၅ ဦးစလုံးထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပြီးဒီအမှုကို မဲဆောက်အခြေစိုက်ထိုင်းရှေ့ နေများကောင်စီ ၊ ဥပဒေ အထောက်အကူပြုဌာန(LLC) ရဲ့ တရားဥပဒေ လမ်းကြောင်းအတိုင်းကူညီနိုင်ဖို့ ကိုကော်မူးရာမြို့ နယ်ကရင်လူငယ်အစည်းအရုံး(KYO)ကအစစအကူညီပေးလျက်ရှိပါတယ်။ ၂၀၀၇ ခုနှစ် နိုဝင်ဘာလတုန်းကလည်း ဖုတ်ဖ ရားမြို့ နယ် ၄၄ ကီလိုမီတာကျေးရွာ ၊ ကျွန်းတောဝန်း တနေရာမှာ``ရေခိုးသွယ်လို့´´ဆိုပြီး တော့မြန်မာ စိုက် ပျိုးရေးလုပ်သား မောင်ဖိုးဇော် ဟာလည်း ၉လုံးကျည်နဲ အပစ်သတ်ခံရဖူးပါတယ်။ အခုအမှုမှာ အသတ်ခံရ သူ(----) ဟာပစ္စည်းခိုးတာ၊ ၊အလုပ်ရှင်မကြိုက်အောင် (၀ါ )သတ်ပစ်ချင်လောက်အောင်ကျူးလွန်တာ ဘာရှိ သလဲလို့ သူ့ ရဲ့ ဘ၀တူ၊အလုပ်တူ မြန်မာအလုပ်သမားအချို့ ကိုမြန်မာပြည်သားကမေးမြန်းတဲ့အခါမှာ``အဲဒါတွေ ကိုသူဘာမှ မကျူးလွန်ခဲ့ပါဘူး´´လို့ ပြန်လည်ဖြေကြားကြပါတယ်။ဟုတ်ကဲ့….အခင်းဖြစ်ပွားတဲ့နေရာက ထိုင်း- မြန်မာနယ်စပ်၊မဲဆောက်မြို့ တောင်ဘက်ဖုတ်ဖရားမြို့ နယ် ၄၄ ကီလိုမီတာကျေးရွာအုပ်စု၊ဘန့် ဟတ်ကျေးရွာ သစ်တောဝန်း (ပါမိုက်)တနေရာမှာဖြစ်ပါသတဲ့ဗျာ….။
***သတင်း….မြန်မာပြည်သား***
မုံအလုပ်ရှင် ထံမှာအရင်ကတောင်ယာ/ စိုက်ပျိုးရေးလုပ်ငန်းကို ၁၅ရက်လောက်အလုပ်လုပ်ဖူးတဲ့မြန်မာစိုက်ပျိုး ရေးလုပ်သား(----)ဟာတမြန်နေ့  ညပိုင်း(သြဂုတ်လ-၂၈ရက်နေ့  ညပိုင်း ၈ နာရီလောက်မှာ)မြန်မာတို့ အခေါ် မျှော့ ၊ တရားဝင်အခေါ် ခွန်မုံ လူမျိုးအလုပ်ရှင်နဲ့ အပေါင်းအပါ ၅ ဦးလောက်က နေပြီးတော့ ဓား နဲ့  သတ်ဖြတ်ပြီး မီးရှို့ ၊ အလောင်းဖျောက် ပစ်လိုက်ကြောင်း မြန်မာပြည်သားအဖွဲ့ ကသတင်းရရှိပါတယ်။ အခုဆိုရင် အဲဒီတရားခံ
၅ ဦးစလုံးထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပြီးဒီအမှုကို မဲဆောက်အခြေစိုက်ထိုင်းရှေ့ နေများကောင်စီ ၊ ဥပဒေ အထောက်အကူပြုဌာန(LLC) ရဲ့ တရားဥပဒေ လမ်းကြောင်းအတိုင်းကူညီနိုင်ဖို့ ကိုကော်မူးရာမြို့ နယ်ကရင်လူငယ်အစည်းအရုံး(KYO)ကအစစအကူညီပေးလျက်ရှိပါတယ်။ ၂၀၀၇ ခုနှစ် နိုဝင်ဘာလတုန်းကလည်း ဖုတ်ဖ ရားမြို့ နယ် ၄၄ ကီလိုမီတာကျေးရွာ ၊ ကျွန်းတောဝန်း တနေရာမှာ``ရေခိုးသွယ်လို့´´ဆိုပြီး တော့မြန်မာ စိုက် ပျိုးရေးလုပ်သား မောင်ဖိုးဇော် ဟာလည်း ၉လုံးကျည်နဲ အပစ်သတ်ခံရဖူးပါတယ်။ အခုအမှုမှာ အသတ်ခံရ သူ(----) ဟာပစ္စည်းခိုးတာ၊ ၊အလုပ်ရှင်မကြိုက်အောင် (၀ါ )သတ်ပစ်ချင်လောက်အောင်ကျူးလွန်တာ ဘာရှိ သလဲလို့ သူ့ ရဲ့ ဘ၀တူ၊အလုပ်တူ မြန်မာအလုပ်သမားအချို့ ကိုမြန်မာပြည်သားကမေးမြန်းတဲ့အခါမှာ``အဲဒါတွေ ကိုသူဘာမှ မကျူးလွန်ခဲ့ပါဘူး´´လို့ ပြန်လည်ဖြေကြားကြပါတယ်။ဟုတ်ကဲ့….အခင်းဖြစ်ပွားတဲ့နေရာက ထိုင်း- မြန်မာနယ်စပ်၊မဲဆောက်မြို့ တောင်ဘက်ဖုတ်ဖရားမြို့ နယ် ၄၄ ကီလိုမီတာကျေးရွာအုပ်စု၊ဘန့် ဟတ်ကျေးရွာ သစ်တောဝန်း (ပါမိုက်)တနေရာမှာဖြစ်ပါသတဲ့ဗျာ….။
***သတင်း….မြန်မာပြည်သား***

No comments:
Post a Comment