ဖြစ်ရပ်-၂။ ။ `ဝေဖန်ပိုင်းခြား စဉ်းစားရေးအတွက် စာရေးခြင်းနှင့် စာဖတ်ခြင်း Reading and Writing for Critical Thinking (RWCT) သင်တန်းတရပ်ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ စီဒီစီ-ကျောင်းတွင် ယနေ့စတင်ကျင်းပမည်ဖြစ်ကြောင်း၊ သင်တန်းအချိန်ကာလမှာ နာရီ ၆၀ (၁၀)ရက်ကြာမြင့်မည်ဖြစ်ကြောင်း၊ ထိုင်း-မြန်မာနယ်စပ်
မဲဆောက်၊ ဖုတ်ဖရား၊ မယ်ရမတ် စသည့် နယ်စပ်မြို့ ၃-မြို့မှ မြန်မာရွှေ့ပြောင်းအလုပ်သမားတို့၏ ရင်သွေးများအတွက် ရည်ရွယ်လျက် ဖွင့်လှစ်ထားသော မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ဆရာများတက်ရောက်ကြမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသားများ ဆရာအတတ် ပညာသင်တန်း (TTBT)မှ သင်တန်းပို့ချမည်ဖြစ်ကြောင်း သိရသည်။
(သြဂုတ်လ ၁၆-ရက် ၂၀၀၉) အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်နှင့် မြန်မာပြည်တွင် ထောင်ဒဏ် ၇-နှစ်ချမှတ်ခံရပြီးမှ ပြည်နှင်ဒဏ်ပေးခံရသူ ဂျွန်ဝီလီယံယက်တောတို့သည် မြန်မာနိုင်ငံ ခရီးစဉ်နှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ယနေ့သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။ (BBC)
(သြဂုတ်လ ၁၄-ရက် ၂၀၀၉) ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့တွင် ယခုရက်ပိုင်းအတွင်း၌ စစ်ဆေးမှုများ ယခင်ကထက် ပိုလုပ်နေကြောင်း မြို့ခံများက ပြောဆိုသည်။ ယခုလ ၁၀-ရက်နေ့မှစ၍ ရယက၊ ရဲ၊ ဒီကေဘီအေ၊ စရဖနှင့် စစ်တပ်တို့သည် မြ၀တီမြို့ လမ်းမများပေါ်တွင် လုံခြုံရေးတင်းကြပ်စွာ ချထားပြီး လူနေအိမ်များကိုလည်း ညအိပ်ချိန်များ၌ ဧည့်စာရင်းဝင်ရောက်စစ်ဆေးခြင်းများ ပြုလုပ်နေကြောင်း သိရသည်။ (မဇ္ဈိမ)
(သြဂုတ်လ ၁၄-ရက် ၂၀၀၉) ထိုင်း-မြန်မာနယ်စပ် တာ့(ခ်)ခရိုင် ထဆောင်ယန်းမြို့နယ်အတွင်းရှိ မြန်မာပြည်သား ဒုက္ခသည်(၆၀၀၀၀)ခန့်နေထိုင်းသော မဲလဒုက္ခသည်စခန်းအတွင်း ထိုင်းအာဏာပိုင်အဖွဲ့စုံမှ ရှောင်တခင်ဝင်ရောက်စစ်ဆေးမှုများကို သြဂုတ်လ ၁၃-ရက်နေ့က ဆောင်ရွက်သွားကြောင်း သတင်းရရှိသည်။ ထိုင်းစစ်တပ်၊ မြို့ပိုင်အစောင့်တပ်ဖွဲ့၊ နယ်ခြားစောင့်တပ်နှင့် အခြားအာဏာပိုင်(ထောက်လှမ်းရေး)များပါဝင်လျက် နံနက် (၄း၀၀)နာရီကျော်မှ စပြီး လက်နက်များ၊ ဒုက္ခသည်လက်မှတ်မရှိသူများ၊ မူးယစ်ဆေးဝါးများကို ရှာဖွေခဲ့ကြကြောင်း သိရသည်။
(သြဂုတ်လ ၁၂-ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ မပြီးဆုံးသေးသော တော်လှန်ရေးတိုက်ပွဲအတွက် မိမိကိုယ်ကို အာဇာနည်ဟု သဘောထားကာ တိုက်ပွဲဝင်သွားကြရန် ၅၉-နှစ်မြောက် ကရင့်အာဇာနည်နေ့(ယနေ့)တွင် ကေအဲန်ယူ ခေါင်းဆောင် ပဒိုစောသမိန်ထွန်းက တိုက်တွန်း ပြောဆိုလိုက်သည်။ (ကေအိုင်စီ)
ဖြစ်ရပ်-၂။ ။ လာမည့် သြဂုတ်လ ၃၀-ရက်နေ့တွင် ကျရောက်သော မြန်မာပြည်သားအဖွဲ့(၀ါ)မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ၏ ၅-နှစ်မြောက်ဖြတ်သန်းခြင်းအမှတ်တရနှင့် မြန်မာပြည်သားစာစောင်၏ ၄-နှစ်မြောက် တည်ဆောက်ခြင်းအခမ်းအနားကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အခြေစိုက် မြန်မာပြည်သားရုံး၌ ကျင်းပသည်။ အဆိုပါ အခမ်းအနားတွင် ထိုင်း-မြန်မာနယ်စပ် ဒေသ(မဲဆောက်၊ ဖုတ်ဖရား၊ မယ်ရမတ်)စသည့် ၃-မြို့နယ်မှ မြန်မာအလုပ်သမားများနှင့် မြန်မာအလုပ်သမားအခွင့်အရေးနှင့် ထိုင်းအလုပ်သမားဥပဒေရေးရာအဖွဲ့အစည်းအချို့မှ တာဝန်ရှိသူများအပြင် ကျောင်းသားတပ်မတော်(ခေါ်) မကဒတ အဖွဲ့မှ ဥက္ကဌ-ရဲဘော် သံခဲနှင့် ဗဟိုကော်မတီဝင်အချို့တို့ပါ ချစ်ကြည်ရင်းနှီးစွာ တက်ရောက်လာသည်ကို တွေ့ရသည်။ ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)မှ တာဝန်ရှိသူတစ်ဦးဖြစ်သော ပဒိုစောသမိန်ထွန်းကလည်း မြန်မာပြည်သားအချင်းချင်း သွေးစည်းညီညွတ်ကြရန်နှင့် အခက်အခဲများကို စုပေါင်းဖြေရှင်းကြရန် တိုက်တွန်း ပြောဆိုသွားသည်။
(သြဂုတ်လ ၁၇-ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ ထိုင်းနိုင်ငံ ပတ္တရားမြို့တွင် ၄၃-ကြိမ်မြောက် အာရှကာယဗလမောင် ပြိုင်ပွဲကို ပြီးခဲ့သော သြဂုတ်လ ၁၁-ရက်နေ့မှ ယနေ့ သြဂုတ်လ ၁၇-ရက်နေ့အထိ အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။ ဤပြိုင်ပွဲတွင် မြန်မာအားကစားသမား ၃-ဦးလည်းပါဝင်းယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ဖြစ်ရပ်-၂။ ။ `ဝေဖန်ပိုင်းခြား စဉ်းစားရေးအတွက် စာရေးခြင်းနှင့် စာဖတ်ခြင်း Reading and Writing for Critical Thinking (RWCT) သင်တန်းတရပ်ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ စီဒီစီ-ကျောင်းတွင် ယနေ့စတင်ကျင်းပမည်ဖြစ်ကြောင်း၊ သင်တန်းအချိန်ကာလမှာ နာရီ ၆၀ (၁၀)ရက်ကြာမြင့်မည်ဖြစ်ကြောင်း၊ ထိုင်း-မြန်မာနယ်စပ်
မဲဆောက်၊ ဖုတ်ဖရား၊ မယ်ရမတ် စသည့် နယ်စပ်မြို့ ၃-မြို့မှ မြန်မာရွှေ့ပြောင်းအလုပ်သမားတို့၏ ရင်သွေးများအတွက် ရည်ရွယ်လျက် ဖွင့်လှစ်ထားသော မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ဆရာများတက်ရောက်ကြမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသားများ ဆရာအတတ် ပညာသင်တန်း (TTBT)မှ သင်တန်းပို့ချမည်ဖြစ်ကြောင်း သိရသည်။
(သြဂုတ်လ ၁၆-ရက် ၂၀၀၉) အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်နှင့် မြန်မာပြည်တွင် ထောင်ဒဏ် ၇-နှစ်ချမှတ်ခံရပြီးမှ ပြည်နှင်ဒဏ်ပေးခံရသူ ဂျွန်ဝီလီယံယက်တောတို့သည် မြန်မာနိုင်ငံ ခရီးစဉ်နှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ယနေ့သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။ (BBC)
(သြဂုတ်လ ၁၄-ရက် ၂၀၀၉) ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့တွင် ယခုရက်ပိုင်းအတွင်း၌ စစ်ဆေးမှုများ ယခင်ကထက် ပိုလုပ်နေကြောင်း မြို့ခံများက ပြောဆိုသည်။ ယခုလ ၁၀-ရက်နေ့မှစ၍ ရယက၊ ရဲ၊ ဒီကေဘီအေ၊ စရဖနှင့် စစ်တပ်တို့သည် မြ၀တီမြို့ လမ်းမများပေါ်တွင် လုံခြုံရေးတင်းကြပ်စွာ ချထားပြီး လူနေအိမ်များကိုလည်း ညအိပ်ချိန်များ၌ ဧည့်စာရင်းဝင်ရောက်စစ်ဆေးခြင်းများ ပြုလုပ်နေကြောင်း သိရသည်။ (မဇ္ဈိမ)
(သြဂုတ်လ ၁၄-ရက် ၂၀၀၉) ထိုင်း-မြန်မာနယ်စပ် တာ့(ခ်)ခရိုင် ထဆောင်ယန်းမြို့နယ်အတွင်းရှိ မြန်မာပြည်သား ဒုက္ခသည်(၆၀၀၀၀)ခန့်နေထိုင်းသော မဲလဒုက္ခသည်စခန်းအတွင်း ထိုင်းအာဏာပိုင်အဖွဲ့စုံမှ ရှောင်တခင်ဝင်ရောက်စစ်ဆေးမှုများကို သြဂုတ်လ ၁၃-ရက်နေ့က ဆောင်ရွက်သွားကြောင်း သတင်းရရှိသည်။ ထိုင်းစစ်တပ်၊ မြို့ပိုင်အစောင့်တပ်ဖွဲ့၊ နယ်ခြားစောင့်တပ်နှင့် အခြားအာဏာပိုင်(ထောက်လှမ်းရေး)များပါဝင်လျက် နံနက် (၄း၀၀)နာရီကျော်မှ စပြီး လက်နက်များ၊ ဒုက္ခသည်လက်မှတ်မရှိသူများ၊ မူးယစ်ဆေးဝါးများကို ရှာဖွေခဲ့ကြကြောင်း သိရသည်။
(သြဂုတ်လ ၁၂-ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ မပြီးဆုံးသေးသော တော်လှန်ရေးတိုက်ပွဲအတွက် မိမိကိုယ်ကို အာဇာနည်ဟု သဘောထားကာ တိုက်ပွဲဝင်သွားကြရန် ၅၉-နှစ်မြောက် ကရင့်အာဇာနည်နေ့(ယနေ့)တွင် ကေအဲန်ယူ ခေါင်းဆောင် ပဒိုစောသမိန်ထွန်းက တိုက်တွန်း ပြောဆိုလိုက်သည်။ (ကေအိုင်စီ)
ဖြစ်ရပ်-၂။ ။ လာမည့် သြဂုတ်လ ၃၀-ရက်နေ့တွင် ကျရောက်သော မြန်မာပြည်သားအဖွဲ့(၀ါ)မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ၏ ၅-နှစ်မြောက်ဖြတ်သန်းခြင်းအမှတ်တရနှင့် မြန်မာပြည်သားစာစောင်၏ ၄-နှစ်မြောက် တည်ဆောက်ခြင်းအခမ်းအနားကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အခြေစိုက် မြန်မာပြည်သားရုံး၌ ကျင်းပသည်။ အဆိုပါ အခမ်းအနားတွင် ထိုင်း-မြန်မာနယ်စပ် ဒေသ(မဲဆောက်၊ ဖုတ်ဖရား၊ မယ်ရမတ်)စသည့် ၃-မြို့နယ်မှ မြန်မာအလုပ်သမားများနှင့် မြန်မာအလုပ်သမားအခွင့်အရေးနှင့် ထိုင်းအလုပ်သမားဥပဒေရေးရာအဖွဲ့အစည်းအချို့မှ တာဝန်ရှိသူများအပြင် ကျောင်းသားတပ်မတော်(ခေါ်) မကဒတ အဖွဲ့မှ ဥက္ကဌ-ရဲဘော် သံခဲနှင့် ဗဟိုကော်မတီဝင်အချို့တို့ပါ ချစ်ကြည်ရင်းနှီးစွာ တက်ရောက်လာသည်ကို တွေ့ရသည်။ ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)မှ တာဝန်ရှိသူတစ်ဦးဖြစ်သော ပဒိုစောသမိန်ထွန်းကလည်း မြန်မာပြည်သားအချင်းချင်း သွေးစည်းညီညွတ်ကြရန်နှင့် အခက်အခဲများကို စုပေါင်းဖြေရှင်းကြရန် တိုက်တွန်း ပြောဆိုသွားသည်။


No comments:
Post a Comment