လုယက်မှုကျူးလွန်သော လူတယောက်အား ကမ္ဘာကျော်ဘောလုံးသမားများ၊ ရုပ်ရှင်အနုပညာ ရှင်များ၊ အခြားအားကစားသမားများစွာနှင့် ဇာတ်လမ်းရှုပ်ခဲ့သူ ဒန်နီရယ်လွိုက်က တရားရုံးတွင်အမှုဖွင့်သည်။ ရုံးတွင်တရားသူကြီးက ဒန်နီရယ်လွိုက်အား စစ်ဆေးမေးမြန်းသည်။
" တရားရုံးမှာ ရောက်နေတဲ့လူက ခင်ဗျား ပိုက်ဆံတွေကိုလုယူတဲ့သူလား"
"ဟုတ်ပါတယ် တရားသူကြီးရှင့် "
"ခင်ဗျား ကိုယ်ခန္ဓာမှာ ဘယ်နေရာကနေလုယူတာလဲ"
" ကျမ ဘောင်းဘီအိတ်တွေ အားလုံးကပိုက်ဆံတွေကိုလုယူတာပါ "
"ဟ...ဒါဆိုရင် ပထမအိတ် ကိုစနှိုက်ကတည်းက ဘာဖြစ်လို့မတားဆီးတာလဲဟ"
ထိုအခါ ဒန်နီရယ်လွိုက်က ခေါင်းကိုငုံ့ပြီးလေသံတိုးတိုးဖြင့် အခုလိုပြန်ပြောလိုက်ပါသတဲ့။ "ဟို...ဟို... ဒီလိုပါရှင်။ အဲဒီလူ သူဘာလိုချင်တယ်ဆိုတာ သေသေချာချာမသိရသေးလို့ပါ"
မှတ်ချက်။ နိုင်ငံတကာ ဟာသများမှ...အိတ်တင်း ဘာသာပြန်သည်။
***(ဟာဒယနှလုံး-တခဏပြုံး)**

No comments:
Post a Comment