(မွဲခြောက်ဈေးရဲ့ တနင်္ဂနွေ)
``ဟောဒီက ချဉ်ပေါင်ရွက် ၊ ဒညင်းသီး ၊ မုန်လာ ၊ မျှစ် အစုံရမယ်နော်´လို့ သူတို့ လေးတွေ(၀ါ)ကလေးအလုပ်
် သမားတွေဟာ မိမိလုပ်အားနဲ့ တ၀မ်းတခါးအတွက်ဝမ်းစာရှာရရုံမက ညနေ(၀၆း ၀၀)နာရီကျော်ရင်မဲဆောက်
ကနေ မြ၀တီဘက်ကမ်း သူတို့ ပြန်အလာကိုစောင့်မျှော်နေမယ့်မိဘတွေ၊ညီအစ်ကိုမောင်နှ မတွေအတွက်
လည်း သူတို့ ရတဲ့ဝင်ငွေဟာအထောက်အကူကြီးစွာပြုပါသတဲ့..။ တကယ်ဆို(၈၊၉၊၁၀၊၁၁၊၁၂)နှစ်ဆိုတဲ့ အသက်အရွယ်လေး
တွေဟာ စာသင်ခန်းထဲမှာ စာအံ ၊စာသင် နေရမယ့် ကလေးငယ်တွေမဟုတ်ပါလားဗျာ..။အခုတော့ထိုင်း-မြန်မာနယ်စပ် ၊ မဲဆောက်မြို့ ဈေးကြီးရဲ့ အတွင်းဘက်၊အပြင်တန်းနေရာများစွာမှာစာသင်ခန်းထဲမှာရှိရမယ့်၊ ရှိသင့်တဲ့ကလေးတွေလေ....။
``ထိုင်း ဥပဒေမှာ...
ကလေးငယ်အလုပ်သမားဆိုတာဆန်းစစ်ရင်
၁၈နှစ် အောက် မဟုတ်ဘူးဗျ...
၁၅နှစ် ကျော်ရင် ကလေးအလုပ်သမား မဟုတ်လို့ 
ဘီအီး ၂၅၄၁ (၁၉၉၈)အက်ဥပဒေထဲမှာ
ပြဌာန်းထားပါသဗျ...´´
ဈေးသည် ကလေးမလေးတယောက်က ဒီလိုစီကာဆင့်ကာ ကဗျာတပုဒ်လို ရွတ်ချသွားလေရဲ့ ။
``မြ၀တီဘက်က လာပါတယ်
မိဘစုံ လင်ရှိပါတယ်
မိဘတွေက မပြေလည်
ကျနော် ကျမတို့ မှာ ရောင်းရတယ်..
ကျောင်းနေအရွယ် မှန်း သိပါတယ်
အခုအခါဝမ်းစာစာကို ပိုကျက်ရပါတယ်
ဗိုက် ကအော်သံ ပိုကျယ်လောင်ပါတယ်´´
ဟုတ်ကဲ့ ..မဲဆောက်ဈေး အတွင်းတနေရာမှာ ``ငွေလဲသည်´´ဆိုတဲ့ ဆိုင်းဘုတ်ငယ်တွေချိတ်ဆွဲထားတဲ့နေရာအနားမှာ
ခွက်လက်ဆွဲပြီးတောင်းစားနေတဲ့ သူတောင်းစားတွေကလည်း မြန်မာပြည်ဘက်ကလာကြတဲ့ ``ရွှေ့ ပြောင်းသူ တောင်းစား´´တွေပါပဲခင်ဗျ..။ဟုတ်ကဲ့ ... သူတို့ ခမျာကတော့ လူတွေပေးချင်ကမ်းချင်အောင် ကရုဏာလေသံနဲ့ လုပ်အားကိုပေါင်းထည့်ပြီးတောင်းနေကြရရှာတာပါဗျာ..။ကျနော်တို့ တိုင်းပြည်ဘက်က မြ၀တီမြို့ နယ် ဧရိယာကစပြီး မြန်မာပြည်တလျားမှာသူများကပေးချင်မှန်းမသိ၊မပေးချင်မှန်းမသိ ပဲ အရမ်းကာရော တောင်းရမ်းနေ ကြသူတွေ (မပေးရင်လည်းသူတောင်းစားကနေ ဓားပြအသွင်ဆောင်သွားကြပြန်ရောမဟုတ်လား)သတိရလို့ တဆက်တည်းပြောရဦးမယ်။မဲဆောက်အပါအ၀င်တာ့(စ်)ခရိုင် ၆ မြို့ နယ်စလုံးမှာသာမကမဟာချိုင်ဒေသ ၊ဘန်ကောက် ၊ရနောင်း၊ခွန်းကန်၊ဖန်င၊မယ်ယောင်ဆောင်၊ချင်းမိုင်ဒေသ တွေမှာလည်းထိုင်းနိုင်ငံသား သူတောင်း စား တွေ..အရင်ကထက်ပိုမိုများလာကြောင်း သူတို့ တတွေဟာယူနီဖောင်းကိုအကျအန၀တ်ထားကြောင်းမျက်မြင်သိရှိသူတွေက ဖောက်သည်ချကြပါလေရဲ့ ။ဟုတ်ကဲ့..မဲဆောက်ဈေးရဲ့ တနင်္ဂနွေဟာမနက်ပိုင်း(၅ နာရီကနေ၈နာရီအတွင်းတချက်)နဲ့ ပိုင်း(၅နာရီကနေ ည၇နာရီအတွင်း)သိပ်ကိုစည်ကားတာကိုးဗျ..။ဟုတ်တယ်လေ ဗျာ..။တနင်္ဂနွေနေ့ ဆိုတာနိုင်ငံတကာမှာအလုပ်ပိတ်ရက်၊ထိုင်းဥပဒေမှာအလုပ်ပိတ်ရက် ဆိုပေမယ့်၊မြန်မာအ
လုပ်သမားတွေအတွက် အိုတီအချိန်(ညနေ ၅နာရီ ) ကျမှသာ အလုပ်ပိတ်ချိန်ဖြစ်နေတာ ဘယ်လောက်ကြာ ပြီ လဲ။အဲ...ချည်မရှိလို့ ၊ အော်ဒါပါးလို့ ၊ အော်ဒါမလာသေးလို့ ...စသဖြင့်စက်ရုံ၊အလုပ်ရုံ တွေမှာတနင်္ဂနွေနေ့ မဆို ထားနဲ ၊ အဲသလိုဖြစ်တဲ့နေ့ တွေမှာ အလုပ်ကပိတ်ပေးပါရဲ့ ။အဲ..ဒါပေမယ့်အလုပ်ပိတ် ရင်လည်း လုပ်အားခ ပေး ရမယ်ဆိုတဲ့ဥပဒေပါအချက်ကိုတော့ အလုပ်ရှင်တွေဆိုတဲ့ဥပဒေပါအချက်ကိုတော့ အလုပ်ရှင်တွေရဲ့ ဘုတ်အုပ်ထဲမှာ သိမ်းထားတာကြာပါပြီကောလားဗျို။့ ဟုတ်ကဲ့ ... မဲဆောက်ဈေးရဲ့  တနင်္ဂနွေဟာ သာတဲ့အခါ သာပါလိမ့်မယ်..တဲ့။
(ဆက်လက်ဖော်ပြပါမည်။)
ခံစားတင်ပြသူ...သောင်ရင်းနဂါး(မြန်မာပြည်သား)
အပိုင်း(၂)

No comments:
Post a Comment