(ကိုလံဘို၊ သြဂုတ်လ ၂၁-ရက်)
သီရိလင်္ကာနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ စုစုပေါင်း (၂၃၄၁၀)ဦးအထိတိုးလာပြီး ရောဂါဖြစ် ပွားမှုကြောင့် သေဆုံးသူ (၂၃၅)ဦးအထိဖြစ်လာကြောင်း သြဂုတ်လ ၁၈-ရက်နေ့၌ ကျန်းမာရေးဝန်ကြီးဌာန အောက်ရှိ ကူးစက်ရောဂါတိုက်ဖျက်ရေးဌာနက ပြောကြားသည်။ လွန်ခဲ့သော ဇွန်လက ရောဂါဖြစ်ပွားသူ (၇၁၅၀)ဦးရှိရာမှ
လူနာအရေအတွက် အများဆုံး ဖြစ်လာကြောင်း နောက်ဆုံးရရှိသော ကိန်းကဏန်းများအရ ရောဂါတိုက်ဖျက်ရေးဌာနက ထိုသို့ဖော်ပြသည်။ သီရိလင်္ကာနိုင်ငံတွင် ယခုနှစ် သြဂုတ်လအတွင်း (သြဂုတ်လ ၁၈-ရက်နေ့အထိ)သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ စုစုပေါင်း (၁၁၈၅)ဦးအထိ စံချိန်တင်ခဲ့သည်ဟု ဖော်ပြသည်။ (ဆင်ဟွာ)
*** အီတလီနိုင်ငံ မြို့ကြီး ၉-မြို့၌ အပူလှိုင်းသတိပေးချက် ထုတ်ပြန်…
အီတလီနိုင်ငံ မြို့ကြီး ၉-မြို့၌ ယခုသီတင်းပတ်တွင် အပူချိန် (၄၀-ဒီကရီစင်တီဂိတ်နီးပါး)သို့တည်းမဟုတ် ကျော်လွန်လာမည်ဟု ခန့်မှန်းထားသဖြင့် အီတလီမြို့ပြ ကာကွယ်ရေးဌာနက သြဂုတ်လ ၁၇-ရက်နေ့တွင် အပူလှိုင်းကျရောက်မည့် သတိပေးချက်ကို ထုတ်ပြန်ထားသည်။
*** ပနားမားနိုင်ငံတွင် ကိုကင်း ကီလိုဂရမ်(၆၅၀)ကျော် ဖမ်းဆီးရမိ…
ပနားမားနိုင်ငံ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့က ယခုလသီတင်းပတ်ကုန်အတွင် စစ်ဆင်ရေးနှစ်ခု၌ ကိုကင်း ကီလိုဂရမ်(၆၅၀)ကျော် ဖမ်းဆီးရမိကြောင်း သြဂုတ်လ ၁၇-ရက်နေ့တွင် တာဝန်ရှိသူများက ပြောကြားသည်။
*** မိုက်ကယ်လ်ဂျက်ဆင်၏ ဆရာဝန်၊ လူသေမှုနှင့် တရားစွဲဆိုခံရဖွယ်ရှိနေ…
(လော့စ်အိန်ဂျလိစ်၊ သြဂုတ်လ ၂၁-ရက်)
မိုက်ကယ်လ်ဂျက်ဆင်၏ မိသားစု ဆရာဝန်သည် လူသေမှုဖြင့် တရားစွဲဆိုခံရဖွယ်အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း အမေရိကန်သတင်းဌာနများက ဖော်ပြသည်။ ၄င်းဆရာဝန် ဒေါက်တာ ကွန်ရက်ဒ်မာရေး၏ ရုံးခန်းနှင့် အိမ်သို့သွားရောက်၍ ရဲတပ်ဖွဲ့ဝင်များက ၀င်ရောက်ရှာဖွေကြကြောင်း၊ ၄င်းဆရာဝန်သည် ဇွန်လ ၂၅-ရက်နေ့က ကွယ်လွန်သွားခဲ့သော နာမည်ကြီးအဆိုတော် ပေါ့ပ်ဘုရင်မိုက်ကယ်လ်ဂျက်ဆင်သေဆုံးမှုနှင့် ပတ်သက်၍ အမေရိကန်အာဏာပိုင်အဖွဲ့၏ သင်္ကာမကင်းခြင်းခံနေရကြောင်း၊ အဆိုပါ ဆရာဝန်အား နှစ်ပတ်အတွင်းတွင် လူသေမှုဖြင့် တရားစွဲဆိုနိုင်ဖွယ်ရာ ရှိကြောင်း အမေရိကန်နိုင်ငံရှိ ရုပ်မြင်သံကြားဌာနများက ထုတ်လွှင့်သည်။ မိုက်ကယ်လ်ဂျက်ဆင်၏ အရေပြားရောဂါ အထူးကုဆရာဝန် ဒေါက်တာ အာနိုးကလိန်းက ဆေးဝါးနှင့် ပတ်သက်၍ မသမာမှုကိုလည်း ယင်းအမှုနှင့် ဆက်နွယ်၍ စွဲဆိုနိုင်ကြောင်း ပြောကြားချက်ကို ကိုးကားပြီး ရဲတပ်ဖွဲ့မှလာသော သတင်းမှာ ဖော်ပြထားသည်။ (အင်တာနက်) ဘာသာပြန်-စိုးစိုးနိုင်
*** သီရိလင်္ကာတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ (၂၃၄၁၀)ဦး အထိတိုးလာပြီ…

No comments:
Post a Comment