ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, August 17, 2009

လိပ်နဲ့ ကြမ်းပိုးကို ဘယ်သူက အပြိုင် ပက်လက်လှန်နိုင်မလဲ… (အပိုင်း-၁)

>
*** (`အ´ အက္ခရာဆီ ချီတက်ကြမယ်၊ ဖိတ်စာရရင်လိုက်ခဲ့ကြ)
`အ´ကိုသွားမယ်လိုက်ကြမလား…

ဟိုက်ရှာလပတ်ရည်…။ ဟိုက်… လိမ္မော်ရည်…။ ဟိုက်… အမ်-၁၅၀ ရည်…။ ဟိုက်… ကျွဲရိုင်းတံဆိပ်ရည်။ ဒို့များရဲ့ မနုဿ- တာဝတိံသာ နယ်စပ်တရိုးမှာ ထမီခိုးနေတဲ့(အဲလေ) ကိုရွှေ ကိုမျိုးအပေါင်း သူတော်ကောင်းတို့ကို ပိုကာဒေါင်းစေခြင်းအလို့ငှါ (အဲ-ဟုတ်ပေါင်) `အ´အက္ခရာရှိတဲ့ နိုင်ငံဆီကို အခမဲ့ ခေါ်ဆောင်သွားမယ်ဆိုတဲ့အကြောင်း ရဲလေးဘော်ကနေ ဖိတ်စာတွေ ပို့ဝေလိုက်ပါတယ်။ အီးမေးလ်တွေ ပို့လွှတ်လိုက်ပါတယ်။
ဖိတ်စာကိစ္စ၊ `အ´ကိုသွားမယ့်ကိစ္စက ဒီလိုဗျ…။ တခါသားမှာ မနုဿ- တာဝတိံသာနယ်စပ် တနေရာက

ကဗျာရေးသူနဲ့ သရော်စာရေးသူ- ကျော်သက်ထွေးရယ်၊ သရော်စာရေးသူ- မြားကြီးရယ်၊ သရော်စာရေးသူ- ခန့်အောင်ရယ်၊ အတို့အထိနဲ့ ကလိတတ်သူ- ဂုရုဆန်ရယ်၊ လေးယောက်ပေါင်းပြီး လောင်းကျော်ကြဖို့ သင်္ချိုင်းမှာ အလောင်းသွားရှာ (အဲ-ဟုတ်ပေါင်) `အ´အက္ခရာ ပါရှိတဲ့ နိုင်ငံတစ်ခုခုမှာ `ဘတ်ငွေ´(ဘုံးငွေ၊ ဖြောင်ငွေ၊ ကစ်ငွေ) ဘတ်ငွေတွေ တို့ဆီမှာ ထားစရာမရှိအောင် သိပ်များနေပြီကွာ။ နအဖရဲ့ နိုင်ငံတော် ဘတ်ဂျက်နဲ့ နင်လား ငါလား ပြိုင်နိုင်လောက်အောင် ငါတို့မှာ ဘတ်ငွေတွေများနေတာမို့ အယားပြေအနေနဲ့ တစ်ခုခုအထူးအစည်းအဝေး ခေါ်ကြရင်မကောင်းဘူးလားလို့ တိုင်ပင်ဖြစ်ကြတယ်ပေါ့။ အဲသလို တိုင်ပင်ပြီးတဲ့အခါမှာ နွားမရေးရာနဲ့ နွားထီးရေးရာ ကျွမ်းကျင်သူတွေ၊ နယ်စပ်တလျှောက် လက်ပြ ခြေပြ (ဗေဒါဂိုဏ်းသားများကဲ့သို့ လက်ကိုရှေ့ထုတ်၍ အန်ဂျီအို နှင့် ဒိုနာတို့ရှေ့မှာ ၀ူရှူးလက်ကွက် လေ့ကျင့်နေကြသူတွေ) စသဖြင့် နီးစပ်ရာ လက်လှမ်းမီရာမှန်သမျှကို စိတ်ဆန္ဒနဲ့ ဖိတ်မန္တကပြုလိုက်တယ်ခင်ဗျ…။ အဲဒီလို အငတ်ပေါင်းစု အသီးသီး၊ အပြတ်ပေါင်းစု အသီးသီးဟာ အဲဒီ ၄-ယောက်ပေါင်း ၉-ဖွဲ့(ဟုတ်ကဲ့… သူတို့တစ်ဦးချင်းစီက တစ်ဖွဲ့စီ၊ ဂုရုဆန် + ကျော်သက်ထွေးက တစ်ဖွဲ့၊ မြားကြီး + ခန့်အောင်က တစ်ဖွဲ့၊ အဲဒါပြီးတော့ ဂုရုဆန်က မြားကြီး + ခန့်အောင်အဖွဲ့က သူကြိုက်တဲ့ လက်ဖက်ရည် ခေါ်တိုက်ရင် တိုက်တုန်းခဏမှာ သူတို့နှစ်ယောက်နဲ့ ပေါင်းမိပြီး အငတ်ပေါင်းစုတစ်ဖွဲ့ ထပ်ထောင်တယ်လေ။ ဒါတင်ပဲလားဆိုတော့ ကျော်သက်ထွေးကလည်း မြားကြီး + ခန့်အောင် တို့က သူပုံမှန် မှီဝဲနေကျ အဘိုင်ဝယ်ပေးတဲ့ ဘီယာချမ်းလေး၊ ထုံထောင်းယူနိုက်တက်ဒေသဖြစ် တောလေးကလွဲရင် ဂျော်နီလမ်းလျှောက်တို့၊ ဘလက်လေဘယ်လ်တို့၊ ကပ္ပလီလေဘယ်လ်တို့၊ ခေါ်တောကုလား လေဘယ်လ်တို့ ခေါ်တိုက်တုန်းအခိုက်မှာ နောက်ထပ် အငတ်ပေါင်းစု တစ်ဖွဲ့ ပေါ်ပေါက်လာပါလေရောဗျို့…။
အဲသလိုနဲ့ ဖိတ်ကြားစာ လက်ခံရရှိသူတွေဟာ (ကျော်- မြား- ဆန်- ခန့်) တို့အငတ်ပေါင်းစုရဲ့ ဖိတ်ခေါ်ရာ၊ ဖိတ်ကြားရာ၊ ဖိတ်မန္တကပြုရာ နေရာဒေသဟာ (ဘာမှန်းတိတိကျကျ ဖေါ်မပြထားတဲ့) `အ´ကိုသွားမယ်လိုက်ကြမလား၊ အောက်ပါဖုန်းနံပါတ်အတိုင်း၊ အီးမေးလ်အတိုင်း ဆက်သွယ်နိုင်ပါသည်ဆိုတာလောက်နဲ့ သရိုး သရီ ဖြစ်ပြီး ဟိုဟာကြား ပုရွက်ဆိတ်ဝင်သလို ခုန်ဆွ ခုန်ဆွ ဖြစ်ကြရတာပေါ့ဗျာ…။
နယ်စပ်က ရိုးရိုးလူထု လူတန်းစားတွေကြားမှာ၊ ရွှေ့ပြောင်းအလုပ်သမားတွေကြားမှာ ဘာမှန်းတိတိကျကျ မသိရပဲ ဖိတ်ကြားထားတဲ့ `အ´ ဆိုတာ (အ၀ီစိ)ပဲဖြစ်မယ်လို့ မှန်းဆ ပြောနေကြတာလည်း မရှိမဟုတ် ရှိပါရဲ့။ ဒါပေမယ့် ဟုတ်ဟုတ်ညားညား လောက်လောက် လားလား ဖိတ်ကြားခံရတဲ့ အငတ်ပေါင်းစုဝင်တွေ၊ အပြတ်ပေါင်းစုဝင်တွေ၊ ကြပ်ပေါင်းစုဝင်တွေ (ကြပ်ပြေးနေပြည်တော် စစ်အုပ်စုရဲ့ လမ်းပြမြေပုံသုံးဂျိုင်းကင်း ဆီကို (အဲလေ)လမ်းပြမြေပုံအတိုင်း၊ ဘ၀ပြန်မလာဇါတ်ကားအတိုင်း ရောယောင်ပြီး တိမ်းညွှတ်ထောက်ခံသူတွေ၊ နယ်စပ်မှာ ပရိုပိုဇယ် စောရ၊ ဘတ်ဂျက်စောရအဖြစ် ခွင်မိနေသူတွေ) စသည် စသည်တို့ဟာ ခေါင်းနပန်းကြီးအောင် စဉ်းစားကြပါသတဲ့။ `ဘာလဲဟ… အ´ … `အ´ဆိုတာ ဘာလဲကွ…။ `အ´ဆိုတာ အ အကြီးလား၊ စကားမပြောတတ်သူလား၊ တေမိလက်သစ်လား၊ တစ်ခုခုတော့ တစ်ခုခုပဲလို့ မိမိတို့ နားလည်သလို၊ သုံးသပ်မိသလို ဝေဖန်စဉ်းစားလာကြသတဲ့။ တချို့က အငတ်ပေါင်းစုဝင် ၄-ဦးရဲ့ ၀ါသနာပါရာ၊ ကျွမ်းကျင်နာလည်ရာကို အခြေခံပြီး စဉ်းစားကြတာရှိပါတယ်။ ရဲလေးဘော်ဂိုဏ်း(၀ါ) ၄-ဦးဂိုဏ်းမှာ `ကျော်´ဆိုတဲ့ ကျော်သက်ထွေးက မယက-ကွ။ အဲဒီတော့ `အ´ဆိုတာ `အစ္စရေး´ပဲ ဖြစ်မှာကျိန်းသေတယ်ဟေ့…။ ဘာဖြစ်လို့လဲဆိုတော့ အစ္စရေးနိုင်ငံမှာ တတိယမြောက် ၀န်ကြီးချုပ်က မစ္စက် ဂိုဒါမီယာ ဆိုတဲ့ အမျိုးသမီးခေါင်းဆောင်ဖြစ်လေတော့ မယက-ကျော်သက်ထွေးနဲ့ အစ္စရေးဟာ အဆက်အစပ်ရှိနိုင်တယ်။ ဒီကြားထဲ သူတို့ အိမ်ကြီးဘေးမှာ အစ္စရေးကို ၀န်းရံထားတဲ့ လူတွေလို ပါလက်စတိုင်းတွေ၊ ဟားမတ်စ်တွေ၊ ဆီးရီးယားတွေ၊ လက်ဘနွန်က ဟစ်ဇ်ဘိုလာတွေက ခဲမလောက်မြို့က ထုံထောင်းယူနိုက်တက်အသင်းတည်ရှိရာ နေရာကိုးကွ…´
နောက်ထပ် အငတ်ပေါင်းစုဝင်တစ်ဦးကလည်း `အ… ဆိုတာ အိန္ဒိယဖြစ်နိုင်တယ်ကွ။ ဘာဖြစ်လို့လည်းဆိုတော့ အိန္ဒိယပြည်နယ်တွေက ဗုဒ္ဓ၀င်မှာ ပါတဲ့ဒေသတွေဆိုတော့ ၄-ဦး ဂိုဏ်းဝင် ဂုရုဆန်က အလွန်စိတ်ဝင်စားနိုင်တယ်ကွ…´ အခြားတဦးကလည်း `ဒီလိုပြောကြကြေးဆိုရင် အခု ကြက်ဝိုင်း(အဲလေ) ကြိတ်ဝိုင်းလုပ်သွားတဲ့ အင်ဒိုနီးရှားကောမဖြစ်နိုင်ဘူးလား၊ ဂုရုဆန်က ပထ၀ီကို စိတ်ဝင်စားလွန်းလို့ မြေပုံတွေ လုပ်ရောင်းဖို့ကြိုးစားနေတာ ခင်ဗျားတို့လည်း အသိပဲလေ´ အခြား ဖိတ်စာရရှိထားသူတစ်ဦးကလည်း၊ `အရှေ့တီမောလည်း ဖြစ်နိုင်တာပါပဲဗျ။ ဟိုဆေးရာမို့စ်ကိုတာတို့၊ ဇာနားနားတို့လို အရှေ့တီမောလွတ်လပ်ရေးကြိုးပမ်းခဲ့သူတွေကို ဒီ လေးယောက်ပေါင်း-(ဘူးသီးငါးပေါင်းကြော် အုပ်စုက အားကျနိုင်တယ်ကွ…´
နယ်စပ်မှာ ဖလက်ပြလှုပ်ရှားသူ တစ်ဦးကလည်း `ဟေ့လူတွေ… မြားကြီးကိုလည်း ထည့်တွက်ဖို့သတိမမေ့နဲ့အုံးနော်၊ သူက မနူဿ-တိုင်းပြည်မှာ နာမည်ကြီး စာရေးဆရာ အယ်ဒီတာ လုပ်ခဲ့သူ ဖြစ်ပြီး ဒီနယ်စပ်မှာလည်း အဲဒီနှစ်လုပ်အပြင် ဘလော့ဂါ ထိပ်သီးတစ်ဦးဆိုတော့ အကြီးကြီးတွေ၊ ထိပ်သီးတွေ၊ စူပါ-ပါဝါတွေ စိတ်ဝင်စားနိုင်တယ်ကွ။ ဒါကြောင့် `အ´ဆိုတာ `အမေရိကန်´ ပိုပြီး ဖြစ်နိုင်ခြေများသွားပြီနော်…´
နောက်တစ်ဦးကလည်း သူ့အမြင်ကို အခုလို တင်ပြလာပါတယ်။ `အာ… ခင်ဗျားတို့က တရုတ်ပြည်က မဒမ်ချန်ချင်းတို့ လေးဦးဂိုဏ်းကို စဉ်းစားသလိုမျိုး လျှောက်စဉ်းစားနေတာကိုးဗျ။ `အ´ဆိုတာ ကျုပ်အထင်တော့ ခန့်အောင်နဲ့ ဆိုင်တယ်။ ခန့်အောင်က ဒီဇိုင်းတွေ၊ ပန်းချီတွေကို တော်တော်စိတ်ဝင်စားတာဗျ။ ကောက်ရိုးပန်းချီထက် ပိုမိုပြီး လူစိတ်ဝင်စားအောင် `မြက်ပန်းချီ´ဆိုတဲ့ အနူပညာသစ် ဖော်ထုတ်ဖို့ မြက်တွေချည်း လိုက်ရိတ်နေတာ ဘယ်သူမှတ်သလဲ၊ ဒါ့အပြင် ဒီဇိုင်းသစ်(၀ါ) ပို့စ်မော်ဒန်ဒီဇိုင်း ဖြစ်အောင် တီကောင်တွေကို လိုက်စုပြီး ကြက်တွေ၊ ဘဲတွေ၊ ငါးတွေကို ကျွေးကြည့်တယ်။ အဲဒီ သတ္တ၀ါသုံးကောင်က တီကောင်ကို အားရပါးရစားနေတာကို ကြည့်ပြီး ပို့စ်မော်ဒန် ဒီဇိုင်းရအောင် ခန့်အောင်က တီထွင်သတဲ့ကွ။ (ဘာပုံ၊ ဘာဒီဇိုင်းထွက်လာတယ်မှတ်သလဲ၊ `တီကောင်ကို ဆားနဲ့ ပက်ကြည့်ခြင်းဖြင့် ရရှိတဲ့ ဒီဇိုင်းအသစ်´ပါတဲ့ဗျို့…)
ဟုတ်ကဲ့ပါ…။ အဲဒီလို `အ´အက္ခရာ ဖိတ်ကြားစာလက်ခံရရှိသူ အထောင်အသောင်းတို့ဟာ မနူဿ-တာဝတိံသာနယ်စပ်မှာသာမက နတ်ပြည်ခြောက်ထပ်၊ မူလီပြည်ခုနှစ်ထပ်နှင့် ၀က်အူလှည့်တံပြည်ရှစ်ထပ် (အာ… ရောကုန်ပါပြီဗျို့)နတ်ပြည်ခြောက်ထပ်မှာသာမက ဗြဟ္မာပြည်မှာရှိတဲ့ ဗုဒ္ဓမြတ်စွာဘုရားရှင်တို့ခေတ်က `ဗကဗြဟ္မာ´ (ငါသာမြဲတယ်လို့ စိတ်မှာစွဲပြီး ဘုရားကို ကန့်လန့်ရော၊ ကိုလတ်ရော၊ သန့်ဇင်ပါတိုက်ခဲ့သူ)၊ `အာသီဗြဟ္မာ´(သင်္ကြန္တ ကူးပြောင်းခြင်းမင်္ဂလာနှင့် ဗြဟ္မာကြီးဦးခေါင်းပုံပြင်) စတဲ့ ပုဂ္ဂိုလ်တွေရော၊ အသူရာပြည်က သခွတ်ပန်းပွင့်ချိန်ရောက်တိုင်း သမက်တော် သကြားမင်း နို့ဆီမင်း နို့မှုန့်မင်း (မယ်လမင်းဓါတ်ပါ တရားအားထုတ်သော တိုင်းပြည်က နို့မှုန့်)စတာတွေမကျန် အားလုံးကို အတိအကျ ခေါ်ယူလိုက်တဲ့ အဲဒီနေ့ရောက်လာပါပြီ။ ကဲ.. ကဲ… ပရိသတ်တို့၊ ဓါးပြမိတ်ဆွေအပေါင်းတို့၊ အချိန်တန်တော့ နွားပိန်ရော၊ နွားဝရော၊ နွားကတ်ရော၊ `အ´ဆိုတာ ဘာလဲသိချင်နေကြတာကို အဲဒီနေ့မှာ ၄-ဦးဂိုဏ်းက အဖြေပေးလိုက်ပါပြီ။ အဖြေကဒီလိုပါ။ ဖိတ်စာရသူအားလုံးကို မြန်မာပြည်သို့ ပြန်လည်ပို့ဆောင်ကာ မြစ်ဝကျွန်းပေါ်ဒေသမှာ `နာဂစ်မုန်တိုင်း´ထပ်ပြီးအတိုက်ခံကြ (အဲလေ) `အင်္ဂပူ´မြို့နယ်ဆီသွားပြီး `ခေတ္တခဏ-ဆန်တာကလော့စ် ဆိုသူ´ ကို တွေ့အောင်ရှာရန်နဲ့ တွေ့ရှိပါက နီးစပ်ရာ လက်ဖက်ရည်ဆိုင်က ပါဆယ်ဆွဲလို့ဖြစ်စေ၊ ကိုယ်တိုင်ခေါ်လို့ဖြစ်စေ၊ လက်ဖက်ရည်တိုက်ကြရန် ဖြစ်ပါတယ်တမုံ့….။

***မိတ်ဆွေရင်းများကို ကျီစယ်ပြီး လူထုကိုဒုက္ခပေးနေသူများကို နာနာတီးလိုသော ရည်ရွယ်ချက်ဖြင့်…
(ဆက်လက်ဖော်ပြပါမည်)
***ဆန်တာကလော့စ်(ခေတ္တ-အင်္ဂပူ)***

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)