`မောင်ပင်ပန်းလာပြီလား ရေအရင်စားမလား၊ ထမင်းအရင်ချိုးမလားဟင်´တဲ့…။
ကိုငှက်ကျားကတချက်မော့ကြည့်လိုက်ပြီး ...
`မင်းကလဲ ပြောလိုက်မှဖြင့် ပြောင်းပြန်အလွန်လုပ်တဲ့ မိန်းမဘဲ…။ ´
`အိုး… မောင်ကလဲ ပြောင်းပြန်လုပ်ဆို၊ ချောတို့က ကင်းမြီးကေကာက်မျိုးလေ မောင်ရဲ့၊ စကော်ပီယံ/ စကော်ပီယံ၊ ကဲ… မောင်သိပလား ဟင်း… ဟင်း´..
ဆိုလာတော့ ကိုငှက်ကျား စိတ်ဆိုးရခက်၊ မဆိုးရခက်…။ချောက ဆက်ပြောပြန်တယ်။
`မောင်… မောင့်ကို ပြောရအုံးမယ်၊ မောင်စိတ်မဆိုးရဘူးသိလား…။´
`ပြောပါ ဘာတုန်း…´
`ဟိုလေ မောင်ရဲ့ အိမ်မှာလေ ခုပိုက်ဆံပြတ်သွားပြီ အဲဒါမောင့်ကိုပြောမလို့ သိလား…´
ဒီတခါတော့ ကိုငှက်ကျား မျက်နှာအမူအရာပြောင်းသွားပါပြီ…။
``ဟေ… ဘယ်လိုဖြစ်တာတုန်းကွ။ ခုမှ ၂၁-ရက်ဘဲရှိသေး လကုန်ဘို့ တစ်ပါတ်တောင်လိုသေးတယ်။ မင်းဘာ တွေသုံးဖြစ်တာလဲကဲ… ပြောစမ်းပါအုံး…။´´
ဒီတခါတော့ ချောကလဲ မျက်နှာတင်းတင်းပါဘဲ။
`မောင်… ချောကို အပြစ်ဖို့မနေနဲ့။ မောင်ပေးတဲ့ ပိုက်ဆံကို ချောအတွက်ဘာမှ မ၀ယ်ဘူးသိလား။ မောင့်အတွက် ချည့်ဝယ်ရတာဘဲ…။´
ကိုငှက်ကျား ဒီစကားကြားလိုက်ချိန်မှာတော့ အတော်ဒေါသဖြစ် မျက်နှာအမူအရာလည်း ပိုတင်းသွားပါတယ်။ `ဘာ ပြောတယ်ချော- ငါ့အတွက်ဘာတွေများ ၀ယ်ရလို့လဲ မင်း… ကွာ…။´
ဒီလိုဆိုပြန်တော့ ချောကလေသံလေးပြန်လျှော့ပါတယ်။
`မောင်… နားထောင် ချောပြောပြမယ်။ ၀ယ်ရတာတွေက လေဟော သနပ်ခါးမှုန့်အကောင်းစားတစ်ဗူး၊ ပေါင်ဒါဗူးကြီး၊ ရေမွှေး၊ မိတ်ကပ်၊ နူတ်ခမ်းနီ၊ လက်သဲဆိုးဆေး၊ ဗရိုမီနာ…´
`တော်… တော်...ချော…။ တော်တော့ ဒါတွေဟာ ငါနဲ့ဘာဆိုင်လို့ ငါ့ဘို့ ၀ယ်တယ်ဖြစ်သွားတာတုန်း…။´
ချောကလဲ မလျှော့ပါ ပညာသားပါပါ ပြန်ပြောပါတယ်။
`မောင်ရယ်- စဉ်းစားကြည့်ပါ။ မောင်ဟာ- ပညာတတ်ရုံးစာရေးကြီးတယောက်ပါ။ ချောဝယ်ရတဲ့ ဒီအလှအပပစ္စည်းတွေဟာ မောင်ဘို့ မဟုတ်လို့ ဘယ်သူ့ဘို့ဖြစ်ရမှာတုန်း မောင်ရဲ့… ကဲ-ပြောပါအုံး…။´
ကိုငှက်ကျား- စဉ်းစားပါတယ်။ လေးလေးနက်နက် စဉ်းစားပါတယ်။ ချော- ၀ယ်ရတဲ့ ပစ္စည်းတွေဟာ မောင့်ဘို့… မောင့်ဘို့…. မောင်ဘို့…။ သြော်လက်စသပ်တော့ ဒီလို… ကိုး…။
မဟာဇော် (မကွေး)
စာရေးကြီး `ကိုငှက်ကျား´ တစ်ယောက် ညနေရုံးဆင်းလို့ အိမ်ပြန်ရောက်၊ အိမ်ရှေ့ခန်း ပက်လက်ကုလားထိုင်မှာ ခြေပစ်လက်ပစ်ထိုင်ပြီး ဖွားဘက်တော် ဆေးပေါ့လိပ်တိုလေးဖွာနေတုန်း ဇနီးသည် `ညိုချော´က အခန်းထဲက ထွက်လာ ခပ်ညုညုလေသံလေးနဲ့ပြောလိုက်တာက ....
`မောင်ပင်ပန်းလာပြီလား ရေအရင်စားမလား၊ ထမင်းအရင်ချိုးမလားဟင်´တဲ့…။
ကိုငှက်ကျားကတချက်မော့ကြည့်လိုက်ပြီး ...
`မင်းကလဲ ပြောလိုက်မှဖြင့် ပြောင်းပြန်အလွန်လုပ်တဲ့ မိန်းမဘဲ…။ ´
`အိုး… မောင်ကလဲ ပြောင်းပြန်လုပ်ဆို၊ ချောတို့က ကင်းမြီးကေကာက်မျိုးလေ မောင်ရဲ့၊ စကော်ပီယံ/ စကော်ပီယံ၊ ကဲ… မောင်သိပလား ဟင်း… ဟင်း´..
ဆိုလာတော့ ကိုငှက်ကျား စိတ်ဆိုးရခက်၊ မဆိုးရခက်…။ချောက ဆက်ပြောပြန်တယ်။
`မောင်… မောင့်ကို ပြောရအုံးမယ်၊ မောင်စိတ်မဆိုးရဘူးသိလား…။´
`ပြောပါ ဘာတုန်း…´
`ဟိုလေ မောင်ရဲ့ အိမ်မှာလေ ခုပိုက်ဆံပြတ်သွားပြီ အဲဒါမောင့်ကိုပြောမလို့ သိလား…´
ဒီတခါတော့ ကိုငှက်ကျား မျက်နှာအမူအရာပြောင်းသွားပါပြီ…။
``ဟေ… ဘယ်လိုဖြစ်တာတုန်းကွ။ ခုမှ ၂၁-ရက်ဘဲရှိသေး လကုန်ဘို့ တစ်ပါတ်တောင်လိုသေးတယ်။ မင်းဘာ တွေသုံးဖြစ်တာလဲကဲ… ပြောစမ်းပါအုံး…။´´
ဒီတခါတော့ ချောကလဲ မျက်နှာတင်းတင်းပါဘဲ။
`မောင်… ချောကို အပြစ်ဖို့မနေနဲ့။ မောင်ပေးတဲ့ ပိုက်ဆံကို ချောအတွက်ဘာမှ မ၀ယ်ဘူးသိလား။ မောင့်အတွက် ချည့်ဝယ်ရတာဘဲ…။´
ကိုငှက်ကျား ဒီစကားကြားလိုက်ချိန်မှာတော့ အတော်ဒေါသဖြစ် မျက်နှာအမူအရာလည်း ပိုတင်းသွားပါတယ်။ `ဘာ ပြောတယ်ချော- ငါ့အတွက်ဘာတွေများ ၀ယ်ရလို့လဲ မင်း… ကွာ…။´
ဒီလိုဆိုပြန်တော့ ချောကလေသံလေးပြန်လျှော့ပါတယ်။
`မောင်… နားထောင် ချောပြောပြမယ်။ ၀ယ်ရတာတွေက လေဟော သနပ်ခါးမှုန့်အကောင်းစားတစ်ဗူး၊ ပေါင်ဒါဗူးကြီး၊ ရေမွှေး၊ မိတ်ကပ်၊ နူတ်ခမ်းနီ၊ လက်သဲဆိုးဆေး၊ ဗရိုမီနာ…´
`တော်… တော်...ချော…။ တော်တော့ ဒါတွေဟာ ငါနဲ့ဘာဆိုင်လို့ ငါ့ဘို့ ၀ယ်တယ်ဖြစ်သွားတာတုန်း…။´
ချောကလဲ မလျှော့ပါ ပညာသားပါပါ ပြန်ပြောပါတယ်။
`မောင်ရယ်- စဉ်းစားကြည့်ပါ။ မောင်ဟာ- ပညာတတ်ရုံးစာရေးကြီးတယောက်ပါ။ ချောဝယ်ရတဲ့ ဒီအလှအပပစ္စည်းတွေဟာ မောင်ဘို့ မဟုတ်လို့ ဘယ်သူ့ဘို့ဖြစ်ရမှာတုန်း မောင်ရဲ့… ကဲ-ပြောပါအုံး…။´
ကိုငှက်ကျား- စဉ်းစားပါတယ်။ လေးလေးနက်နက် စဉ်းစားပါတယ်။ ချော- ၀ယ်ရတဲ့ ပစ္စည်းတွေဟာ မောင့်ဘို့… မောင့်ဘို့…. မောင်ဘို့…။ သြော်လက်စသပ်တော့ ဒီလို… ကိုး…။
မဟာဇော် (မကွေး)


No comments:
Post a Comment