*** ကျန်းမာရေးနှင့် ညီညွတ်သော အစာကိုစားပြီး လေ့ကျင့်ခန်းလုပ်လျှင် အယ်လ်ဇိုင်းမားရောဂါဖြစ်မှုလျော့ပါး…
(ပေကျင်း၊ သြဂုတ်လ ၁၅-ရက်)
ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာကိုစားပြီး ကိုယ်လက်လေ့ကျင့်ခန်းကို တိုးပြီးလုပ်ဆောင်လျှင် အသက်အရွယ်ထောက်လာသောအခါ စိတ်ဓါတ်ကျဆင်းမှုကို လျော့ပါးသွားစေသည်ဟု ဖော်ပြထားသည့် သုတေသနတစ်ခုမှာ
သြဂုတ်လ ၁၃-ရက်နေ့ နေ့စွဲထုတ်စာစောင်၌ ဖော်ပြသည်။ ပထမ သုတေသနပြုလေ့လာရာတွင် နယူးယောက်မြို့ရှိ အသက်ကြီးပိုင်း (၁၈၈၀)ဦးကို ကိုလံဘီယာတက္ကသိုလ်ဆေးပညာဌာနမှ အယ်လ်ဇိုင်းမားရောဂါ သက်ကြီးပိုင်းဦးနှောက် ဥာဏ်သုတေသနအဖွဲ့က ကာလရှည်လေ့လာစောင့်ကြည့်ကာ သုတေသနပြုခဲ့ကြသည်။ သစ်သီး၊ ဟင်းသီး ဟင်းရွက်၊ ပဲအမျိုးမျိုးနှင့် ကျန်းမာရေးနှင့် ညီညွတ်သော အဆီဓါတ်တို့ပါရှိသော အစာကို အဓိကထားပြီးစားသုံးကာ ကိုယ်လက်ကျန်းမာရေး လုပ်ဆောင်လျှင် အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ဖွယ် အခြေအနေမှာ လျော့နည်းသွားသည့်အချက်ကို လေ့လာတွေ့ရှိခဲ့သည်။ (ဆင်ဟွာ)
**(Public Health)**

No comments:
Post a Comment