၂လုံး ချဲထီလို တွက်ချက်ပြီး
လမ်းလွဲကို လမ်းသလားနေကြတယ် ၊
ခေတ္တ အပျော်အပါးတွေကြားမှာ
ဘော်လုံးပွဲလို ဘေးလောင်းနေကြတယ် ၊
လာဘ်ပေး လာဘ်ယူနဲ့  ဘ၀ကို အလံထူနေကြတယ် ။
**အကျပ်အတည်း ခေတ်ပျက်က တိုက်စား
အူယားဖားယား မွဲတေနေတာတောင်
ရွှေအတုများ ၀တ်ဆင်ပြီး ဟန်ဆောင်ကောင်းတဲ့ မြို့ ပြ
ဘ၀တွေ ကမ်းမမြင် လမ်းမမြင်
ထမ်းစင်ပေါ်က လူနာလို ဖြစ်နေတော့
မိုးမမြင် လေမမြင် ပျော်နိုင်ပါ့မလား ။
**နာကျင် တောက်ခေါက်တာ များလို့ 
လျှာတွေလဲ ပြတ်ထွက်တော့မယ် ၊
ဖိနှိပ် တင်းကြပ်တာ များလို့
ထိန်းမနိုင် သိမ်းမရ သိမ်းကျုံးပေါက်ကွဲတော့မယ် ၊
သောက ဗျာပါဒများနဲ့
လောက လူသားများ ဖောက်ပြားလွန်းတယ် ။
**အချင်းချင်း ပစ်တဲ့မြှားတွေ
ရန်သူက ခုတ်ဆဲ ဓားများနဲ့
ရှည်ရှည်လျားလျား ဘ၀ဒဏ်ရာ ရထား
စနစ်ဟောင်းမှာ
ဘ၀ကို အကြိမ်ကြိမ်ဖြတ်ကြိတ် ခုတ်မောင်းနေတယ် ။
**ဒူးခေါင်း ဆိုတာ ဒူးထောက် အညံ့ခံဖို့ နဲ့
ဒူးနဲ့ မျက်ရည်သုတ်ဖို့မဟုတ် ၊
ကိုယ့်ဒူး ကိုယ်ချွန်ကြရမဲ့ ခေတ် ။
ရွေးချယ် ပိုင်ခွင့်လဲ ဆုံးရှုံးကြီးမား
အကြွေး လည်တိုင်ထိ မွဲ တုံးလုံးနီးပါး
နှာစီးနေတဲ့ ကမ္ဘာကြီးကို အားကိုးရာ ရှာမိလို့
ခါးကျိုးတာလဲ အခါခါရှိသမို့
ငြိမ်းချမ်း စိမ်းလန်းတဲ့ ကိုယ့်အနာဂတ်ကို
ကိုယ့်လက်နှစ်ဖက်နဲ့ကိုယ်ကိုတိုင် ထွန်ယက်စိုက်ပျိုးကြရမယ် ။
**အောင်ခိုင်မြင့်***
**ဘ၀ ဆိုတဲ့ အက္ခရာနှစ်လုံးကို
၂လုံး ချဲထီလို တွက်ချက်ပြီး
လမ်းလွဲကို လမ်းသလားနေကြတယ် ၊
ခေတ္တ အပျော်အပါးတွေကြားမှာ
ဘော်လုံးပွဲလို ဘေးလောင်းနေကြတယ် ၊
လာဘ်ပေး လာဘ်ယူနဲ့  ဘ၀ကို အလံထူနေကြတယ် ။
**အကျပ်အတည်း ခေတ်ပျက်က တိုက်စား
အူယားဖားယား မွဲတေနေတာတောင်
ရွှေအတုများ ၀တ်ဆင်ပြီး ဟန်ဆောင်ကောင်းတဲ့ မြို့ ပြ
ဘ၀တွေ ကမ်းမမြင် လမ်းမမြင်
ထမ်းစင်ပေါ်က လူနာလို ဖြစ်နေတော့
မိုးမမြင် လေမမြင် ပျော်နိုင်ပါ့မလား ။
**နာကျင် တောက်ခေါက်တာ များလို့ 
လျှာတွေလဲ ပြတ်ထွက်တော့မယ် ၊
ဖိနှိပ် တင်းကြပ်တာ များလို့
ထိန်းမနိုင် သိမ်းမရ သိမ်းကျုံးပေါက်ကွဲတော့မယ် ၊
သောက ဗျာပါဒများနဲ့
လောက လူသားများ ဖောက်ပြားလွန်းတယ် ။
**အချင်းချင်း ပစ်တဲ့မြှားတွေ
ရန်သူက ခုတ်ဆဲ ဓားများနဲ့
ရှည်ရှည်လျားလျား ဘ၀ဒဏ်ရာ ရထား
စနစ်ဟောင်းမှာ
ဘ၀ကို အကြိမ်ကြိမ်ဖြတ်ကြိတ် ခုတ်မောင်းနေတယ် ။
**ဒူးခေါင်း ဆိုတာ ဒူးထောက် အညံ့ခံဖို့ နဲ့
ဒူးနဲ့ မျက်ရည်သုတ်ဖို့မဟုတ် ၊
ကိုယ့်ဒူး ကိုယ်ချွန်ကြရမဲ့ ခေတ် ။
ရွေးချယ် ပိုင်ခွင့်လဲ ဆုံးရှုံးကြီးမား
အကြွေး လည်တိုင်ထိ မွဲ တုံးလုံးနီးပါး
နှာစီးနေတဲ့ ကမ္ဘာကြီးကို အားကိုးရာ ရှာမိလို့
ခါးကျိုးတာလဲ အခါခါရှိသမို့
ငြိမ်းချမ်း စိမ်းလန်းတဲ့ ကိုယ့်အနာဂတ်ကို
ကိုယ့်လက်နှစ်ဖက်နဲ့ကိုယ်ကိုတိုင် ထွန်ယက်စိုက်ပျိုးကြရမယ် ။
**အောင်ခိုင်မြင့်***


No comments:
Post a Comment