နားနှစ်ဘက်လုံး ပတ်တီးစည်း၍ လေ့ကျင့်ရေးကွင်းသို့ရောက်လာသော မန်ယူအသင်းမှ ကစားဖော် သူငယ်ချင်းအား နာနီက အဖြစ်အပျက်ကိုမေးမြန်းသည်။
`ဟေ့ကောင်… မင်းနားရွက်တွေက ဘာဖြစ်တာလဲကွ´
`မပြောချင်တော့ပါဘူးကွာ။ တစ်နေ့က အိမ်မှာမိန်းမက မီးပူတိုက်နေရင်း အိမ်အပြင်ထွက်သွားတာ မီးပူကို
ဖုန်းအနားမှာချထားခဲ့တယ်လေ။ အဲဒီအချိန်မှာ ဖုန်းလာတော့ ငါက ဖုန်းနဲ့ မီးပူကို မှားပြီး ကောက်ကိုင်လိုက်မိတယ်ကွ´
`ဟ… ဒါဆိုရင် နောက်နားတစ်ဘက်ကရော ဘယ်လိုဖြစ်တာလဲကွ´
`အဲဒီခွေးမသားက ငါ့မိန်းမဆီကို တယ်လီဖုန်းထပ်ဆက်တာကိုး ကွ´
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ>>>
ဘာသာပြန်- အိတ်တင်း
***(ရွှင်ပြုံ:တခဏ-ဘောလုံးဟာသ)**

No comments:
Post a Comment