(ဂျေရုဆလင်၊ သြဂုတ်လ ၁၀-ရက်)
ပါလက်စတိုင်း စစ်သွေးကြွများက ဂါဇာဒေသမှ အစ္စရေးနိုင်ငံအတွင်းသို့ စိတ်ပြောင်းများဖြင့် ပစ်ခတ်မှုကို လက်တုံ့ပြန်သောအားဖြင့် အစ္စရေး စစ်လေယာဉ်များသည် ဂါဇာနှင့် အီဂျစ်နိုင်ငံနယ်စပ်၌ ပါလက်စတိုင်း မှောင်ခိုများအသုံးပြုသည့် ဥမင်လိုဏ်ခေါင်းကို သြဂုတ်လ ၁၀-ရက်နေ့မှာ သွားရောက်တိုက်ခိုက်ခဲ့သည်။ ယခုကဲ့သို့အပြန်အလှန်တိုက်ခိုက်မှုများသည်
မကြာခဏဖြစ်ပွားလေ့ရှိသော်လည်း လွန်ခဲ့သောလအနည်းငယ်က ထိုအဖြစ်အပျက်မျိုးသည် နည်းပါးသွားသည်။ နောက်ဆုံးထိုက်ခိုက်မှုများကြောင့် အသေအပျောက်ရှိသည်ဟူ၍ သတင်းမရရှိချေ။ (အင်တာနက်)
*** အင်္ဂါဂြိုလ်လေ့လာရေးဂြိုလ်တုအား တရုတ်ပြည်မှ လွှတ်တင်ရန် အသင့်ပြင်ဆင်ပြီ…
(ပေကျင်း၊ သြဂုတ်လ ၁၀-ရက်)
တရုတ်နိုင်ငံ၏ ပထမဦးဆုံးသော အင်္ဂါဂြိုလ်လေ့လာရေး ဂြိုလ်တုကို ယခုနှစ်နှောင်းပိုင်းတွင် လွှတ်တင်ရန် ရုရှားနိုင်ငံသို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း ယနေ့အင်တာနက်သတင်းမှာ ဖော်ပြထားသည်။ အင်္ဂါဂြိုလ်လေ့လာရေး တရုတ်ဂြိုလ်တုကို `(ယင်ဟို-၁)´ဟူ၍ အမည်းပေးထားသည်။ အဆိုပါဂြိုလ်တုကို ရုရှားနိုင်ငံ၏ အင်္ဂါဂြိုလ်လေ့လာရေးအာကာသယာဉ်(Phobos Exploer)နှင့် အတူ လည်မည့်အောက်တိုဘာလတွင် `ဖီးနစ်´အမည်ရှိ ရုရှားဒုံးပျံယာဉ်နှင့် လွှတ်တင်မည်ဖြစ်ကြောင်း ရှန်ဟိုင်းအာကာသနည်းပညာအကယ်ဒမီက ပြောကြားသည်။ ယင်ဟို-၁ ဂြိုလ်တုသည် အင်္ဂါဂြိုလ်အနီးသို့ ရောက်ရှိရန် ၁၀-လမှ ၁၁-လကြာ ခရီးနှင်ရမည်ဖြစ်ပြီး ဂြိုလ်တုပတ်လမ်းကြောင်းအတွင်းသို့ ၀င်ရောက်ပြီးနောက် အင်္ဂါဂြိုလ်မျက်နှာပြင်၏ အခြေအနေကို လေ့လာမည်ဖြစ်သည်။ ယင်ဟို-၁ ဂြိုလ်တုကို ရုရှားအာကာသယာဉ်နှင့်အတူ အောက်တိုဘာလတွင် ကာဇက်စတန်နိုင်ငံတွင်ရှိသော `ကွန်နူး´အာကာသစခန်းမှ မလွှတ်တင်မီ အပြီးသတ်စမ်းသပ်မှုများ ပြုလုပ်သွားမည်ဟု သိရသည်။ (အင်တာနက်) (ဘာသာပြန်- ဧရာမောင်)
*** အစ္စရေးစစ်လေယာဉ်များက ဂါဇာဒေသရှိ ပါလက်စတိုင်း ဥမင်လိုဏ်ခေါင်းအားတိုက်ခိုက်…

No comments:
Post a Comment