*** A(H1N1)တုပ်ကွေးရေဂါကြောင့် သေဆုံးသူ ဦးရေ ၁၅၅၀-ဦးရှိပြီဟု WHO မှ ထုတ်ပြန်ကျေညာ…
(မော်စကို- ရုရှား၊ သြဂုတ်လ ၁၀ရက်)
ကမ္ဘာတ၀ှမ်းလုံးတွင် လူတုပ်ကွေးရောဂါဖြစ်နေသူပေါင်း (၂၀၀၀၀၀)ကျော်ရှိပြီး ထိုရောဂါကြောင့် သေဆုံးရသူပေါင်းမှာ (၁၅၅၀)ဦးရှိပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး ရုရှားနိုင်ငံသတင်းဌာနက ဖော်ပြထားသည်။ သြဂုတ်လ ၇-ရက်နေ့တွင် ထုတ်ပြန်သော စာရင်းအရ လူတုပ်ကွေးရောဂါဖြစ်ကြောင်းကို ဓါတ်ခွဲခန်းက
အတည်ပြုထားသော ရောဂါသည် အရေအတွက်အတိအကျမှာ (၂၀၂၀၅၀)ဦးရှိပြီး သေဆုံးရသူပေါင်းမှာ (၁၅၅၀)ဦးရှိကြောင်း သိရသည်။ (အင်တာနက်) ဘာသာပြန်-စိုးစိုးနိုင်
*** ပြင်သစ်နိုင်ငံတွင် ကမ္ဘာ့လူတုပ်ကွေးရောဂါ ပြည်ပကျောင်းသားများ၌ တွေ့ရှိ…
ပြင်သစ်နိုင်ငံတောင်ပိုင်း၊ ကတ်ဒီအီလ်ဒေသရှိ ဘာသာစကားသင်တန်းကျောင်းတွင် ပညာသင်ကြားနေသော ပြည်ပနိုင်ငံမှ အရွယ်ရောက်သူ ၅-ဦးနှင့် ဆယ်ကျော်သက်ရွယ် ၅၉-ဦးတို့သည် ကမ္ဘာ့လူတုပ်ကွေးရောဂါကူးစက်ခံနေရကြောင်း သြဂုတ်လ ၈-ရက်နေ့က တာဝန်ရှိသူများမှ ပြောကြားသည်။
*** ဘယ်လ်ဂျီင်္ယံနိုင်ငံတွင် တစ်ပတ်အတွင်း ကမ္ဘာ့လူတုပ်ကွေးကူးစက်ခံရသူ ၉၀၀-ဦးရှိ…
ဥရောပသမဂ္ဂ(အီးယူ)ရုံးရှိရာ ဘယ်လ်ဂျီယံနိုင်ငံတွင် လွန်ခဲ့သော ရက်သတ္တပတ်အတွင်းက ကမ္ဘာ့လူတုပ်ကွေးရောဂါ ထပ်မံကူးစက်ခံရသူ ၉၀၀-ဦးရှိကြောင်း သြဂုတ်လ ၈-ရက်နေ့၌ ဗွီအာရ်တီ သတင်းဌာနက ဖော်ပြသည်။ ပြီးခဲ့သော သီတင်းပတ်အတွင်းက တုပ်ကွေးရောဂါလက္ခဏာများ ခံစားရသဖြင့် လူပေါင်း (၈၀၀၀)ခန့်သည် ကျန်းမာရေးဌာနများသို့ သွားရောက်ပြသရာတွင် လူ ၉၀၀-၌ ကမ္ဘာ့လူတုပ်ကွေးရောဂါကိုတွေ့ရှိရခြင်းဖြစ်သည်။
*** ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မြွေကိုက်ခံရသဖြင့် နှစ်စဉ် လူ ၆၀၀၀-ကျော်သေဆုံး…
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မြွေကိုက်ခံရပြီး နှစ်စဉ်လူပေါင်း (၆၀၀၀)ကျော် သေဆုံးခဲ့ကြောင်း၊ နိုင်ငံတ၀န်းကောက်ယူမှု စစ်တမ်းအရ နိုင်ငံပိုင် ဘီအက်စ်အက်စ် သတင်းဌာနက သြဂုတ်လ ၈-ရက်နေ့မှာ ဖော်ပြထားသည်။ ထိုစစ်တမ်းကို ကမ္ဘာ့ဘဏ်၏ အကူအညီဖြင့် စာရင်းကောက်ယူခဲ့သည်။ မြွေကိုက်ခံရသော ဖြစ်ရပ်သည် လစ်လျူရှုခံထားရသော ပြည်သူ့ကျန်းမာရေး ပြဿနာပင်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ မြွေကိုက်ခံရသူများအနက် ၃% မျှသော ဆရာဝန်များထံတွင် လာရောက်ကုသမှု ခံရကြောင်း လေ့လာတွေ့ရှိရသည်။
***(Public Health)***

No comments:
Post a Comment