေရန် အဓိဌာန်ဖြင့် ဖုတ်သွင်းရထားကို စေလွှတ်လေသည်။
ဖုတ်သွင်းရထားသည်လည်း ဆင်းရဲသား လင်မယား၏ တဲငယ်ရှိရာသို့ ဆိုက်ဆိုက်မြိုက်မြိုက် ချဉ်းကပ်ဦးခိုက်လေသည်။ ထိုအခါ မှူးမတ်တို့လည်း တဲငယ်အတွင်းရှိ ဆင်းရဲသားလင်မယားကို တိုင်းပြည်အုပ်ချုပ် မင်းလုပ်ပါရန် ရထားပေါ်သို့ တက်စေပြီး နန်တော်သို့ ပင့်ဆောင်သွားကြလေသည်။ ထို့နောက် ဆင်းရဲသားလင်မယားသည် မင်္ဂလာဘိသိက်တော်ကို ခံယူပြီးလျှင် တိုင်းပြည်အုပ်ချုပ် မင်းလုပ်လျက် ပျော်ပျော်ကြီးစံမြန်းတော် မူကြလေသည်။
ဘုရင်နှင့် မိဖုရားတို့လည်း မိမိတို့၏ အတိတ်ဘ၀ကို ပြန်လည် စဉ်းစားမိတိုင်း ကြက်နှစ်ကောင် တန်ခိုးပြိုင် မာန်စောင်ကြသည်ကို ကြားယောင်လျက် ရှိနေ၏။ ကြက်နှစ်ကောင်သာ ညီညီညွတ်ညွတ် နေထိုင်ကြပြီး မာနတံခွန်များ မထူကြလျှင် ငါတို့သည်လည်း ဆင်းရဲသားဘ၀နှင့်သာ အရိုးထုတ်ကြရမည်။ မာန်မာနထားကြခြင်းသည် အကျိုးမများ၊ အကျိုးသာယုတ်စေသည်ကို ကြက်နှစ်ကောင်၏အကြောင်း တွေးတောမိတိုင်း သတိတရားရလျက် မှူးမတ်တို့အား အရာရာတွင် တရာ;နှင့် ဆောင်ရွက်ကြစေရန် အမြဲတစေ မိန့်ကြားလျက် အုပ်ချုပ်တော်မူလေသတည်း။

*** လူထု-ဦးလှ

…(မြန်မာ့ကျေးလက်ပုံပြင်များ…)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)