ဟုတ်ကဲ့ပါ။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တောင်ဘက် (၂၉)ကီလိုမီတာအကွာအဝေးရောက်ပြီဆိုရင်ဖြင့် ဖုတ်ဖရားမြို့နယ်ကို ရောက်ပါပြီ။ တချို့မြန်မာနဲ့ ထိုင်းအဖွဲ့အစည်းတွေဟာ ဘန့်မိုင်ကျေးရွာတောင်ကုန်း(၂၂-ကီလိုမီတာ)လောက်ကို ရောက်ရင် မဲဆောက်မြို့နယ် ဧရိယာဆုံးပြီလို့ ထင်ကြပါတယ်။
တကယ်ဆိုရင် (၂၉-ကီလိုမီတာ)အစပ်နားအထိ တင်ပလ္လင်ခွေ ရုပ်ပွားတော်အစပ်နားမှာပဲ မဲဆောက်နဲ့ ဖုတ်ဖရားမြို့နယ်ကို ပိုင်းဖြတ်ထားတာ ဖြစ်ပါတယ်။ ကားလမ်းဘေးမှာ `ဖုတ်ဖရားမြို့နယ်မှ ကြိုဆိုပါ၏´ `မဲဆောက်မြို့နယ်မှ နှုတ်ခွန်းဆက်သပါ၏´စသဖြင့် မြန်မာပြည်က နယ်မြို့များအတိုင်း ဧရိယာပိုင်းခြားထားပါတယ်။
အခုတင်ပြမယ့်အကြောင်းအရာက (တာလနတ်)ထိုင်းလိုခေါ်တဲ့ နယ်လှည့်ဈေးအကြောင်းဖြစ်ပါတယ်။ ကျနော်တို့ ဖုတ်ဖရားမြို့နယ်၊ ၃၅-ကီလိုမီတာကျေးရွာနဲ့ ဆီခိုထိုင်းကျေးရွာဘက်တွေမှာ အပတ်စဉ် တနင်္လာနေ့ ထိုင်းနယ်လှည့်ဈေးရှိပါတယ်။ (ပုံမှာမြင်ရတဲ့အတိုင်း ပေါ့ဗျာ)။ ဖုတ်ဖရားမြို့နယ်အတွင်းကို ကားနဲ့ဖြတ်သွားတဲ့အခါ မြန်မာပြည်သားအများအပြားကို တစုတဝေးထဲ ခင်ဗျားမြင်ရတဲ့ နေရာတွေထဲမှာ စအိုတိုက်နယ်ခွင်ထဲက ၃၅-ကီလိုမီတာကျေးရွာဟာလည်း တစ်ရွာအပါအ၀င်ပါပဲ။
(ဆက်လက်တင်ပြပါမည်)
ခံစားတင်ပြသူ- ဓူဝံ (ဖုတ်ဖရား)

No comments:
Post a Comment