လက်မခံချင်သည်ဖြစ်စေ မဆလ စနစ်ဆိုးကို မျက်မုန်းကျိုးနေတဲ့ မြန်မာပြည်သူတွေနဲ့ အတူ တက်ကြွလှုပ်ရှားသူတွေကြားမှာ တစုံတရာ ပျံ့နှံ့ခဲ့တယ်၊ လူထုနှစ်သက်တာတွေ ပါခဲ့တယ်ဆိုတာပါပဲ။ လူထုဟာ ကျောင်းသားတွေက ၁၉၈၇-ခုနှစ် စက်တင်ဘာလ ငွေစက္ကူ အရေးနောက်ပိုင်းကစပြီး ၁၉၈၈- မတ်လ ဗိုလ်ဖုန်းမော်အရေး နောက်ပိုင်းအထိ ဒီတိုက်ပွဲဝင် စာတမ်းတွေဟာ တစုံတရာပျံ့နှံ့ခဲ့ ရုံမက ဦးအောင်ကြီး၊ ဦးကြည်မောင် စသူတို့ဟာလည်း မဆလ အာဏါပိုင်တွေရဲ့ ခေါ်ယူထိန်းသိမ်းခြင်းကို ခံခဲ့ရတယ်လေ။
ဗိုလ်နေ၀င်းနဲ့ မဆလ အမာခံခေါင်းကြီးပိုင်းတွေက နိုင်ငံရေးဗျူဟာ ခင်းကျင်းလိုက်တာ တခုက ၁၉၈၈-ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရွှေတိဂုံစေတီ အနောက်ဘက်မုဒ်မှာ တရားဟောမယ်လို့ ကြိုတင်ကြေငြာလိုက်ချိန်မှာ ထောင်ထဲမှာ ထိန်းသိမ်းထားတဲ့ ဦးအောင်ကြီး၊ ဦးကြည်မောင်နဲ့ အုပ်စုတွေကို ဒေါ်စု တရားပွဲလုပ်မယ့် နေ့နဲ့ တရက်စောပြီး သြဂုတ်လ ၂၅ ရက်နေ့မှာ သူတို့ကိုပြန်လွှတ်ပေးခဲ့ တယ်မဟုတ်လား။
အဲဒီ သြဂုတ်လ ၂၅ ရက်နေ့ ညနေပိုင်းမှာပဲ ဦးအောင်ကြီးက စမ်းချောင်းမြို့နယ် ပဒုမ္မာအားကစားကွင်းမှာ သူ့ကိုမျှော်လင့်တကြီးနဲ့ ထောက်ခံစောင့်ကြိုနေတဲ့ လူထုကို စကားတခွန်းနဲ့ ရင်ဝစောင့်ကန်တော့တာ ပါပဲ။ "တပ်မတော်ကို စိတ်နဲ့တောင်မပြစ်မှားနဲ့" တဲ့လေ။ အဲဒီအချိန်ကစပြီး လူထုဟာ အောင်ကြီးကိတ်ဆိုရင် ခါတိုင်းလို အားမပေးချင်တော့ဘူး။ ဒါ့အပြင် ဦးအောင်ကြီးက ၁၉၈၈-ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့ မှာ မြန်မာ့ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားဖို့အတွက် `အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်´ ကို ဥက္ကဋ္ဌ အဖြစ်တာဝန်ယူပြီး ဒေသန္တရစည်းရုံးရေးဆင်းတဲ့အခါ သူဟာ`စစ်ရေးလည်း ချွန်တယ်၊ နိုင်ငံရေးလည်းချွန်တယ်၊ စီးပွားရေးလည်းချွန်တယ်´ လို့ လူထုကိုဟောပြောတဲ့အခါမှာ ဗိုလ်မှူးချုပ်အောင်ကြီးအဖြစ် စစ်ရေးထူးချွန်ခဲ့တာ၊ သခင်အောင်ကြီး (ပေါင်းတည်) အဖြစ် နိုင်ငံရေးထူးချွန်ခဲ့တာ၊ အောင်ကြီးကိတ်အဖြစ် စီးပွားရေးလုပ်တတ် ထူးချွန်ခဲ့တာ (ဂျပန်စစ်လျော်ကြေးကို ဘတ်ကီးရိုက်ရာမှာ ထူးချွန်ခဲ့တာ အပါအ၀င်) `သုံးဘက်ချွန် အောင်ကြီး´ ရယ်လို့ မော်ကွန်းထိုးခဲ့ကြရာက `စမူဆာအောင်ကြီး´ အဖြစ်သာ လူထုကြားမှာ ထင်ရှားသွားတော့တာပါပဲ။ အဲ....မကြာပါဘူး။ အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဘ၀မှာလည်း သိက္ခါရှိရှိ မနေနိုင်ဘဲ `အန်အယ်လ်ဒီ ဗဟိုဦးစီးအဖွဲ့မှာ ကွန်မြူနစ် ၈ ဦးရှိနေတယ်၊ သူတို့ကို ထုတ်ပေးပါ´ လို့ မရိုးမသားစတန့်ထွင်ပြန်ပါတယ်။ ဗဟိုဦးစီးအဖွဲ့မှာ မဲခွဲဆုံးဖြတ်ကြတဲ့အခါ သူ့ရဲ့ အမာခံရဲဘော်ကြီးဖြစ်တဲ့ ဦးကြည်မောင်က ပင်လျှင် သူ့ကိုမထောက်ခံခဲ့ပါဘူး။
အဲဒီ ဖြစ်ရပ်နောက်ပိုင်းမှာ လူထုကြားမှာ ဦးအောင်ကြီးနဲ့ ပတ်သက်ပြီး ဘက်ပေါင်းစုံချွန်သော `ဒူးရင်းသီးအောင်ကြီး´ အဖြစ် မော်ကွန်းသစ် ရေးထိုးကာ သူ့ရဲ့နိုင်ငံရေး စစ်ရေး ဘ၀တလျှောက် အရင်းနှီးဆုံး သွေးသောက်ရဲဘော်ကြီး ဖြစ်ခဲ့သူ ဦးကြည်မောင်နဲ့ ပြဒါးတလမ်း၊ သံတလမ်း လမ်းခွဲခဲ့ကြရတာပါပဲ။
တဆက်တည်းမှာ ပြုံးတုံ့လှယ်ချင်စရာ တင်ပြချင်တာက ဂျပန်ခေတ် စစ်တက္ကသိုလ်မှာ စီနီယာဂျူနီယာ ဗိုလ်တွေအဖြစ် ရင်းရင်းနှီးနှီး ပေါင်းသင်းခဲ့ကြတဲ့ (၀ါ) သမီးယောက်ဖ ဖြစ်သွားကြတဲ့ ဗိုလ်ကြည်မောင်(အိမ်ထောင်ကျစဉ်- ဗိုလ်မှူးကြည်မောင်၊ တပ်ရင်းမှူး)နဲ့
ဗိုလ်မောင်လွင် (ယခု-ဦးလွင်၊ အန်အယ်လ်ဒီ၊ ရုပ်ချောမောင်လွင်၊ ဒုတိယ၀န်ကြီးချုပ်နှင့် စီမံ/ ဘဏ္ဍာဝန်ကြီးဟောင်း ဗိုလ်မှူးကြီးမောင်လွင်) ၊ ဗိုလ်မောင်ချို (ဗိုလ်မှူးကြီး မောင်ချို၊ စက်မှု-၂ ၀န်ကြီး ဟောင်း) စသူတို့ရဲ့ နှမဟာ ဗိုလ်ကြည်မောင်ရဲ့ ချစ်ဇနီးဖြစ်ပါတယ်။
ဒါကလည်းမဆန်းပါဘူး။ သင်တန်းနားချိန်မှာ၊ အားလပ်ရက်မှာ အိမ်လည်ကြရင်း နဖူးစာရွာလည်စရာ မလိုလောက်အောင် နီးစပ်မှုတွေရှိကြတာကိုး။
(ဆက်လက်ဖေါ်ပြပါမည်)
ခံစားတင်ပြသူ- သောင်ရင်းနဂါး (မြန်မာပြည်သား)
ဦးအောင်ကြီးရဲ့"၂၁-မျက်နှာစာတမ်း" "၄၂-မျက်နှာစာတမ်း" စတဲ့ မဆလ ခေတ်စနစ်ဆိုးအောက်က လူထုဘ၀အခြေအနေကို ဗိုလ်နေ၀င်းထံတင်ပြထားတဲ့ (၀ါ) ဗိုလ်နေ၀င်းက ဒီတင်ပြချက်တွေကို သိလို့ မြန်မာပြည်ရဲ့ နိုင်ငံရေးစီးပွားရေး အခြေအနေ အထွေထွေဟာ ပြန်လည်ဦးမော့လာအောင် လုပ်နိုင်တဲ့သူ(ဗိုလ်အောင်ကြီး) ကိုဝန်ကြီးချုပ် အဖြစ် တာဝန်ပေးစေချင်တဲ့ စာအသွားအလာတွေဟာ တော်လှန်ရေးကောင်စီဝင်ဟောင်း၊ အငြိမ်းစား ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီးရဲ့ `တိုက်ပွဲဝင်စာတမ်း´တွေဖြစ်ပါတယ်။ ဒီစာတမ်းတွေဟာ ကျနော်တို့လက်ခံချင်သည် ဖြစ်စေ၊
လက်မခံချင်သည်ဖြစ်စေ မဆလ စနစ်ဆိုးကို မျက်မုန်းကျိုးနေတဲ့ မြန်မာပြည်သူတွေနဲ့ အတူ တက်ကြွလှုပ်ရှားသူတွေကြားမှာ တစုံတရာ ပျံ့နှံ့ခဲ့တယ်၊ လူထုနှစ်သက်တာတွေ ပါခဲ့တယ်ဆိုတာပါပဲ။ လူထုဟာ ကျောင်းသားတွေက ၁၉၈၇-ခုနှစ် စက်တင်ဘာလ ငွေစက္ကူ အရေးနောက်ပိုင်းကစပြီး ၁၉၈၈- မတ်လ ဗိုလ်ဖုန်းမော်အရေး နောက်ပိုင်းအထိ ဒီတိုက်ပွဲဝင် စာတမ်းတွေဟာ တစုံတရာပျံ့နှံ့ခဲ့ ရုံမက ဦးအောင်ကြီး၊ ဦးကြည်မောင် စသူတို့ဟာလည်း မဆလ အာဏါပိုင်တွေရဲ့ ခေါ်ယူထိန်းသိမ်းခြင်းကို ခံခဲ့ရတယ်လေ။
ဗိုလ်နေ၀င်းနဲ့ မဆလ အမာခံခေါင်းကြီးပိုင်းတွေက နိုင်ငံရေးဗျူဟာ ခင်းကျင်းလိုက်တာ တခုက ၁၉၈၈-ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရွှေတိဂုံစေတီ အနောက်ဘက်မုဒ်မှာ တရားဟောမယ်လို့ ကြိုတင်ကြေငြာလိုက်ချိန်မှာ ထောင်ထဲမှာ ထိန်းသိမ်းထားတဲ့ ဦးအောင်ကြီး၊ ဦးကြည်မောင်နဲ့ အုပ်စုတွေကို ဒေါ်စု တရားပွဲလုပ်မယ့် နေ့နဲ့ တရက်စောပြီး သြဂုတ်လ ၂၅ ရက်နေ့မှာ သူတို့ကိုပြန်လွှတ်ပေးခဲ့ တယ်မဟုတ်လား။
အဲဒီ သြဂုတ်လ ၂၅ ရက်နေ့ ညနေပိုင်းမှာပဲ ဦးအောင်ကြီးက စမ်းချောင်းမြို့နယ် ပဒုမ္မာအားကစားကွင်းမှာ သူ့ကိုမျှော်လင့်တကြီးနဲ့ ထောက်ခံစောင့်ကြိုနေတဲ့ လူထုကို စကားတခွန်းနဲ့ ရင်ဝစောင့်ကန်တော့တာ ပါပဲ။ "တပ်မတော်ကို စိတ်နဲ့တောင်မပြစ်မှားနဲ့" တဲ့လေ။ အဲဒီအချိန်ကစပြီး လူထုဟာ အောင်ကြီးကိတ်ဆိုရင် ခါတိုင်းလို အားမပေးချင်တော့ဘူး။ ဒါ့အပြင် ဦးအောင်ကြီးက ၁၉၈၈-ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့ မှာ မြန်မာ့ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားဖို့အတွက် `အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်´ ကို ဥက္ကဋ္ဌ အဖြစ်တာဝန်ယူပြီး ဒေသန္တရစည်းရုံးရေးဆင်းတဲ့အခါ သူဟာ`စစ်ရေးလည်း ချွန်တယ်၊ နိုင်ငံရေးလည်းချွန်တယ်၊ စီးပွားရေးလည်းချွန်တယ်´ လို့ လူထုကိုဟောပြောတဲ့အခါမှာ ဗိုလ်မှူးချုပ်အောင်ကြီးအဖြစ် စစ်ရေးထူးချွန်ခဲ့တာ၊ သခင်အောင်ကြီး (ပေါင်းတည်) အဖြစ် နိုင်ငံရေးထူးချွန်ခဲ့တာ၊ အောင်ကြီးကိတ်အဖြစ် စီးပွားရေးလုပ်တတ် ထူးချွန်ခဲ့တာ (ဂျပန်စစ်လျော်ကြေးကို ဘတ်ကီးရိုက်ရာမှာ ထူးချွန်ခဲ့တာ အပါအ၀င်) `သုံးဘက်ချွန် အောင်ကြီး´ ရယ်လို့ မော်ကွန်းထိုးခဲ့ကြရာက `စမူဆာအောင်ကြီး´ အဖြစ်သာ လူထုကြားမှာ ထင်ရှားသွားတော့တာပါပဲ။ အဲ....မကြာပါဘူး။ အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဘ၀မှာလည်း သိက္ခါရှိရှိ မနေနိုင်ဘဲ `အန်အယ်လ်ဒီ ဗဟိုဦးစီးအဖွဲ့မှာ ကွန်မြူနစ် ၈ ဦးရှိနေတယ်၊ သူတို့ကို ထုတ်ပေးပါ´ လို့ မရိုးမသားစတန့်ထွင်ပြန်ပါတယ်။ ဗဟိုဦးစီးအဖွဲ့မှာ မဲခွဲဆုံးဖြတ်ကြတဲ့အခါ သူ့ရဲ့ အမာခံရဲဘော်ကြီးဖြစ်တဲ့ ဦးကြည်မောင်က ပင်လျှင် သူ့ကိုမထောက်ခံခဲ့ပါဘူး။
အဲဒီ ဖြစ်ရပ်နောက်ပိုင်းမှာ လူထုကြားမှာ ဦးအောင်ကြီးနဲ့ ပတ်သက်ပြီး ဘက်ပေါင်းစုံချွန်သော `ဒူးရင်းသီးအောင်ကြီး´ အဖြစ် မော်ကွန်းသစ် ရေးထိုးကာ သူ့ရဲ့နိုင်ငံရေး စစ်ရေး ဘ၀တလျှောက် အရင်းနှီးဆုံး သွေးသောက်ရဲဘော်ကြီး ဖြစ်ခဲ့သူ ဦးကြည်မောင်နဲ့ ပြဒါးတလမ်း၊ သံတလမ်း လမ်းခွဲခဲ့ကြရတာပါပဲ။
တဆက်တည်းမှာ ပြုံးတုံ့လှယ်ချင်စရာ တင်ပြချင်တာက ဂျပန်ခေတ် စစ်တက္ကသိုလ်မှာ စီနီယာဂျူနီယာ ဗိုလ်တွေအဖြစ် ရင်းရင်းနှီးနှီး ပေါင်းသင်းခဲ့ကြတဲ့ (၀ါ) သမီးယောက်ဖ ဖြစ်သွားကြတဲ့ ဗိုလ်ကြည်မောင်(အိမ်ထောင်ကျစဉ်- ဗိုလ်မှူးကြည်မောင်၊ တပ်ရင်းမှူး)နဲ့
ဗိုလ်မောင်လွင် (ယခု-ဦးလွင်၊ အန်အယ်လ်ဒီ၊ ရုပ်ချောမောင်လွင်၊ ဒုတိယ၀န်ကြီးချုပ်နှင့် စီမံ/ ဘဏ္ဍာဝန်ကြီးဟောင်း ဗိုလ်မှူးကြီးမောင်လွင်) ၊ ဗိုလ်မောင်ချို (ဗိုလ်မှူးကြီး မောင်ချို၊ စက်မှု-၂ ၀န်ကြီး ဟောင်း) စသူတို့ရဲ့ နှမဟာ ဗိုလ်ကြည်မောင်ရဲ့ ချစ်ဇနီးဖြစ်ပါတယ်။
ဒါကလည်းမဆန်းပါဘူး။ သင်တန်းနားချိန်မှာ၊ အားလပ်ရက်မှာ အိမ်လည်ကြရင်း နဖူးစာရွာလည်စရာ မလိုလောက်အောင် နီးစပ်မှုတွေရှိကြတာကိုး။
(ဆက်လက်ဖေါ်ပြပါမည်)
ခံစားတင်ပြသူ- သောင်ရင်းနဂါး (မြန်မာပြည်သား)

No comments:
Post a Comment