ကိုယ်လုပ်တာ ကိုယ်တာဝန်ယူရဲတဲ့ စိတ်အခြေခံက ဒီနေရာမှာ သူကိုတိုက်တွန်း အားပေးလိုက်တာလို့ ထင်ပါတယ်။
အဲဒီနောက် သူဟာအရပ်သား ဦးကြည်မောင် ဖြစ်သွားပါပြီ။ သိပ်မကြာမီနှစ်မှာ မြန်မာ့လွတ်လပ်ရေး သမိုင်:၀င် ဗိုလ်မှူးဗထူးရဲ့ သား ဗိုလ်မြင့်ထူးကို သွေးထိုးလှုံ့ဆော်ပေးတယ်။ မြှောက်ပင့်၊ သပ်လျှို၊ ဖြိုခွဲသူ၊ တပ်တွင်းပုန်ကန်မှုကို မီးထိုးပေးသူ...... စသဖြင့် ဗိုလ်နေ၀င်းရဲ့ အကွက်ချထားတဲ့ အစီအမံတွေနဲ့ သူ့ကို ထောင်ထဲဆွဲသွင်းလိုတာမို့ အဆိုးတနည်းပြပြီး အညှိုးတကြီးချလိုက်ပါရောလား။
ကျနော်တို့ ကျောင်းသားအသိုင်းအ၀ိုင်း (အန်အယ်လ်ဒီ မဟုတ်သူတွေ) က "အန်ကယ်လ်၊ အန်ကယ်လ်က တကသ မှာလည်း တကယ့် ဂရိတ်တွေနဲ့ တွဲခဲ့သလို ၁၉၃၈ ခုနှစ် တတိယကျောင်းသားသပိတ် မှာလည်း ရဲရဲတောက် ပါဝင်လှုပ်ရှားခဲ့သူ ဆိုတော့ တော်လှန်ရေးကောင်စီဝင်၊ နတခ စစ်တိုင်းမှူး ဖြစ်နေချိန်မှာ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇- ရက် (ဆဲဗင်းဂျူလိုင် အရေးတော်ပုံ) တို့ဘာတို့မှာရော တရားခံဘယ်သူလဲ ဆိုတာ ခန့်မှန်းမသိနိုင်ဘူးလား" ပေါ့။ ကျနော်တို့က အဲဒီလိုမေးတဲ့အခါ "'ဒါကရှင်းပါတယ်လေ။ ဗိုလ်နေ၀င်း ခွင့်မပြုပဲနဲ့ ဗိုလ်အောင်ကြီးက ဗိုလ်ကျော်စိုးကို အိုကေ လို့ ဘယ်သူကပြောဝံ့ မှာတုန်းကွ" လို့ ပြောပြဖူးပါတယ်။
တကယ်ဆို ဦးကြည်မောင် ဟာ အန်အယ်လ်ဒီက ခွဲထွက်ပြီး ပြည်ထောင်စုအမျိုးသားများ ဒီမိုကရေစီပါတီ (ယူအန်ဒီပီ) ဦးစီးနာယက အဖြစ်ပါဝင်ခဲ့တဲ့ အန်အယ်လ်ဒီရဲ့ ပထမဦးဆုံး ဥက္ကဋ္ဌ လုပ်ခဲ့သူ ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကြီး (ဒုတိယ ကာကွယ်ရေးဦးစီးချုပ်ဟောင်းနဲ့ တော်လှန်ရေးကောင်စီဝင်၊ ဦးကြည်မောင်တို့နဲ့ မရှေးမနှောင်း ဖြုတ်ထုတ်ရှင်း ခံရသူ) သူနဲ့ ဘ၀တလျှောက်လုံး ရင်းရင်းနှီးနှီး နေထိုင်ခဲ့သူဖြစ်ပေမယ့် အန်အယ်လ်ဒီကို ဥက္ကဋ္ဌ ဦးအောင်ကြီးက "အန်အယ်လ်ဒီမှာ ကွန်မြူနစ်တွေရှိနေတယ်၊ အဲဒီကွန်မြူနစ်တွေကို ဗဟိုဦးစီးအဖွဲ့ကနေ ဖယ်ရှားပေးပါလို့ " ပြောလာတာ ရှိခဲ့ပါတယ်။ တကယ်က ၁၉၈၈ ခုနှစ် ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးရဲ့ နောက်ဆက်တွဲ လူထုဦးဆောင်ပါတီ တခုအနေနဲ့ အန်အယ်လ်ဒီကို ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့မှာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကော်မရှင်မှာ မှတ်ပုံတင်တဲ့အခါ (အောင်-စု-တင်) ဦးအောင်ကြီး-ဒေါ်အောင်ဆန်းစုကြည်-ဦးတင်ဦး စသူတွေကြီးမှူးပြီး မှတ်ပုံတင်ခဲ့တာဖြစ်ပါတယ်။ အဲဒီ `အောင်,စု,တင်´ အုပ်စုသုံးစုမှာ ဦးကြည်မောင်ဟာ ဦးအောင်ကြီး ဦးဆောင်တဲ့ ၁၃ ဦးအဖွဲ့မှာပါဝင်ခဲ့သူ ဖြစ်ပါတယ်။ ဦးအောင်ကြီးက စွပ်စွဲတဲ့ ကွန်မြူနစ် ၈ ဦးစလုံးဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ တတ်/သိ ပညာရှင်များ ၁၃ ဦးအဖွဲ့မှာ ပါဝင်ကြသူတွေဖြစ်ပါတယ်။ ဦးအောင်ကြီးရဲ့ စွပ်စွဲချက်ကို ၃၉ ဦးပါဝင်တဲ့ ဗဟိုဦးစီးအဖွဲ့မှာ မဲခွဲဆုံးဖြတ်တဲ့အခါ ဦးကြည်မောင်ဟာ စုတင်ဘက်မှာ ပြတ်ပြတ်သားသား ရပ်တည်ပြီး အန်အယ်လ်ဒီမှာပဲ ဆက်လက်နေထိုင် ရပ်တည်ပေးခဲ့ပါတယ်။ ငယ်ရွယ်နုစဉ်ကတည်းက စစ်ရေးနဲ့ နိုင်ငံရေးလုပ်ဖေါ်ကိုင်ဖက် ဖြစ်တဲ့ ဦးအောင်ကြီးဘက်ကို ပါမသွားပါဘူး ။
(ဆက်လက်ဖေါ်ပြပါမည်)
ခံစားတင်ပြသူ- သောင်ရင်းနဂါး (မြန်မာပြည်သား)
ဂုဏ်ပြုစာ- ၂၀၀၄ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့တွင် ဘ၀တပါးသို့ကူးပြောင်းသွားသော အန်ကယ်လ်ဦးကြည်မောင် အားလွမ်းဆွတ်သတိရ ခြင်းများစွာဖြင့်.....
ဒီနေရာမှာ ကာနယ်ကြည်မောင် (၀ါ) ဦးကြည်မောင်ဟာ ဘယ်လိုလူစားလဲဆိုတာ ကွက်ကွက်ကွင်းကွင်း ပေါ်လွင်နေပါပြီ။ သူ့ကိုစစ်တပ်ကနေ၊ တော်လှန်ရေး ကောင်စီဝင် လယ်ယာစိုက်ပျိုးရေးဋ္ဌာနတာဝန်ခံ အဖြစ်ကနေ ဘာကြောင့် (ဖြုတ်-ထုတ်-ရှင်း) ပစ်ရတာလဲ။ နတခ-စစ်တိုင်းမှူးနဲ့ လယ်/စိုက် ဋ္ဌာနတာဝန်ခံ (၀န်ကြီးအဆင့်) ဖြစ်ပါလျက်နဲ့ သူဘာကြောင့်များ "လယ်သမားညီလာခံ" ကိုမတက်ရောက်ခဲ့ တာပါလိမ့်။ ဒါဟာ ရှင်းနေပါပြီ။ သူမယုံကြည်ရင် (၀ါ) သူလက်မခံရင် ဗိုလ်ချုပ်ကြီး နေ၀င်းပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် "မလုပ်ဘူးမသွားဘူး" ဆိုတဲ့ ကိုယ်ယုံကြည်ရာကို ခေါင်းမာမာနဲ့ အာခံရဲတဲ့သတ္တိ၊
ကိုယ်လုပ်တာ ကိုယ်တာဝန်ယူရဲတဲ့ စိတ်အခြေခံက ဒီနေရာမှာ သူကိုတိုက်တွန်း အားပေးလိုက်တာလို့ ထင်ပါတယ်။
အဲဒီနောက် သူဟာအရပ်သား ဦးကြည်မောင် ဖြစ်သွားပါပြီ။ သိပ်မကြာမီနှစ်မှာ မြန်မာ့လွတ်လပ်ရေး သမိုင်:၀င် ဗိုလ်မှူးဗထူးရဲ့ သား ဗိုလ်မြင့်ထူးကို သွေးထိုးလှုံ့ဆော်ပေးတယ်။ မြှောက်ပင့်၊ သပ်လျှို၊ ဖြိုခွဲသူ၊ တပ်တွင်းပုန်ကန်မှုကို မီးထိုးပေးသူ...... စသဖြင့် ဗိုလ်နေ၀င်းရဲ့ အကွက်ချထားတဲ့ အစီအမံတွေနဲ့ သူ့ကို ထောင်ထဲဆွဲသွင်းလိုတာမို့ အဆိုးတနည်းပြပြီး အညှိုးတကြီးချလိုက်ပါရောလား။
ကျနော်တို့ ကျောင်းသားအသိုင်းအ၀ိုင်း (အန်အယ်လ်ဒီ မဟုတ်သူတွေ) က "အန်ကယ်လ်၊ အန်ကယ်လ်က တကသ မှာလည်း တကယ့် ဂရိတ်တွေနဲ့ တွဲခဲ့သလို ၁၉၃၈ ခုနှစ် တတိယကျောင်းသားသပိတ် မှာလည်း ရဲရဲတောက် ပါဝင်လှုပ်ရှားခဲ့သူ ဆိုတော့ တော်လှန်ရေးကောင်စီဝင်၊ နတခ စစ်တိုင်းမှူး ဖြစ်နေချိန်မှာ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇- ရက် (ဆဲဗင်းဂျူလိုင် အရေးတော်ပုံ) တို့ဘာတို့မှာရော တရားခံဘယ်သူလဲ ဆိုတာ ခန့်မှန်းမသိနိုင်ဘူးလား" ပေါ့။ ကျနော်တို့က အဲဒီလိုမေးတဲ့အခါ "'ဒါကရှင်းပါတယ်လေ။ ဗိုလ်နေ၀င်း ခွင့်မပြုပဲနဲ့ ဗိုလ်အောင်ကြီးက ဗိုလ်ကျော်စိုးကို အိုကေ လို့ ဘယ်သူကပြောဝံ့ မှာတုန်းကွ" လို့ ပြောပြဖူးပါတယ်။
တကယ်ဆို ဦးကြည်မောင် ဟာ အန်အယ်လ်ဒီက ခွဲထွက်ပြီး ပြည်ထောင်စုအမျိုးသားများ ဒီမိုကရေစီပါတီ (ယူအန်ဒီပီ) ဦးစီးနာယက အဖြစ်ပါဝင်ခဲ့တဲ့ အန်အယ်လ်ဒီရဲ့ ပထမဦးဆုံး ဥက္ကဋ္ဌ လုပ်ခဲ့သူ ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကြီး (ဒုတိယ ကာကွယ်ရေးဦးစီးချုပ်ဟောင်းနဲ့ တော်လှန်ရေးကောင်စီဝင်၊ ဦးကြည်မောင်တို့နဲ့ မရှေးမနှောင်း ဖြုတ်ထုတ်ရှင်း ခံရသူ) သူနဲ့ ဘ၀တလျှောက်လုံး ရင်းရင်းနှီးနှီး နေထိုင်ခဲ့သူဖြစ်ပေမယ့် အန်အယ်လ်ဒီကို ဥက္ကဋ္ဌ ဦးအောင်ကြီးက "အန်အယ်လ်ဒီမှာ ကွန်မြူနစ်တွေရှိနေတယ်၊ အဲဒီကွန်မြူနစ်တွေကို ဗဟိုဦးစီးအဖွဲ့ကနေ ဖယ်ရှားပေးပါလို့ " ပြောလာတာ ရှိခဲ့ပါတယ်။ တကယ်က ၁၉၈၈ ခုနှစ် ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးရဲ့ နောက်ဆက်တွဲ လူထုဦးဆောင်ပါတီ တခုအနေနဲ့ အန်အယ်လ်ဒီကို ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့မှာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကော်မရှင်မှာ မှတ်ပုံတင်တဲ့အခါ (အောင်-စု-တင်) ဦးအောင်ကြီး-ဒေါ်အောင်ဆန်းစုကြည်-ဦးတင်ဦး စသူတွေကြီးမှူးပြီး မှတ်ပုံတင်ခဲ့တာဖြစ်ပါတယ်။ အဲဒီ `အောင်,စု,တင်´ အုပ်စုသုံးစုမှာ ဦးကြည်မောင်ဟာ ဦးအောင်ကြီး ဦးဆောင်တဲ့ ၁၃ ဦးအဖွဲ့မှာပါဝင်ခဲ့သူ ဖြစ်ပါတယ်။ ဦးအောင်ကြီးက စွပ်စွဲတဲ့ ကွန်မြူနစ် ၈ ဦးစလုံးဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ တတ်/သိ ပညာရှင်များ ၁၃ ဦးအဖွဲ့မှာ ပါဝင်ကြသူတွေဖြစ်ပါတယ်။ ဦးအောင်ကြီးရဲ့ စွပ်စွဲချက်ကို ၃၉ ဦးပါဝင်တဲ့ ဗဟိုဦးစီးအဖွဲ့မှာ မဲခွဲဆုံးဖြတ်တဲ့အခါ ဦးကြည်မောင်ဟာ စုတင်ဘက်မှာ ပြတ်ပြတ်သားသား ရပ်တည်ပြီး အန်အယ်လ်ဒီမှာပဲ ဆက်လက်နေထိုင် ရပ်တည်ပေးခဲ့ပါတယ်။ ငယ်ရွယ်နုစဉ်ကတည်းက စစ်ရေးနဲ့ နိုင်ငံရေးလုပ်ဖေါ်ကိုင်ဖက် ဖြစ်တဲ့ ဦးအောင်ကြီးဘက်ကို ပါမသွားပါဘူး ။
(ဆက်လက်ဖေါ်ပြပါမည်)
ခံစားတင်ပြသူ- သောင်ရင်းနဂါး (မြန်မာပြည်သား)
ဂုဏ်ပြုစာ- ၂၀၀၄ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့တွင် ဘ၀တပါးသို့ကူးပြောင်းသွားသော အန်ကယ်လ်ဦးကြည်မောင် အားလွမ်းဆွတ်သတိရ ခြင်းများစွာဖြင့်.....


No comments:
Post a Comment