ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, August 31, 2009

သြဂုတ်လအတွင်း နိုင်ငံတကာ ထူးခြားသတင်းများ…

> *** အစ္စရေး-ပါလက်စတိုင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ စက်တင်ဘာလမကုန်မီပြန်လည် စတင်ရန် မျှော်မှန်း…
(ဂျေရုဆလင်၊ သြဂုတ်လ ၂၇-ရက်)
အစ္စရေးနိုင်ငံနှင့် ပါလက်စတိုင်းနိုင်ငံတို့အကြား တိုက်ရိုက်ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို စက်တင်ဘာလ မကုန်မီ ပြန်လည်စတင်မည်ဟု မျှော်မှန်းထားကြောင်း အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နာတန်ရာဟုက သြဂုတ် လ ၂၃-ရက်နေ့မှာ ပြောကြားသည်။ ပါလက်စတိုင်းတို့နှင့် တိုက်ရိုက်ငြိမ်းချမ်းရေး ဆွေးနွေးပွဲများပြန်လည် စတင် ခြင်းကို အစ္စရေး၊ အမေရိကန်နှင့် အခြားသောနိုင်ငံများက စိတ်ဝင်စားလာကြ၏။

ပါလက်စတိုင်းနှင့် အစ္စရေးဆွေးနွေးပွဲကို စက်တင်ဘာလနှောင်းပိုင်းတွင် ကျင်းပရန် ရှိသော်လည်း အမေရိကန်နှင့် ပါလက်စတိုင်း အာဏာပိုင်တို့အကြား နားလည်မှုရရှိရန် လိုအပ်ကြောင်း၊ အပတ်စဉ်ဝန်ကြီးဆွေးနွေးပွဲ၌ နာတန်ရာဟု၏ ပြောကြားချက်ကို ကိုးကားပြီး ဂျေရုဆလင်ပို့စ် သတင်းစာကဖော်ပြသည်။ ယင်းဆွေးနွေးပွဲပြန်လည် စတင်ရန်အတွက် အနောက်ဘက်ကမ်းနှင့် ဂျေရုဆလင် အရှေ့ဘက်တွင် အစ္စရေးတို့က အိမ်ယာတည်ဆောက်မှုကို လုံးဝရပ်တန့်ထားရန် အမေရိကန်အစိုးရ ဦးဆောင်သော နိုင်ငံတကာ အဖွဲ့သည် လွန်ခဲ့သောလအနည်းငယ်အတွင်းကပင် အစ္စရေးတို့အား တိုက်တွန်းထားသည်။ (ဆင်ဟွာ)

*** အင်္ဂါဂြိုလ်သို့ ပျံသန်းမည့် အာကာသယာဉ်တည်ဆောက်ရေး ရုရှားကဖိတ်ခေါ်…
အင်္ဂါဂြိုလ်သို့ အာကာသခရီးသွားဧည့်သည်များ လိုက်ပါရေးဆိုင်ရာ ညီလာခံတစ်ရပ်ကို ရုရှားနိုင်ငံ မော်စကို မြို့၌ သြဂုတ်လ ၂၇-ရက်နေ့က ကျင်းပခဲ့သည်။ အင်္ဂါဂြိုလ်သို့ ပျံသန်းမည့် အာကာသယာဉ် တည်ဆောက် ရေးအတွက်လည်း နိုင်ငံတကာကုမ္ပဏီများအား ဖိတ်ခေါ်ထားကြောင်း သတင်းထုတ်ပြန်သည်။ (အင်တာနက်)

*** ကိုလံဘီယာနိုင်ငံတွင် အမေရိကန်စစ် အခြေစိုက်စခန်း ထားရှိရေး၊ ဒေသတွင်း နိုင်ငံများက ကန့်ကွက်နေကြ…
တောင်အမေရိကတိုက်၊ ကိုလံဘီယာနိုင်ငံသည် အမေရိကန်စစ် အခြေစိုက်စခန်းထားရှိရေး သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့ရာ ဒေသတွင်းနိုင်ငံများဖြစ်ကြသော (ဥရုဂွေး၊ အီကွေဒေါ၊ အာဂျင်တီးနား၊ ဘရာဇီးနှင့် ဗင်နီဇွဲလား)စသည့် နိုင်ငံများက သြဂုတ်လ ၂၃-ရက်နေ့မှာ ကန့်ကွက်ခဲ့ကြသည်။ (အင်တာနက်)

*** ထိုင်းတောင်ပိုင်း၌ ကားဗုံးပေါက်ကွဲ၊ ၄၂-ဦးဒဏ်ရာရရှိ…
(နာရာသီဝပ်၊ သြဂုတ်လ ၁၇-ရက်)
မငြိမ်မသက်ဖြစ်ပေါ်လျက်ရှိသော ထိုင်းနိုင်ငံတောင်ပိုင်း နာရာသီဝပ် ခရိုင်၌ သြဂုတ်လ ၂၅-ရက်နေ့က စားသောက်ဆိုင်အပြင်ဘက်တွင် ကားဗုံးပေါက်ကွဲမှုကြောင့် လူ ၄၂-ဦးဒဏ်ရာရရှိခဲ့ပြီး အနည်းဆုံး ၄-ဦးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။ ၄င်းပေါက်ကွဲမှု ဖြစ်ပွားရာ နာရာသီဝပ်ခရိုင်သည် အစ္စလာမ်စစ်သွေးကြွ ခွဲထွက်ရေးသမားများ၏ တိုက်ခိုက်မှုကို ၅-နှစ်ကြာ ခံစားနေရသော ခရိုင် ၃-ခုတွင် တစ်ခုအပါအ၀င်ဖြစ်သည်။ (ရိုက်တာ)

*** ကယ်လီဖိုးနီးယား ပြည်နယ်တွင် မီးလောင်မှု ဖြစ်ပွား…
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းတွင် သြဂုတ်လ ၂၇-ရက်နေ့က တောမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်လျက်ရှိကြောင်း တောမီးမှာ စတုရန်းမိုင် (၂.၆)မိုင် အထိ လောင်ကျွမ်းခဲ့ကြောင်း မီးသတ်အရာရှိများက ပြောကြားသည်။ (အင်တာနက်)

*** စီးပွားရေးအကျပ်အတည်းဒဏ်ကို ဥရောပ ခရီးသွားလုပ်ငန်းများခံစားနေရ…
(ပါရီ၊ သြဂုတ်လ ၂၇-ရက်)
ကမ္ဘာတ၀န်း ရင်ဆိုင်နေရသော စီးပွားရေးအကျပ်အတည်းကို ဥရောပါရှိ အောင်မြင်မှုထိပ်တန်းရောက်နေသော ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းများခံနေကြရသည်။ ပါရီမြို့တော်ရှိ ကော်ဖီဆိုင်များအတွင်း၌ လူလွတ်နေသော ခုံများ၊ အီတလီနှင့် စပိန်ကမ်းခြေများတွင်လည်း နေပူစာလှုံရင်း လာရောက်အပန်းဖြေသော ကမ္ဘာလှည့်ခရီးသွားများ ကျိုးတိုးကျဲတဲဖြစ်နေခြင်းက သက်သေခံနေကြောင်း အင်တာနက်သတင်းမှာ ဖော်ပြထားသည်။ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွင် ယခင်က ချန်ပီယံဖြစ်ခဲ့သော ပြင်သစ်နိုင်ငံ၌ ၂၀၀၈-ခုနှစ်က ခရီးသည် (၇၉.၃-သန်း)လာရောက်လည်ပတ်ခဲ့သော်လည်း ယခုအခါ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည် ဦးရေကျဆင်းခဲ့ရပေသည်။ (အင်တာနက်)

*** ချီလီနိုင်ငံ မြောက်ပိုင်း ကမ်းခြေတွင် ပင်လယ်ဖျံ အကောင် (၂၀၀)ကျော် သေဆုံးနေ…
(စင်တီယာဂို၊ သြဂုတ်လ ၂၇-ရက်)
တောင်အမေရိကတိုက်၊ ချီလီနိုင်ငံ မြောက်ပိုင်းပင်လယ်ကမ်းခြေဒေသ (အိုင်ကွီကွီ)အရပ်အနီးတွင် ပင်လယ်ဖျံကြီး မျိုးကောင်ရေ (၂၀၀)ကျော်သေဆုံးနေသည်ကို ရုပ်သံ-၇ နှင့် ရုပ်သံ ၁၃-လိုင်းတို့က ထုတ်လွှင့်ပြသသွားသည်။သေဆုံးနေသော ပင်လယ်ဖျံများအနက် အများအပြားမှာ မိခင်ဖျံမများက စွန့်ပယ်သွားဟန်ရှိသော ပင်လယ်ဖျံငယ်များဖြစ်ကြောင်း၊ ငါးလုပ်ငန်းဌာန၏ ပြောကြားချက်ကို ကိုးကားပြီး သတင်းကဖော်ပြသည်။ ယင်းသို့ဖြစ်ရသည်မှာ အယ်နီညိုသဘာဝဥတု၏ သက်ရောက်မှုဖြစ်နိုင်သည်ဟု ဆိုသည်။ ယခုလအစောပိုင်းတွင် ပီရူးနိုင်ငံ ချင်ပုတ်အရပ်တွင်လည်း ပင်လယ်ဖျံကောင်ရေ (၂၀)သေဆုံးနေသည်ကို တွေ့ရသည်ဟု ဒေသခံသတင်းဌာနများက ဖော်ပြထားသည်။ (အင်တာနက်)

*** လူတုပ်ကွေးကြောင့် သေဆုံးမှု ဘရာဇီးတွင် အမြင့်မားဆုံးဖြစ်…
(ရီယိုဒီဂျနေးဂိုး၊ သြဂုတ်လ ၂၉-ရက်)
တောင်အမေရိကတိုက်၊ ဘရာဇီးနိုင်ငံအတွင်း လူတုပ်ကွေးရောဂါဖြင့်သေဆုံးသူ အရေအတွက်သည် သြဂုတ်လ ၂၆-ရက်နေ့တွင် (၅၈၄)ဦးအထိ ရောက်ရှိလာပြီး ကမ္ဘာပေါ်တွင် အမြင့်မားဆုံး၊ အများဆုံးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူများက ပြောကြားသည်။ လူတုပ်ကွေးရောဖြစ်ကြောင်း အတည်ပြုထားသော လူနာအရေအတွက်သည် (၅၂၁၆)ဦးမှာ တန့်နေပြီး ယခင်နှစ်ပတ်နှင့် နှိုင်းယှဉ်လျှင် လျော့နည်းသွားသည်။ ထိုအချက်က တုပ်ကွေးရောဂါဖြစ်ပွားမှု ကျဆင်းနေဖွယ်ရှိကြောင်း ညွှန်ပြနေခြင်း ဖြစ်နိုင်သည်ဟု ဆိုသည်။ (ဆင်ဟွာ)

*** ကွန်ဂိုနိုင်ငံတွင် ကုန်တင်လေယာဉ် ပျက်ကျ၊ လေယာဉ်ဝန်ထမ်း ၆-ဦးသေဆုံး…
(ကင်ရှာဆာ၊ သြဂုတ်လ ၂၇-ရက်)
အာဖရိကတိုက်၊ ကွန်ဂိုနိုင်ငံ ဘာရာဇာဗီလီမြို့အနီး၌ သြဂုတ်လ ၂၆-ရက်နေ့က ကုန်တင်လေယာဉ် ပျက်ကျခဲ့ရာ လူ ၆-ဦးသေဆုံးခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက သတင်းထုတ်ပြန်သည်။ (အန်တိုနိုင်-၁၂)အမည်ရှိ ကုန်တင်လေယာဉ်မှာ ပွိုင့်နိုရီမြို့မှ ပျံသန်းပြီး ၁-နာရီခန့်အကြာတွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း၊ လေယာဉ်ဝန်ထမ်း၊ ယူကရိန်းနိုင်ငံသား ၅-ဦးနှင့် ကွန်ဂိုနိုင်ငံသား တစ်ဦးတို့ သေဆုံးခဲ့ခြင်းဖြစ်၏။ လေယာဉ်ပျက်ကျသည့်အကြောင်းရင်းကိုမူ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။ (အင်တာနက်) ဘာသာပြန်-စိုးစိုးနိုင်

*** အစ္စရေး-ပါလက်စတိုင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ စက်တင်ဘာလမကုန်မီပြန်လည် စတင်ရန် မျှော်မှန်း…

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)