(ကဘူးလ်၊ သြဂုတ်လ ၁၇-ရက်)
အာဖဂန်နစ္စတန်နိုင်ငံ၊ ကန်ဒက်ဇ်ပြည်နယ်တွင် အာဖဂန်သမ္မတဟောင်း (ဘဟာနူဒင်ရာဘန်နီ)လိုက်ပါလာသော ယာဉ်တန်းအား တာလီဘန်တို့က ဒုံးပစ်လောင်ချာများဖြင့် ချုံခိုတိုက်ခိုက်ခဲ့ရာ သမ္မတဟောင်းမှာ အသက်ဘေးမှ သီသီလေးလွတ်မြောက်သွားပြီး လုံခြုံရေးတပ်ဖွဲ့တို့၏ ပြန်လည်ပစ်ခတ်မှုကြောင့် တာလီဘန် ၃-ဦးသေဆုံးသွားကြောင်း သတင်းမှာ ဖော်ပြသည်။ ရာဘန်နီသည်
လွှတ်တော်အမတ်တစ်ဦးလည်း ဖြစ်ပြီး လာမည့်သြဂုတ်လ ၂၁-ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ သမ္မတ ဟာမစ်ကာဇိုင်း၏ အဓိက ယှဉ်ပြိုင်ဘက်ဖြစ်သူ (အဗ္ဗဒူလာ)ကို ထောက်ခံခဲ့သည်ဟု သိရသည်။ (အင်တာနက်)
*** ဂျပန်နိုင်ငံ တောင်ပိုင်း၊ အီရှီဂါကီကျွန်းတွင် `ဆူနာမီ´သတိပေးချက် ထုတ်ပြန်ရပြီ…
ဂျပန်နိုင်ငံ တောင်ပိုင်း၊ အိုကီနာဝါပြည်နယ် အီရှီဂါကီကျွန်း ကမ်းလွန်တွင် သြဂုတ်လ ၁၇-ရက်နေ့ နံနက်(၀၇း၁၁)နာရီက ရစ်ခ်ျတာစကေး(၆.၅)ရှိ အင်အားပြင်း ငလျင်တစ်ခုလှုပ်သွားရာ `ဆူနာမီ သတိပေးချက်များ´ အရေးပေါ်ထုတ်ပြန်ခဲ့ရကြောင်း ဂျပန်နိုင်ငံ မိုးလေ၀သဌာနမှ သတင်းထုတ်ပြန်သည်။ (အင်တာနက်)
*** ကမ္ဘာ့ ရေနံဈေးနှုန်း ဈေးပြန်ကျ…
ကမ္ဘာ့ဈေးကွက်တွင် ရေနံဈေးနှုန်းများ ကျဆင်းလျက်ရှိရာ သြဂုတ်လ ၁၇-ရက်နေ့၌ ရေနံတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၇၀-အထိဈေးပြန်ကျသွားခဲ့ကြောင်း ရေနံရောင်းနိုင်ငံများအဖွဲ့(အိုပက်)က သတင်းထုတ်ပြန်သည်။ (အင်တာနက်)
*** တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် `မိုးကြိုး´ပစ်ခံရမှုကြောင့် လူ ၉-ဦးသေဆုံးခဲ့…
မြန်မာပြည် ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် နယ်နိမိတ်ချင်းထိစပ်နေသော တရုတ်နိုင်ငံ ယူနန်ပြည်နယ် အနောက်တောင်ပိုင်း ကျန်ဇင်းစီရင်စုရှိ ကျေးရွာနှစ်ရွာ၌ သြဂုတ်လ ၁၇-ရက်နေ့က မိုးကြိုးပစ်ချမှုကြောင့် လူ ၉-ဦးသေဆုံးခဲ့ရကြောင်း တရုတ်အရာရှိများက ပြောဆိုကြသည်။ (အင်တာနက်)
*** အာဖဂန် သမ္မတဟောင်း လိုက်ပါလာသော ယာဉ်တန်းအား တာလီဘန်သို့ ချုံခိုတိုက်ခိုက်…

No comments:
Post a Comment