မြန်မာလူကုန်ကူးသူ ဂိုဏ်းသား၃ဦးကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တောင်ဘက်ပင်လယ်ကမ်းခြေမြို့ ဖြစ်သော စတ်တဟစ်မြို့ တွင်ယမန်နေ့ကထိုင်းရဲတပ်ဖွဲ့ ကဖမ်းဆီးလိုက်သည်။ယခုဖမ်းဆီး မှုနှင့်ပတ်သက်ပြီး ဒီအက်အိုင်အထူးစုံစမ်းရေးဌာနက ၊ ကလေးသူငယ်နှင့်အမျိုးသမီးကာကွယ်စောင့်ရှောက်ရေး ရဲတပ်ဖွဲ့ အရာရှိ ဒုတိယ ရဲမှူးကြီးထနတ်ဖတ်မူစိကာနွန်းက ``လူကုန်ကူးတဲ့ဂိုဏ်းသားတွေ လှောင် ပိတ်ထားတဲ့မြန်မာအလုပ်သမား ၈
ဦးထဲက ကျော်ဝင်းထွန်းဆိုသူက သူ့ ဆွေမျိုးတွေကိုဆက်သွယ်လာတယ်။ဂိုဏ်းသားတွေက ဘတ်ငွေ ၁ သောင်းခွဲတောင်းယ်။ မပေးရင် ငါးဖမ်းလှေထဲရောင်းစားမယ် ။ ဒါမှမဟုတ်သတ်ပစ်မယ်လို့ ခြိမ်းခြောက်တယ်။ ကျော်ဝင်းထွန်းရဲ ဆွေမျိုးက လူမှုရေးအဖွဲ့ တခုရဲ့ အကူအညီနဲ့ ရဲကိုတိုင်ကြားလာလို့  ရဲကဖမ်းဆီးနိုင် တာဖြစ်တယ်´´ ဟု ဘီဘီစီကိုပြောသည်။လူကုန်ကူးသူ ဂိုဏ်းသားများ၏ အိမ်ကိုရှာဖွေတဲ့အခါလှောင်ပိတ်ခံထားရသော မြန်မာအလုပ်သမား ၈ ဦးကိုပါတွေ့ ရှိ ကယ်တင်နိုင်ခဲ့ကြောင်းရဲကပြောကြားသည်။ လူကုန်ကူးတဲ့ဂိုဏ်းသား များကို လူကုန်ကူးမှု ၊ မတရားလှောင်ပိတ်ထားမှု ၊ခြိမ်းခြောက်မှုများနှင့်အရေးယူခံရမည်ဖြစ်ပြီးပြစ်ဒဏ်အားဖြင့် အနည်းဆုံးထောင်ဒဏ် ၁၅ နှစ်ကျခံနိုင်ဖွယ်ရှိသည်။ပြီးခဲ့သောအပတ်ကဘန်ကောက်မြို့ ရဲ့ တောင်ဘက် မဟာ ချိုင့်မြို့ က ပုဇွန်စက်ရုံတခုတွင်လှောင်ပိတ်ပြီးအလုပ်ခိုင်းခံနေရသောမြန်မာအလုပ်သမားအယောက် ၅၀ ကျော် ကိုအလုပ်သမားရေးကိုဆောင်ရွက်နေသောမြန်မာအဖွဲ့ တခု နှင့် ဒီအက်စ်အိုင်ရဲတပ်ဖွဲ့ တို့ ပူးပေါင်းပြီး ကယ်တင်နိုင်ခဲ့ကြောင်းသိရှိခဲ့ရသည်။
သတင်း …. ကိုကျော်သောင်း (ဘန်ကောက်)

No comments:
Post a Comment