မဲဆောက်ဒေသ
ငါရောက်လာစ
တွေ့ရချက်ချင်း၊ ဆောက်နဲ့ထွင်းလို့
ပုလိပ်နဲ့ ပက်ပင်းတိုးခဲ့တယ်…။
(အခု ပြောနေရင်းတောင် ကြက်ငှက်တုပ်ကွေးထ၊ ကြက်သီးထတယ်၊ ငှက်ဖျားထတယ်ဗျ)
*** ပုလိပ်က လှမ်းခေါ်
`မင်းမောင်ကျော်(ကရင်)လား၊ မွန်လေလားတဲ့´
ဟုတ်ကဲ့… ကျနော် လူသားစင်စစ်ပါ
အကြော်အဖြစ် သဘောထားပြီး
အချဉ်ရည်နဲ့တော့ တို့မစားပါနဲ့ ခင်ဗျာ…
ပုလိပ်က ဆက်မေးတယ်၊ ပိုက်ဆံပါလားတဲ့
လက်မှတ်မရှိလို့ ၂၀၀-ဘတ် ပေးရမယ်တဲ့…
ဒီလိုနဲ့ပဲ ငါ့မှာပါသမျှ ဘတ် ၁၀၀-ဟာ
ကိုရွှေ ပုလိပ်ထံမှာ အခစားဝင်သွားတော့တာပေါ့…။
*** မဲဆောက်မှာ အခြေချ
ငါ့ဘ၀ရဲ့ အဖြစ်ရယ်က
မြင်လေသမျှ ယူနီဖောင်း
လာပြီလားဟဲ့ တောမောင်း(တောမော / လ၀က)လားဆိုပြီး
အီအီးပါနေရင်းတောင် (မရိုမသေပါခင်ဗျာ)
အမောင်တောမောကို ကြောက်လွန်းလို့ထွက်ပြေး
ဘေးလွတ်ရာ တနေရာရောက်ပါမှ ကိုယ့်ဖင်ကိုယ်စမ်းမိ
ဟုတ်ကဲ့… စိုစိ၊ စိုစိနဲ့ (ဒါကို ခင်ဗျားရိပ်မိမှာပါဗျာ)…။
*** ဒီလိုနဲ့ ပုလိပ်တစ်ခါထပ်မိ
ဒီတစ်ခါတော့ အမိခံရပြီဗျို့
ရောက်ပြီဟို့ … မဲဆောက်ထောင်
နှစ်ကြီးအကောင်ဗလောင်တွေက
သူ့လက်စ လက်နနဲ့ ငါ့နောက်ပွင့်ရိုင်ဖယ်ဆီကို
ဘာစကေဘီမလိမ်းပဲ သူ့လက်ထိုးထည့်လို့
အမေရဲ့… အဖေရဲ့… ဘုရားရဲ့ တောင်မအော်နိုင်ခဲ့
ပွင့်ခဲ့ပေါ့ ပုရိသစစ်စစ်ပါကင်
စာဖတ်သူအသင်တို့လည်း
ကျောမွဲတဲ့ မြန်မာရွှေ့ပြောင်းဘ၀ကို
ရင်ဖိုစွာဖတ်ရှုကြပါဦး…
ဟုတ်ကဲ့… လက်မှတ်မရှိတဲ့ ဒုက္ခပါခင်ဗျ…။
ပေးပို့သူ- ခွန်အားမာန် (ရွှေ့ပြောင်းတစ်ဦး)
*** ထိုင်းနိုင်ငံက

No comments:
Post a Comment