*** အ၀လွန်မှုကြောင့် ဦးနှောက်ကျန်းမာရေးထိခိုက်နိုင်ဟု ဆို…
အ၀လွန်သူသည် ဦးနှောက်ကျန်းမာရေးကို ထိခိုက်မှုဖြစ်စေကြောင်း၊ အ၀လွန်မှုကြောင့် စိတ်ကစဥ့်ကလျား ရော ဂါ ဖြစ်ပွားနိုင်ကြောင်း ဗြိတိသျှ ဆေးသိပ္ပံပညာရှင်များက ပြောကြားသည်။ ယခင်က သုတေသနပြုချက်များ အရ အ၀လွန်မှုသည် နှလုံးရောဂါ၊ သွေးတိုးရောဂါနှင့် သွေးချို၊ ဆီးချိုရောဂါတို့ကို ဖြစ်ပွားစေနိုင်ကြောင်း သိရှိခဲ့ကြ သည်။
သို့သော်ယခု သုတေသနပြုမှုအရ အ၀လွန်မှုကြောင့် ဦးနှောက်တစ်သျှူးများ သန်မာမှုကို ထိခိုက်စေကြောင်း တွေ့ရှိခဲ့သည်။ သာမန်ကိုယ် အလေးချိန်ရှိသူများနှင့် အ၀လွန်သူများကို နှိုင်းယှဉ်သုတေသနပြုခဲ့ရာ သာမန်ကိုယ်အလေးချိန်ရှိသူများ၊ အ၀လွန်သူများ၏ ဦးနှောက်တစ်သျှူးမှာ ၈-ရာခိုင်နှုန်း ပိုမိုအားပေးကြောင်း တွေ့ရှိရသည်ဟု ၄င်းတို့၏ သုတေသနပြုချက် စာတမ်းမှာ ဖော်ပြထားသည်။ (အင်တာနက်)
*** ဆေးလိပ်သောက်မှုကြောင့် လာမည့်နှစ်အတွင်း လူ ၆-သန်းခန့်သေဆုံးဖွယ်ရှိ…
(၀ါရှင်တန်၊ သြဂုတ်လ ၂၇-ရက်)
ဆေးလိပ်သောက်ခြင်းဖြင့် ကင်ဆာရောဂါ၊ နှလုံးရောဂါနှင့် အခြားသောရောဂါများ ဖြစ်ပွားခြင်းကြောင့် လာမည့်နှစ်တွင် ကမ္ဘာတ၀ှမ်း၌ လူ ၆-သန်းခန့် သေဆုံးဖွယ်ရှိသည်ဟု သြဂုတ်လ ၂၅-ရက်နေ့က ထုတ်ဝေသော ကမ္ဘာ့ ကင်ဆာကျွမ်းကျင်သူများအဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ လေ့လာတွေ့ရှိချက်အရ ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ရောဂါများအား ကုသစရိတ်သည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ (ဘီလီယံ ၅၀၀)ကုန်ကျနိုင်ပြီး ကုန်ထုတ်လုပ်မှုများ ကျဆင်းစေသည့် အပြင် ပတ်ဝန်းကျင်ကိုပါ ဘေးအန္တရာယ်ထိခိုက်ဖြစ်ပွား စေနိုင်သည်ဟု ဆိုသည်။ (ရိုက်တာ)
(Public Health)

No comments:
Post a Comment